“ရှိ/ Shield အမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်အသစ်များအား ဖိတ်ခေါ်ခြင်း”
“ရှိ/ Shield အမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်အသစ်များအား ဖိတ်ခေါ်ခြင်း”ရှိ/ Shield သည် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အမျိုးသမီးကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သူများအားလုံး မိမိတို့၏ လူ့အခွင့်အရေးကို အပြည့်အဝ ကျင့်သုံးနိုင်ပြီး၊ လွတ်လပ်မှုနှင့် စွမ်းအားမြှင့်တင်မှုကို တွေ့ကြုံခံစားရကာ၊ အသားအရောင်၊ လူမျိုး၊ လိင်စိတ်တိမ်းညွတ်မှု၊ လူမှုစီးပွားအဆင့်အတန်း၊ အသက်အရွယ်နှင့် ဘာသာရေး ဝိသေသလက္ခဏာများ အပါအဝင် တစ်ခုထက်ပိုထိစပ်နေသည့် အခြားမည်သည့်ဝိသေသလက္ခဏာများနှင့်မဆို သက်ဆိုင်မှုမရှိစေဘဲ ဂျဲန်ဒါအခြေပြု(လူမှုလိင် အခြေပြု) ခွဲခြားဆက်ဆံမှု နှင့် ဂျဲန်ဒါအခြေပြု(လူမှုလိင် အခြေပြု) အကြမ်းဖက်မှု ပုံစံအားလုံးမှ ကင်းလွတ်စွာ နေထိုင်နိုင်သော အနာဂတ်ကို မျှော်မှန်းပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် နှစ်သိမ့်အကြံပေးဆွေးနွေးပေးခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြု(လူမှုလိင် အခြေပြု) အကြမ်းဖက်မှုများအား မှတ်တမ်းတင်ခြင်း၊ ဥပဒေရေးရာ ပံ့ပိုးမှုနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများ ထောက်ပံ့ပေးအပ်လုပ်ဆောင်ခြင်းဖြင့် လွတ်မြောက်လာသူများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် နှင့် လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြု(လူမှုလိင် အခြေပြု) အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ပါသည်။ တချိန်တည်းမှာပင် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အမျိုးသမီးကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သူများအားလုံးအတွက် လုံခြုံပြီး ထောက်ခံပံ့ပိုးသော ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်စေရန် မူဝါဒရေးရာနှင့် လက်တွေ့အလေ့အထများပြောင်းလဲရန် စည်းရုံးလှုံ့ဆော်မှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ရှိ/ Shield ၏ စံတန်ဖိုးရှိ/ Shield အဖွဲ့အစည်းသည် လူ့အခွင့်အရေးကို မြှင့်တင်ခြင်း၊ ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ခြင်း၊ တန်းတူညီမျှမှုကို မြှင့်တင်ခြင်း၊ ဂျဲန်ဒါအခြေပြု(လူမှုလိင် အခြေပြု) ရေးရာမတူကွဲပြားသည့် အတွေ့အကြုံများအပေါ် လက်ခံသိမြင်မှုအား