တိုင်ကြားစာနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

SHIELD Apr 10, 2026 1 views 3 min read
Share:
ယခင်သတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ ဖွဲ့စည်းခြင်း ကြေညာချက်
နောက်ထပ်သတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့၏ သဘောထားထုတ်ပြန်ချက်

ရှိ/ Shield အမျိုးသမီးအဖွဲ့ထုတ်ပြန်သည့် ရက်စွဲ : ၂၀၂၅ ခုနစ်၊ မတ်လ ၂ ရက်စုံစမ်းဖော်ထုတ်မှု အမှတ်စဉ် : ၀၀၀၄/၂၀၂၅ဖြစ်ရပ်အကြောင်းအရာရှိ/ Shield အမျိုးသမီးအဖွဲ့သို့ Social Media ပေါ်တွင် လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်သော အမြင်မသင့်လျှော်သည့် ဓာတ်ပုံများ၊ ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားဖော်ပြချက်များ၊ ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း တိုင်ကြားချက်တစ်ခုကို ၂၀၂၅ ခုနစ်၊ မတ်လ ၁ ရက်နေ့ မွန်းလွဲ (14:07:02) အချိန်ခန့်က လက်ခံရရှိခဲ့ပါသည်။ တိုင်ကြားချက်တွင် အဆိုပါ အမှုအတွက်မဲဆောက်ရဲစခန်း၌ (ကျူးလွန်သူဘက်မှ ထပ်မံမပြုလုပ်ပါဟု) ခံဝန်ကတိ လက်မှတ်ရေးထိုးပြီးသော်လည်း ဆက်လက်၍ နှောင့်ယှက်မှုများကြုံတွေ့နေရသောကြောင့် ရှိ/Shield အနေဖြင့် ဝိုင်းဝန်း ကူညီရပ်တည်ပေးပါရန်တင်ပြလာခြင်းဖြစ်ပါသည်။ဤထုတ်ပြန်ချက်သည် ယင်း စုံစမ်းဖော်ထုတ်မှု၏ ရလဒ်များကို ရှင်းလင်းစွာ ဖော်ပြရန် ရည်ရွယ်ပါသည်။ ရှိ/Shield အဖြစ် တိုင်တန်းလာသူများ၏ နစ်နာမှုများကို အခြေအနေပေါ်မူတည် စုံစမ်းကူညီမှုများကို လုပ်ဆောင်ပေးနေပြီဖြစ်သည့်အတွက် မိမိတို့၏ အမှန်တရားအတွက် ဝိုင်းဝန်းအဖြေရှာပေးရန် အကူအညီလိုအပ်သူများကို ဖေးမကူညီရန် အသင့်ရှိနေပါသည်။တိုင်တန်းလိုသူများအနေဖြင့် အောက်ပါလင့်တွင် ဝင်ရောက်စာရင်းတင်သွင်းတိုင်ကြားနိုင်ပါသည်။

ယခုနေရာမှ တိုင်ကြားရန်

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။