" မတရားဖမ်းဆီးခံ အမျိုးသမီး ၂ ဦးနှင့် ၁၁ ရက်ကြာ အဆက်အသွယ်မရ၊ သက်ဆိုင်ရာ အစိုးရက အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းပေးရန် လိုအပ် "
SHIELD
Apr 11, 2026
8 views
4 min read
" မတရားဖမ်းဆီးခံ အမျိုးသမီး ၂ ဦးနှင့် ၁၁ ရက်ကြာ အဆက်အသွယ်မရ၊ သက်ဆိုင်ရာ အစိုးရက အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းပေးရန် လိုအပ် "၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက် ည (၉) နာရီခန့်က ငါးမည်ရ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ဝင်များသည် တက်တူကျေးရွာရှိ နေအိမ်တစ်အိမ်သို့ ဝင်ရောက်ကာ "ငွေကြေးလိမ်လည်မှု" ဟူသော အကြောင်းပြချက်ဖြင့် ရဲဘော် (၃) ဦးနှင့် ၎င်းတို့၏ မိခင်နှင့် ဇနီးဖြစ်သူ အမျိုးသမီး (၂) ဦးအား ဖမ်းဝရမ်းမပါဘဲ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ဧပြီလ ၂၀ ရက်တွင် အမျိုးသား (၃) ဦးအား ပြန်လည်လွှတ်ပေးခဲ့သော်လည်း အမျိုးသမီး (၂) ဦး (ဖမ်းဆီးခံရသူ၏ မိခင်နှင့် ဇနီး) အား ထိပ်တုံးခတ်၍ ဆက်လက်ချုပ်နှောင်ထားပြီး မိသားစုနှင့် ဆက်သွယ်ခွင့် မပေးဘဲ ယနေ့အထိ (၁၁) ရက်ကြာ ထိန်းသိမ်းထားဆဲဖြစ်သည်။ အဆိုပါမိသားစုကို ဖမ်းဆီးထိန်းသိမ်းပြီးနောက်တွင် မိသားစု ပိုင်ဆိုင်သည့် နေ့အိမ်သို့ ငါးမည်ရပြည်သူ့ကာကွယ်ရေးအဖွဲ့က အိမ်ရှင်များ ဖမ်းဆီးထားချိန်တွင် နေအိမ်အတွင်းသို့ ရှာဖွေပုံစံမပါရှိဘဲ အိမ်ဂရမ်၊ တယ်လီဖုန်း၊ ငွေသား သိန်း ၅၀ ကျော်နှင့် ရွှေထည်ပစ္စည်း တစ်ဆယ်ကျပ်သားကျော်ကို တိတ်တဆိတ်သိမ်းဆည်းထားခဲ့သည်။ ယနေ့ထိ သိမ်းဆည်းထားသည့် စာရင်းကိုထုတ်ပြန်ကြေညာခြင်းမရှိသလို ပိုင်ရှင်များနှင့် စာရင်းတိုက် စစ်ခွင့်ကိုလည်း မပေးဟု သိရသည်။"ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အဓမ္မဖမ်းဆီးထားသော အမျိုးသမီး (၂) ဦးအား ချက်ချင်းလွှတ်ပေးရန်" အတွက် နစ်နာသူ မိသားစုများနှင့် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက တောင်းဆိုထားသည်။ အဆိုပါအမှုနှင့် တိုက်ရိုက်ပတ်သက်သော တပ်ဖွဲ့၀င်များ၏ အသေးစိတ်ရှင်းလင်းချက် စကားသံများကိုလည်း ရုပ်သံဖြင့် သတင်းမီဒီယာ၊ လူမှုအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့များသာမက ပြည်သူလူထုများပါ သိရှိနိုင်စေရန် တင်ပြပေးလိုက်ပါသည်။ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား အထက်ဖော်ပြပါ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင် အမျိုးသမီး (၂) ဦးအား ချက်ချင်းလွတ်ပေးရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို လေးစားလိုက်နာရန် တိုက်တွန်းလိုက်ပါသည်။ရှိ/ Shield အမျိုးသမီးအဖွဲ့
မှတ်ချက် မရှိသေးပါ။