OORGANIZATION
"ရှိ /Shield" အမျိုးသမီးအဖွဲ့အစည်းသည် လူ့အခွင့်အရေးကို မြှင့်တင်ခြင်း၊ ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ခြင်း၊ တန်းတူညီမျှမှုကို မြှင့်တင်ခြင်း၊ ကျားမရေးရာ ထိခိုက်မခံမှုကို မြှင့်တင်ခြင်း၊ လူထုနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ခြင်း၊ စာနာမှုနှင့် မေတ္တာတရားဖြင့် ဆောင်ရွက်ခြင်း၊ တရားမျှတမှုပုံစံအားလုံးအတွက် ရပ်တည်ပြောဆိုပေးခြင်း တို့ကို ဆောင်ရွက်ရန် ကတိကဝတ်ပြုထားပါသည်။
အဖွဲ့အစည်းသည် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လိင်ပြောင်းအမျိုးသမီးများအားလုံး မိမိတို့၏ လူအခွင့်အရေးကို အပြည့်အဝ ကျင့်သုံးနိုင်ပြီး၊ လွတ်လပ်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှုကို ခံစားရကာ၊ အသားအရောင်၊ လူမျိုး၊ လိင်စိတ်တိမ်းညွတ်မှု၊ လူမှုစီးပွားအဆင့်အတန်း၊ အသက်အရွယ်နှင့် ဘာသာရေး အပါအဝင် ဆက်စပ်နေသော မည်သည့်သတ်မှတ်ချက်များနှင့်မဆို၊ ကျားမအခြေပြု ခွဲခြားဆက်ဆံမှုနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှု ပုံစံအားလုံးမှ ကင်းလွတ်စွာ နေထိုင်နိုင်သော အနာဂတ်ကို မျှော်မှန်းပါသည်။
အဖွဲ့အစည်းသည် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှု၊ ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုတို့ကို ကိုင်တွယ်ဖြေရှင်းရန်နှင့် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြံပေးဆွေးနွေးမှု၊ မှတ်တမ်းတင်ခြင်း၊ ဥပဒေရေးရာ ပံ့ပိုးမှုနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများ ပေးအပ်ခြင်းဖြင့် လွတ်မြောက်လာသူများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ရည်ရွယ်ပါသည်။ ထို့အပြင် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် လိင်ပြောင်းအမျိုးသမီးများ အားလုံးအတွက် လုံခြုံပြီး အထောက်အကူပြုသော ပတ်ဝန်းကျင်တစ်ခု ဖြစ်စေရန် မူဝါဒရေးရာနှင့် လက်တွေ့အကောင်အထည်ဖော်မှုဆိုင်ရာ ပြောင်းလဲမှုများအတွက် ရပ်တည်ပြောဆိုပေးရန် ဆုံးဖြတ်ထားပါသည်။
"ရှိ /Shield" အမျိုးသမီးအဖွဲ့၏ လုပ်ငန်းဆောင်တာများတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ရန် လုပ်ငန်းစဉ် (၂) မျိုး အနက်မှ ပါဝင်လိုသည့် အခြေအနေတစ်ခုကိုရွေးချယ်နိုင်ပါသည်။ ဤ Member Intake Form တွင် ဖြေဆိုသည့် အချက်အလက်များကို အဖွဲ့ဝင်များရွေးချယ် စိစစ်သည့် လုပ်ငန်းစဉ်များတွင်သာ အသုံးပြုသွားမည်ဖြစ်ပြီး ကိုယ်ရေးအချက်အလက် လုံခြုံမှုရှိစေရန် ထိန်းသိမ်းထားမည်ဖြစ်ပါသည်။ အဖွဲ့ဝင်အဖြစ် သင်၏ပါဝင်မှုကို ကျွန်ုပ်တို့ နွေးထွေးစွာကြိုဆိုပါသည်။