"နှစ်သစ်ကူး အားလပ်ရက်နှင့် ဆုမွန်ကောင်းတောင်းခြင်း"

SHIELD Apr 11, 2026 6 views 4 min read
Share:
ယခင်သတင်း
🎊✨ နှစ်သစ်ကူး မင်္ဂလာပါ ✨🎊
"နှစ်သစ်ကူး အားလပ်ရက်နှင့် ဆုမွန်ကောင်းတောင်းခြင်း"နွေဦးရဲ့ နေရောင်ခြည်အောက်မှာ ပိတောက်ပန်းတွေ ဝေဝေဆာဆာနဲ့ နှစ်သစ်ကို ကြိုဆိုနေကြပါပြီ။အေးမြတဲ့ အတာရေစင်တွေ စီးဆင်းလာတဲ့ ဒီအချိန်ခါသမယမှာ ကျွန်မတို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းများ၊ မိဘပြည်သူများနှင့်အတူ အမျိုးသမီးများ၊ ဂျဲန်ဒါမတူကွဲပြားသူများ၊ လူမျိုးစုအသီးသီးမှ ညီအစ်ကိုမောင်နှမများအားလုံး နှစ်ဟောင်းက အပူအပင်တွေကို အတာရေနဲ့ ဆေးကြောသန့်စင်ပြီး အေးမြကြည်လင်တဲ့ နှလုံးသားကိုယ်စီနဲ့ နှစ်သစ်သို့ ခြေလှမ်းသစ် လှမ်းနိုင်ကြပါစေကြောင်း ရှိ/Shield အမျိုးသမီးအဖွဲ့ က ဆုမွန်ကောင်းတောင်းအပ်ပါတယ်။နှစ်ဟောင်းက စိန်ခေါ်မှုတွေကို ခွန်အားအဖြစ် ပြောင်းလဲပြီး မျှော်လင့်ချက်ပန်းတိုင်တွေဆီသို့ စိတ်ဓာတ်သစ်၊ အားမာန်သစ်တွေနဲ့ လှမ်းတက်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ "အမျိုးသမီးတိုင်း လုံခြုံပြီး လူနည်းစုတိုင်း တန်းတူညီမျှခွင့်ရတဲ့၊ မတူကွဲပြားမှုတွေကြားမှာ တရားမျှတမှုတွေ ဝေဆာနေမယ့် လူမှုအသိုင်းအဝိုင်းသစ်တစ်ခုကို ကျွန်မတို့ အတူတကွ ပုံဖော်ကြပါစို့။"ခေတ္တအနားယူခြင်းနှင့် ပတ်သက်၍ အသိပေးခြင်းရှိ/Shield အမျိုးသမီးအဖွဲ့ မှ စေတနာ့ဝန်ထမ်းများသည် နှစ်သစ်တွင် ခွန်အားသစ်များဖြင့် ဝန်ဆောင်မှုများ ပြန်လည်ပေးအပ်နိုင်ရန်အတွက် ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့မှ (၁၉) ရက်နေ့အထိ ခေတ္တအနားယူကြမှာ ဖြစ်ပါတယ်။ထိုကာလအတွင်း ကျွန်မတို့ရဲ့ Case & Documentation Management Team သည် အရေးပေါ်ကိစ္စရပ်များမှအပ ပုံမှန်လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်မှာ မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ ထို့ကြောင့် အဆိုပါကာလအတွင်း ဆက်သွယ်ဆောင်ရွက်ရာမှာ နားလည်ခွင့်ပြုပေးပါရန်နဲ့ သက်ဆိုင်ရာရက်များကို ကြိုတင်မှတ်သားထားပေးပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံအပ်ပါတယ်။အားလုံးပဲ အတာရေအေးနဲ့ အေးမြလန်းဆန်းကြပါစေရှင်။ချစ်ခင်လေးစားစွာဖြင့်၊ ရှိ/Shield အမျိုးသမီးအဖွဲ့ (Shield Women Organization)

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။