ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ စက်တင်ဘာလတစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုများအား အစီရင်ခံတင်ပြခြင်း

SHIELD Oct 03, 2026 52 14 min
Share:
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ စက်တင်ဘာလတစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုများအား အစီရင်ခံတင်ပြခြင်း၁။ ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွက် အနှစ်ချုပ်အသစ်တိုင်ကြားသောအမှု - 2 မှု ဆောင်ရွက်ပြီးစီးသောအမှု - 1 မှု လက်ရှိဆောင်ရွက်နေဆဲအမှု - 20 မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - မရှိပါ။ မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု- 5 မှုတိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ ...

ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာ

ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ စက်တင်ဘာလတစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုများအား အစီရင်ခံတင်ပြခြင်း

၁။ ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွက် အနှစ်ချုပ်

အသစ်တိုင်ကြားသောအမှု - 2 မှု 

ဆောင်ရွက်ပြီးစီးသောအမှု - 1 မှု 

လက်ရှိဆောင်ရွက်နေဆဲအမှု - 20 မှု 

အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - မရှိပါ။ 

မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု- 5 မှု

တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိ

အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - မရှိ

တိုင်ကြားသူ/ တိုင်ကြားခံရသူ နှင့် ဆယ်သွယ်၍ မရသောအမှု - မရှိ

ရပ်နားထားသောအမှု - မရှိ

______

၂။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ အနှစ်ချုပ်

စုစုပေါင်းတိုင်ကြားလာသောအမှု - 103 မှု

ဆောင်ရွက်ပြီးစီးသောအမှု - 34 မှု 

လက်ရှိဆောင်ရွက်နေဆဲအမှု - 23 မှု 

အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - 5 မှု 

မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုပ်သိမ်းသွားသည့်အမှု - 22 မှု 

အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - 10 မှု 

တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - 9 မှု

တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိပါ။

ရပ်နားထားသောအမှု - မရှိ

၃။ အမှုများကို ခွဲခြမ်းစိတ်ဖြာခြင်း

Shield Women Organization အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ အမှုစုစုပေါင်း 103 ခုကို လက်ခံကိုင်တွယ် ကူညီဖြေရှင်းပေးခဲ့ရာတွင် အောက်ပါအတိုင်း သတ်မှတ်ခွဲခြား ထုတ်ဖော်နိုင်ခဲ့ပါသည်။

အိမ်တွင်းအကြမ်းဖက်မှု ( Domestic Violence ) – 31 မှု 

အိမ်တွင်းအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင်

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - 27 မှု 

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - 4 မှု

အွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - မရှိ

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Sexual Violence) – 34 မှု 

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင်

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - 19 မှု 

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - 2 မှု

အွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - 13 မှု

ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (Gender-based Violence) – 24 မှု

ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင်

ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - 9မှု

စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - 7 မှု 

အွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - 8 မှု 

လူမှုရေးစံနှုန်းဖောက်ဖျက်မှု (Social deviance) – 8မှု 

အဖွဲ့၏ မူဝါဒများနှင့် မကိုက်ညီသဖြင့် လက်ခံဆောင်ရွက်ခြင်း မပြုသောအမှု - 6 မှု

______

၄။စက်တင်ဘာလ တစ်လတာအတွင်း မှတ်တမ်းအဖြစ်ထားရှိပြီ ဆောင်ရွက်ပြီးစီးသွားသောအမှု - 1 မှု 

(၁) အမှုနံပါတ် - Case-0101

အမှုခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

အမှုအမျိုးအစား - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

စုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံး

အဓိကတာဝန်ယူကိုင်တွယ်ခြင်း- Executive Management Team and Case & Documentation Management Team

၅။ ထူးခြားတွေ့ရှိချက်များ

က) ယခုကာလအတွင်း နစ်နာသူများ၏ လုံခြုံမှုနှင့် အဖွဲ့အစည်း၏ စေတနာ့အလှူရှင်များ၊ စေတနာ့ဝန် ထမ်းများ၏ လုံခြုံမှုများသည် အကြီးမားဆုံးစိန် ခေါ်မှုတစ်ရပ်ဖြစ်လာခြင်း။

ခ) မိမိသဘော ဆန္ဒအရ တရားမျှမှု ရှာဖွေရန် ဆောင်ရွက်မှုများအား ရပ်တန့်ပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားရန် အမှုများ များပြားလာခြင်း။

ဂ) ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ၊ဂျဲန်ဒါအခြေပြုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှုန်းများ မြင့်တက်လျက်ရှိခြင်း။

ဃ) အကြမ်းဖက်မှုဟူသည် မည့်သည့် ဂျဲန်ဒါမှမဆို၊ မည်သည့် အစုအဖွဲ့အစည်းမှမဆို ကျူးလွန်ပါက အကြမ်းဖက်မှု မြောက်ခြင်း။

င) မည်သည့် အကြမ်းဖက်မှုမဆို ကျူးလွန်ခံရသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကိုပါ အလိုအလျောက် ခံစားရခြင်း။

စ) တရားမျှတမှုရရှိစေရန် လုပ်ဆောင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ချိတ်ဆက်ဆောင် ရွက်မှုများ၊ ပူးပေါင်းပါဝင်မှုများ အားကောင်းလာခြင်း။

ဆ) ချိုးဖောက်ကျူးလွန်မှု မဟုတ်သော လူမှုရေးဆိုင်ရာ အမှုကိစ္စများပါ တိုင်ကြားအကူအညီ တောင်းခံမှုများ ပါဝင်လာခြင်းနှင့်တရားမျှတမှုရှာဖွေဖော်ထုတ်ရန် စိန်ခေါ်ချက်နှင့်အခက်အခဲများ များပြားလာခြင်း။

ဇ) နယ်စပ်ဒေသရှိ ရွှေ့ပြောင်းမြန်မာမိသားစုများအတွင်း အကြမ်းဖက်မှုနှင့်စပ်လျဥ်းသော ဗဟုသုတနှင့် အသိပညာနည်းပါးမှုကြောင့် မိသားစုအတွင်း အသက်မပြည့်သေးသော အမျိုးသမီးနှင့် ကလေးငယ်များ အတွက် နစ်နာမှုများ ဖြစ်ပေါ်စေနိုင်ခြင်း

 ဈ) အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ကာယကံရှင်မိဘများကြား ပြုမူဆက်ဆံပုံများသည် အတူနေသား သမီးများအပေါ် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်စေခြင်း။

ည) ယခုကာလတွင်တိုင်ကြားသူတချို့သည် ပုဂ္ဂိုလ်ရေး မလိုမုန်းတီးမှုများကိုရှေ့ရှု၍ မဟုတ်မမှန်သော အမှုများတည် ဆောက်၍တိုင်ကြားလာခြင်း ။

ဋ) တချို့အမှုများတွင် အရွယ်ရောက်ပြီးသူ ကာယကံရှင်၏ သဘောတူညီမှုမပါဘဲ ကိုယ်စားတိုင်ကြားလာခြင်း။

______

၆။ အတူတကွဆောင်ရွက်ရန် အချက်များ

က) မည့်သည့် ဂျဲန်ဒါ၊ မည်သည့်အစုအဖွဲ့အစည်းမဆို အကြမ်းဖက်မှု ကျူးလွန်ခြင်းများအား ရှောင်ကြဉ်ရန်။

ခ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ပေးကြရန်။

ဂ) တရားမျှတမှု ရှာဖွေလိုသော ချိုးဖောက်ခံရသူများ အနေဖြင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်း၊ ရုပ် ပိုင်းဆိုင်ရာ အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်ပြီး အဆုံးထိ ရပ်တည်ရင်ဆိုင်ကြရန်။

ဃ ) ရှိ/ Shield အမျိုးသမီးအဖွဲ့ထံသို့ လာရောက်ဆက်သွယ်အကူညီတောင်းခံကြသော တိုင်ကြားသူများသည် အဖွဲ့မှချမှတ်ထားသော သဘောတူညီချက်ပုံစံ (Consent Form) အားအလေးထားဖတ်ရှုပြီး ပူးပေါင်း လိုက်နာပေးရန်။

