ဒေါ်ဝါဝါဝင်း (ခ) Grace သိစေရန် ထုတ်ပြန်ချက်

SHIELD Apr 10, 2026 10 views 4 min read
Share:
ယခင်သတင်း
JIMMY's Artiverse သိစေရန် ထုတ်ပြန်ချက်
နောက်ထပ်သတင်း
Shield Women Organization (၁) နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်
ဒေါ်ဝါဝါဝင်း (ခ) Grace သိစေရန် ထုတ်ပြန်ချက်ဒေါ်ဝါဝါဝင်း (ခ) Grace သည် (၈) ရက် နိုဝင်ဘာလ ၂၀၂၅ ခုနှစ်တွင် ကျွန်ုပ်တို့ ရှိ/ Shield Women Organization သို့ "စိတ်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှု” ခေါင်းစဉ်ဖြင့် တိုင်ကြားမှုပြုလုပ်ခဲ့ပါသည်။တိုင်ကြားချက် အမှုအမှတ်စဉ်အတိုင်း ရှိ / Shield Women Organization (SWO)- Case and Documentation အဖွဲ့သည် တိုင်ကြားသူနှင့် တိုင်ကြားခံရသူ ကြား ညှိနှိုင်းအဖြေရှာခြင်းများကို Zoom Meeting Platform မှတဆင့် ၄ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ပါသည်။ မှတ်တမ်းတင်ခြင်းများ လုပ်ဆောင်သည့် အချိန်တိုင်းတွင် ရှိ / Shield Women Organization (SWO) ၏ မူဝါဒအတိုင်း ချမှတ်ထားသည့် စောင့်ထိန်းရမည့် စည်းကမ်းများကို အပြန်အလှန်သဘောတူညီမှုများ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း နှစ်ဖက် မျက်နှာစုံညီ ဖြေရှင်းကြသည့် Meeting တွင် တိုင်ကြားသူ ဒေါ်ဝါဝါဝင်း (ခ) Grace သည် ရှိ / Shield Women Organization (SWO) က ချမှတ်ထားသည့် အချက်အလက်လျှို့ဝှက်ထားရှိမှု ဆိုင်ရာ မူဝါဒအား လိုက်နာမှုမရှိဘဲ ကျင့်ဝတ်မဲ့သည့် အပြုအမူအား လုပ်ဆောင်၍ အဖွဲ့အစည်းအပေါ် လေးစားမှုကင်းမဲ့သည့် အပြုအမူကို ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ရှိ / Shield Women Organization (SWO) ဘက်က တာဝန်ယူဖိတ်ကြားထားသော တိုင်ကြားခံရသူ၏ အချက်အလက်လျှို့ဝှက်ထားရှိမှုဆိုင်ရာအခြေအနေအား တပြိုင်တည်း ကျူးလွန်ချိုးဖောက်ခဲ့သည့်အပြင် Meeting နှင့် မသက်ဆိုင်သူများ၏ ဝင်ရောက်နှောက်ယှက်မှုကို ကြုံတွေ့ခဲ့ရပါသည်။သို့ဖြစ်ပါ၍ ရှိ / Shield Women Organization (SWO) အနေဖြင့် ယခုကဲ့သို့ အဖွဲ့၏ ချမှတ်ထားသော တိုင်ကြားသူနှင့် တိုင်ကြားခံရသူများ လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်သည့် အပြုအမူလုပ်ဆောင်ခဲ့ခြင်းအပေါ် (လုံးဝ) ရှုံ့ချပါသည်။ ထို့ကြောင့် ဒေါ်ဝါဝါဝင်း (ခ) Grace အနေဖြင့် ကျွန်ုပ်တို့ အဖွဲ့အစည်းသို့ Volunteer အဖြစ် လျှောက်ထားခဲ့မှုအား စိစစ်ဆဲအခြေအနေမှ ရာသက်ပန်ပယ်ဖျက်ကြောင်းနှင့် ရှိ / Shield Women Organization (SWO) တွင် အကူညီတောင်းခံတိုင်ကြားထားသော အမှုအားဆက်လက်တာဝန်ယူဆောင်ရွက်သွားခြင်း မပြုလုပ်တော့ကြောင်း နောက်နောင်တွင် ဒေါ်ဝါဝါဝင်း (ခ) Grace နှင့် သက်ဆိုင်သည့် မည့်သည့်အကြောင်းအရာကိုမှ ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ပေးတော့မည် မဟုတ်ကြောင်း အတည်ပြုထုတ်ပြန်အပ်ပါသည်။ထိပ်ထားဥက္ကဌ/ Founderရှိ/Shield Women Organization

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။