မြှင့်တင်ခြင်း၊ လူ့အဖွဲ့အစည်းနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ခြင်း၊ စာနာမှုနှင့် မေတ္တာတရားဖြင့် ဆောင်ရွက်ခြင်း၊ တရားမျှတမှုပုံစံအားလုံးအတွက် အတူတကွရပ်တည်ခြင်း စသည့် စံတန်ဖိုးတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသော အဖွဲ့အစည်းဖြစ်ပါသည်။ရှိ/ Shield ၏ ရည်ရွယ်ချက်၁။ လိင်ပိုင်းဆိုင်ရာ နှင့် ဂျဲန်ဒါအခြေပြု(လူမှုလိင် အခြေပြု) အကြမ်းဖက်မှုကို တွေ့ကြုံခံစားနေရပြီး အရေးပေါ်အကူညီလိုအပ်နေသည့် အမျိုးသမီးများ၊ မိန်းကလေးများနှင့် အမျိုးသမီးကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သောသူများအတွက် လုံခြုံပြီး လက်လှမ်းမှီသော နေရာတစ်ခုကို ထောက်ပံ့ပေးနိုင်သည့် ရေရှည်တည်တံ့ခိုင်မြဲသော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း ယန္တရားတစ်ခု တည်ထောင်ရန်။ ၂။ သက်သေခိုင်မာသော လေ့လာဆန်းစစ်သုံးသပ်ချက်များနှင့် စည်းရုံးလှုံ့ဆော်မှုများ ပိုမိုအားကောင်းလာစေမည့် လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြု(လူမှုလိင် အခြေပြု) အကြမ်းဖက်မှုဖြစ်ရပ်များအား စာရင်းကောက်ယူစုဆောင်းရန်။ [ကျူးလွန်ခံရသူများမှ သဘောမတူလျှင် အမည် နှင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသတ်မှတ်နိုင်မည့် အချက်အလက်များကို အများပြည်သူသို့ မှတ်တမ်းတင်ချပြခြင်းမရှိဘဲ ကောက်ယူသွားမည် ဖြစ်သည်။] ၃။ လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြု(လူမှုလိင် အခြေပြု) အကြမ်းဖက်မှု ကျူးလွန်ခံရသူများ ပြန်လည်ထူထောင်လာစေရေးနှင့် ၄င်းတို့၏ ဘဝအား ၄င်းတို့ကိုယ်တိုင် ပြန်လည်ထိန်းချုပ်စီမံခန့်ခွဲနိုင်စေရေးအတွက် ထောက်ပံ့ဆောင်ရွက်ခြင်းဖြင့် ကျူးလွန်ခံရသူများအား စွမ်းအားမြှင့်တင်ရန်။ ၄။ တရားမျှတမှုအား လက်လှမ်းမှီစေရေးကို အာမခံကာ၊ ကျုးလွန်သူများကို တာဝန်ခံစေပြီး၊ နောက်ထပ် အကြမ်းဖက်မခံရအောင် ကာကွယ်ပေးနိုင်မည့် ဥပဒေအထောက်အပံ့များ ပေးအပ်ဆောင်ရွက်သွားရန်။ ၅။ ဂျဲန်ဒါအခြေပြု(လူမှုလိင် အခြေပြု) မညီမျှမှုနှင့် ကျူးလွန်သူများ ပြစ်ဒဏ်ခံရခြင်းမှ လွတ်မြောက်နေသည့် သံသရာကို အဆုံးသတ်ရန် မြန်မာနိုင်ငံ၏ လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြု(လူမှုလိင် အခြေပြု) အကြမ်းဖက်မှုဆိုင်ရာ ဥပဒေမူဘောင်များကို ဘက်စုံပြုပြင်ပြောင်းလဲရာတွင် အထောက်အကူပြုစေရန်။ ရှိ/ Shield အဖွဲ့ဝင်များ ရှိ/ Shield အဖွဲ့ဝင်များဆိုသည်မှာ အောက်ပါအဖွဲ့ဝင်ခွင့်ဖောင်မှတဆင့် မည်သူတဦးတယောက်၏ အတင်းအဓမ္မခိုင်းစေခြင်းမရှိဘဲ မိမိဆန္ဒသဘောအရ အဖွဲ့၏ အနာဂတ်မျှော်ရည်ချက်၊ လုပ်ငန်းတာဝန်၊ စံတန်ဖိုးနှင့် ရည်ရွယ်ချက်များအပေါ်တွင် လက်ခံယုံကြည်မှုရှိသဖြင့် အဖွဲ့ဝင်ဖြစ်လာကြသော သူများဖြစ်သည်။ အထက်ဖော်ပြပါ အနာဂတ်မျှော်ရည်ချက်၊ လုပ်ငန်းတာဝန်၊ စံတန်ဖိုးနှင့် ရည်ရွယ်ချက်များကို လေ့လာပြီး စိတ်ပါဝင်စား၍ အဖွဲ့ဝင်အဖြစ် ပါဝင်ဝန်းရံလိုပါက အဖွဲ့ဝင်အဖြစ်လျှောက်လွှာ တင်သွင်းနိုင်ပါတယ်။ အဖွဲ့ဝင်ခွင့်ဖောင်ကို အောက်ဆုံးမှာ တင်ပြပေးထားပါတယ်။ ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းပါဝင်ကြဖို့လည်း လေးစားစွာဖိတ်ခေါ်ပါတယ်။အဖွဲ့ဝင်အဖြစ် ပါဝင်ချင်သူများအတွက်အောက်ပါ Link မှ လျှောက်လွှာဖောင်ကို ဖြည့်သွင်းနိုင်ပါတယ်။ဒီနေရာကိုသွားပါရှိ/ Shield ၏စေတနာ့ဝန်ထမ်း(Volunteer) များရှိ/ Shield ၏ စေတနာ့ဝန်ထမ်းဆိုသည်မှာ မည်သူတဦးတယောက်၏ အတင်းအဓမ္မခိုင်းစေခြင်းမရှိဘဲ မိမိဆန္ဒသဘောအရ အဖွဲ့၏ အနာဂတ်မျှော်ရည်ချက်၊ လုပ်ငန်းတာဝန်၊ စံတန်ဖိုးနှင့် ရည်ရွယ်ချက်များအပေါ်တွင် လက်ခံယုံကြည်မှုရှိသဖြင့် အဖွဲ့ဝင်ဖြစ်လာကြသော သူများမှ စေနာ့ဝန်ထမ်းအဖြစ် (အခကြေးငွေမယူဘဲ) လူမှုအကျိုးပြု၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန် အောက်ဖော်ပြပါ လျှောက်လွှာဖောင်ဖြင့် လျှောက်ထားလာသူများကို ဆိုလိုပါသည်။စေတနာ့ဝန်ထမ်းများသည် ရှိ/Shield အဖွဲ့၏ စံတန်ဖိုး၊ ရည်ရွယ်ချက်၊ မျှော်မှန်ချက်များကို ပြည့်မှီအောင်ဆောင်ရွက်နိုင်ရန် အဓိကကျသော ယတ္တရားဖြစ်သည်။ ကျွန်ုပ်တို့ ရှိ/Shield အဖွဲ့သည် Member အခြေပြုအဖွဲ့တစ်ခုဖြစ်ပြီး Volunteer များ၏ စွမ်းအားဖြင့် လူ့အဖွဲ့အစည်ကို "အတူတူရပ်တည် ကာကွယ်ရန်" ကြိုးပမ်းလျှက်ရှိပါသည်။ ထိုကြောင့် ကျွန်ုပ်တို့နှင့် အတူတူ ရပ်တည်၍ လူ့အဖွဲ့အစည်ကို ကာကွယ်ပေးရန် Member များထဲမှ Volunteer များကို ဖိတ်ခေါ်ပါသည်။ Volunteer လျှောက်ထာလိုသူများအနေဖြင့် ယခုလင့်ကို ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ ယခုနေရာမှသင်တစ်ဦးပါဝင်ခြင်းသည်တခြားတစ်ဦး၏ဘဝကို ကယ်တင်ပေးနိုင်တဲ့ အကြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ကျေးဇူးတင်စွာဖြင့်ရှိ/ Shield အမျိုးသမီးအဖွဲ့ဆက်သွယ်ရန် ဖုန်း: +66 62 693 2337အီးမေးလ်: contact@shieldwomen.orgဝက်ဘ်ဆိုဒ်: www.shieldwomen.orgလိပ်စာ: Mae Sot District, Tak Province, Thailand.
မှတ်ချက် မရှိသေးပါ။