ရှိ/ Shield အမျိုးသမီးအဖွဲ့၏ သဘောထားထုတ်ပြန်ချက်
SHIELD
Apr 10, 2026
1 views
2 min read
ရှိ/ Shield အမျိုးသမီးအဖွဲ့၏ သဘောထားထုတ်ပြန်ချက်======================================ပဲခူးမြို့တွင် အိမ်တွင်းအကြမ်းဖက်မှုကြောင့် အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ရှိ/ Shield အမျိုးသမီးအဖွဲ့မှ လေးလေးနက်နက် ကြေကွဲဝမ်းနည်းမိပါသည်။ ဤရက်စက်မှုကို အပြင်းအထန်ရှုတ်ချပြီး၊ တရားခံအား အမြန်ဆုံးဖမ်းဆီးအရေးယူရန်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ လူမှုအသိုင်းအဝိုင်းအတွင်း ဤကဲ့သို့သော ရက်စက်မှုများ၊ အိမ်တွင်းအကြမ်းဖက်မှုများ နောင်တွင် ထပ်မံမဖြစ်ပွားစေရန် ပူးပေါင်းတားဆီးကြပါစို့။
မှတ်ချက် မရှိသေးပါ။