ရှိ/ Shield အမျိုးသမီးအဖွဲ့ ဖွဲ့စည်းခြင်း ကြေညာချက်

SHIELD Apr 10, 2026 1 views 16 min read
Share:
ယခင်သတင်း
ရှိ/Shield အဖွဲ့အကြောင်းမိတ်ဆက်ခြင်းနှင့် အဖွဲ့ဝင်များအား ဖိတ်ခေါ်ခြင်း
နောက်ထပ်သတင်း
တိုင်ကြားစာနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်
ရှိ/ Shield အမျိုးသမီးအဖွဲ့ ဖွဲ့စည်းခြင်း ကြေညာချက်၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရှိ/ Shield အမျိုးသမီးအဖွဲ့ ကို တရားဝင် ဖွဲ့ စည်းကြောင်း ကြေညာအပ်ပါသည်။ ဤအဖွဲ့ သည် အမျိုးသမီးများ၏ အခွင့်အရေးများကို ကာကွယ်ပေးရန်၊ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများတွင် အမျိုးသမီးများ ပါဝင်နိုင်ရန်နှင့် လုံခြုံစိတ်ချရသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့ စည်းတည်ထောင်ခြင်း ဖြစ်ပါသည်။ ရှိ/Shield အမျိုးသမီးအဖွဲ့ သည် အမျိုးသမီးများ၏ ဘဝအရည်အသွေးမြင့်မားရေး၊ ဘေးကင်းလုံခြုံရေးနှင့် လူမှုအသိုင်းအဝိုင်းတွင် ပိုမိုတက်ကြွစွာ ပါဝင်လာစေရန် ရည်ရွယ်ပါသည်။ ဤကြေညာချက်သည် ကျွန်ုပ်တို့၏ စတင်ခြင်းနှင့် ရည်မှန်းချက်များကို ပြည်သူများအား အသိပေးခြင်းဖြစ်ပါသည်။ရှိ/ Shield ၏ အနာဂတ်မျှော်ရည်ချက်ရှိ/ Shield သည် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အမျိုးသမီးကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သူများအားလုံး မိမိတို့၏ လူ့အခွင့်အရေးကို အပြည့်အဝ ကျင့်သုံးနိုင်ပြီး၊ လွတ်လပ်မှုနှင့် စွမ်းအားမြှင့်တင်မှုကို တွေ့ကြုံခံစားရကာ၊ အသားအရောင်၊ လူမျိုး၊ လိင်စိတ်တိမ်းညွတ်မှု၊ လူမှုစီးပွားအဆင့်အတန်း၊ အသက်အရွယ်နှင့် ဘာသာရေး ဝိသေသလက္ခဏာများ အပါအဝင် တစ်ခုထက်ပိုထိစပ်နေသည့် အခြားမည်သည့်ဝိသေသလက္ခဏာများနှင့်မဆို သက်ဆိုင်မှုမရှိစေဘဲ ကျားမအခြေပြု ခွဲခြားဆက်ဆံမှုနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှု ပုံစံအားလုံးမှ ကင်းလွတ်စွာ နေထိုင်နိုင်သော အနာဂတ်ကို မျှော်မှန်းပါသည်။ ရှိ/ Shield ၏ လုပ်ငန်းတာဝန်အဖွဲ့အစည်းသည် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် နှစ်သိမ့်အကြံပေးဆွေးနွေးပေးခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများအား မှတ်တမ်းတင်ခြင်း၊ ဥပဒေရေးရာ ပံ့ပိုးမှုနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများ ထောက်ပံ့ပေးအပ်လုပ်ဆောင်ခြင်းဖြင့် လွတ်မြောက်လာသူများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် နှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ပါသည်။ တချိန်တည်းမှာပင် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အမျိုးသမီးကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သူများအားလုံးအတွက် လုံခြုံပြီး ထောက်ခံပံ့ပိုးသော ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်စေရန် မူဝါဒရေးရာနှင့် လက်တွေ့အလေ့အထများပြောင်းလဲရန် စည်းရုံးလှုံ့ဆော်မှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ရှိ/ Shield ၏ စံတန်ဖိုးရှိ/ Shield အဖွဲ့အစည်းသည် လူ့အခွင့်အရေးကို မြှင့်တင်ခြင်း၊ ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ခြင်း၊ တန်းတူညီမျှမှုကို မြှင့်တင်ခြင်း၊ ကျားမရေးရာမတူကွဲပြားသည့် အတွေ့အကြုံများအပေါ် လက်ခံသိမြင်မှုအား မြှင့်တင်ခြင်း၊ လူ့အဖွဲ့အစည်းနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ခြင်း၊ စာနာမှုနှင့် မေတ္တာတရားဖြင့် ဆောင်ရွက်ခြင်း၊ တရားမျှတမှုပုံစံအားလုံးအတွက် အတူတကွရပ်တည်ခြင်း စသည့် စံတန်ဖိုးတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသော အဖွဲ့အစည်းဖြစ်ပါသည်။ရှိ/ Shield ၏ ရည်ရွယ်ချက်၁။ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုကို တွေ့ကြုံခံစားနေရပြီး အရေးပေါ်အကူညီလိုအပ်နေသည့် အမျိုးသမီးများ၊ မိန်းကလေးများနှင့် အမျိုးသမီးကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သောသူများအတွက် လုံခြုံပြီး လက်လှမ်းမှီသော နေရာတစ်ခုကို ထောက်ပံ့ပေးနိုင်သည့် ရေရှည်တည်တံ့ခိုင်မြဲသော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း ယန္တရားတစ်ခု တည်ထောင်ရန်။ ၂။ သက်သေခိုင်မာသော လေ့လာဆန်းစစ်သုံးသပ်ချက်များနှင့် စည်းရုံးလှုံ့ဆော်မှုများ ပိုမိုအားကောင်းလာစေမည့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုဖြစ်ရပ်များအား စာရင်းကောက်ယူစုဆောင်းရန်။ [ကျူးလွန်ခံရသူများမှ သဘောမတူလျှင် အမည်နှင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသတ်မှတ်နိုင်မည့် အချက်အလက်များကို အများပြည်သူသို့ မှတ်တမ်းတင်ချပြခြင်းမရှိဘဲ ကောက်ယူသွားမည် ဖြစ်သည်။] ၃။ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှု ကျူးလွန်ခံရသူများ ပြန်လည်ထူထောင်လာစေရေးနှင့် ၄င်းတို့၏ ဘဝအား ၄င်းတို့ကိုယ်တိုင် ပြန်လည်ထိန်းချုပ်စီမံခန့်ခွဲနိုင်စေရေးအတွက် ထောက်ပံ့ဆောင်ရွက်ခြင်းဖြင့် ကျူးလွန်ခံရသူများအား စွမ်းအားမြှင့်တင်ရန်။ ၄။ တရားမျှတမှုအား လက်လှမ်းမှီစေရေးကို အာမခံကာ၊ ကျုးလွန်သူများကို တာဝန်ခံစေပြီး၊ နောက်ထပ် အကြမ်းဖက်မခံရအောင် ကာကွယ်ပေးနိုင်မည့် ဥပဒေအထောက်အပံ့များ ပေးအပ်ဆောင်ရွက်သွားရန်။ ၅။ ကျားမအခြေပြု မညီမျှမှုနှင့် ကျူးလွန်သူများ ပြစ်ဒဏ်ခံရခြင်းမှ လွတ်မြောက်နေသည့် သံသရာကို အဆုံးသတ်ရန် မြန်မာနိုင်ငံ၏ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုဆိုင်ရာ ဥပဒေမူဘောင်များကို ဘက်စုံပြုပြင်ပြောင်းလဲရာတွင် အထောက်အကူပြုစေရန်။ရှိ/Shield အဖွဲ့သည် လူမှုအသိုင်းအဝိုင်း၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရန် ကတိကဝတ်ပြုထားပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းများကို အားပေးကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ရှိ/Shield အဖွဲ့အတူတကွ လုံခြုံပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းကို တည်ဆောက်ကြပါစို့။"အတူတူရပ်တည် ကာကွယ်မည်"ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့ +666-2693-2337shield.org28@gmail.comMae Sot, Tak, Thailandအဖွဲ့ဝင် (မန်ဘာ) ဝင်ရန် Linkhttps://docs.google.com/.../1FAIpQLSdhnY1W4iX.../viewform...Case များ တိုင်ကြားပေးပို့ရန် Linkhttps://docs.google.com/.../1FAIpQLSdXAlPOFZD.../viewform...ကျေးဇူးတင်ပါသည်။IN ENGLISHAnnouncement of the Official Founding of the Shield Women OrganizationOn February 26, 2025, it is hereby announced that the Shield Women Organization has been officially formed. This organization is established with the aim of protecting women's rights, enabling women to participate in social and economic development, and creating a safe and secure environment for women. The Shield Women Organization seeks to improve the quality of life, safety, and active involvement of women in society. This declaration is intended to inform the public about our initiative and intentions.Vision of Shield:Shield envisions a future in which all women, girls, and gender-diverse people can fully exercise their human rights and enjoy freedom and empowerment. This future eliminates prejudice based on skin color, race, gender identity, social background, age, or religious views. It is a future devoid of gender-based and all forms of violence, in which people can live without being discriminated against or harmed.Mission of Shield:The organization is committed to assisting survivors by responding to emergencies, giving psychiatric treatment, documenting gender-based and other types of abuse, providing legal support, and assisting with restoration efforts. Our purpose is to strengthen survivors' abilities and combat gender-based and other forms of violence. Simultaneously, we want to establish a secure, supportive environment for women, girls, and gender-diverse people through legislative advocacy and practical actions that promote social change and shift societal norms.Values of Shield:She/Shield is an organization dedicated to promoting human rights, combatting prejudice, expanding equality, increasing acceptance of varied gender experiences, standing in solidarity with society, acting with compassion and love, and advocating for justice in all its manifestations. The organization promises to uphold these values throughout its operations.The Objectives of Shield1. To create a long-term, sustainable emergency response system that provides a secure and accessible environment for women, girls, and gender-diverse people who have experienced gender-based and other types of violence and require immediate support.2. By gathering data on such events, we can undertake evidence-based research and advocate for a stronger response to gender-based and other types of violence. (Please keep in mind that if survivors opt not to divulge their identity, this data will be collected without releasing any personally identifiable information.)3. To empower survivors of gender-based and other forms of abuse by assisting with their recovery and allowing them to regain control of their lives.4. To ensure access to justice, hold abusers accountable, and give legal support to prevent future harm.5. To advocate legal change in Myanmar's gender-based and all-forms-of-violence laws, which will help to end impunity and ensure that survivors obtain justice.The Shield Organization is committed to improving the safety and harmony of the neighborhood. We respectfully request your assistance with our efforts.Shield Women OrganizationWe can create a safe and peaceful community by working together. As the saying goes, "Come together to Shield”Thankyou

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။