င) တော်လှန်ရေးကာလအတွင်း ဖွဲ့စည်းထားရှိသည့်အစိုးရအဖွဲ့နှင့် တာဝန်ရှိသောအဖွဲ့အစည်းများမှ တရားမျှတမှုဖော်ဆောင်ရေး ကဏ္ဍများတွင် အလေးထားဆောင်ရွက်ကြရန်။

စ) တော်လှန်ရေးကာလအတွင်း ကျူးလွန်သည့် မည်သည့်ချိုးဖောက်မှုများကိုမဆို ဘက်လိုက်မှုမရှိဘဲ နစ်နာသူဘက်မှ ရပ်တည်ပါဝင်ပေးကြရန်။

ဆ) အမျိုးသမီးများကိုယ်တိုင် အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစသောအကြမ်းဖက်မှု

များနှင့်ပတ်သက်၍ ရှိသင့်ရှိထိုက်သောနေရာမှနေ၍ တွန်းလှန်သွားကြရန်။

ဇ) နစ်နာသူများအနေဖြင့် အကြမ်းဖက်မှုများကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိဖော်ထုတ်ကြရန်။

ဈ) နစ်နာသူများအနေဖြင့် တရားမျှတမှုဖော်ဆောင်ရာတွင် ငွေကြေးပေးလျော်မှုများအား အလွယ်တကူလက်မခံဘဲ သက်ဆိုင်ရာ တရားမျှတမှုရှာဖွေရေးယန္တရားနှင့်ပူးပေါင်းပါဝင်ပေးရန်။

ည) အကြမ်းဖက်မှုနှင့်စပ်လျဥ်းသော အသိပညာ၊ ဗဟုသုတနှင့်လက်လှမ်းမီနိုင်သည့် တရားမျှတမှု ဖော်ဆောင်ရေးယန္တရားများ တည်ဆောက်ရန်။

_________

၇။ စက်တင်ဘာလတစ်လတာအတွင်း အသစ်တိုင်ကြားသောအမှု - 2 မှု

* (၁) အမှုနံပါတ် - Case - 0102

အမှုတိုင်ကြားလာသည့် ရက်စွဲ - 8. 9. 2026

အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - လူမှုရေးစံနှုန်းဖောက်ဖျက်မှု

စုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူ၏ ဆန္ဒအရ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် တရားဝင်အမှုဖွင့်လှစ်ပြီး ကျူးလွန်သူအား အရေးယူအပြစ်ပေးနိုင်ရန် ဆက်လက်ဆောင်ရွက်နေဆဲ။

* (၂) အမှုနံပတ် - Case – 0103

အမှုတိုင်ကြားလာသည့် ရက်စွဲ- 14. 9. 2026

အမှုတိုင်ကြားလာသည့် ခေါင်းစဥ်- ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု

စုံစမ်းဆောင်ရွက်မှုအဆင့်- တိုင်ကြားသူနှင့်တွေ့ဆုံမှတ်တမ်းတင်ပြီး ဆက်လက်ဆောင်ရွက်နေဆဲ။

________

၈။ နိဂုံးချုပ်

အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ ဩဂုတ်လအတွင်းလက်ခံ ဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည်ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များနှင့် သက်သေအ ထောက်အထားများအား လုံခြုံစွာထိန်းသိမ်းလျက် အမှန်တကယ် နစ်နာသူများအား ပြန်လည်ကုစားခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သာတူညီမျှသော၊ တန်းတူညီမျှသော အခွင့်အရေးများ ပြန်လည်ရရှိရန် အဘက် ဘက်မှ ကြိုးစားလျက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။

ထိုအမှုများဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။

ဆက်သွယ်ရန်

ရှိ/ Shield အမျိုးသမီးအဖွဲ့ (Shield Women Organization)

+66 6 269 323 37

info@shieldwomen.org

www.shieldwomen.org

ကျေးဇူးတင်လျှက်

(Case and Documentation Management Team) 


SHIELD

Admin

Shield Women ၏ တရားဝင်သတင်းတင်ဆက်သူ

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။

နောက်ဆုံးရသတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ စက်တင်ဘာလတစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုများအား အစီရင်ခံတင်ပြခြင်း
လူဖတ်အများဆုံး
ကဏ္ဍများ
အသုံးဝင်သောလင့်များ
ပင်မ ကဏ္ဍများ