ရှိ/Shield အဖွဲ့အကြောင်းမိတ်ဆက်ခြင်းနှင့် အဖွဲ့ဝင်များအား ဖိတ်ခေါ်ခြင်း
SHIELD
Apr 10, 2026
2 views
22 min read
ရှိ/Shield အဖွဲ့အကြောင်းမိတ်ဆက်ခြင်းနှင့် အဖွဲ့ဝင်များအား ဖိတ်ခေါ်ခြင်း
ရှိ/ Shield ၏ အနာဂတ်မျှော်ရည်ချက်ရှိ/ Shield သည် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အမျိုးသမီးကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သူများအားလုံး မိမိတို့၏ လူ့အခွင့်အရေးကို အပြည့်အဝ ကျင့်သုံးနိုင်ပြီး၊ လွတ်လပ်မှုနှင့် စွမ်းအားမြှင့်တင်မှုကို တွေ့ကြုံခံစားရကာ၊ အသားအရောင်၊ လူမျိုး၊ လိင်စိတ်တိမ်းညွတ်မှု၊ လူမှုစီးပွားအဆင့်အတန်း၊ အသက်အရွယ်နှင့် ဘာသာရေး ဝိသေသလက္ခဏာများ အပါအဝင် တစ်ခုထက်ပိုထိစပ်နေသည့် အခြားမည်သည့်ဝိသေသလက္ခဏာများနှင့်မဆို သက်ဆိုင်မှုမရှိစေဘဲ ကျားမအခြေပြု ခွဲခြားဆက်ဆံမှုနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှု ပုံစံအားလုံးမှ ကင်းလွတ်စွာ နေထိုင်နိုင်သော အနာဂတ်ကို မျှော်မှန်းပါသည်။ ရှိ/ Shield ၏ လုပ်ငန်းတာဝန်အဖွဲ့အစည်းသည် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် နှစ်သိမ့်အကြံပေးဆွေးနွေးပေးခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများအား မှတ်တမ်းတင်ခြင်း၊ ဥပဒေရေးရာ ပံ့ပိုးမှုနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများ ထောက်ပံ့ပေးအပ်လုပ်ဆောင်ခြင်းဖြင့် လွတ်မြောက်လာသူများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် နှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ပါသည်။ တချိန်တည်းမှာပင် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အမျိုးသမီးကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သူများအားလုံးအတွက် လုံခြုံပြီး ထောက်ခံပံ့ပိုးသော ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်စေရန် မူဝါဒရေးရာနှင့် လက်တွေ့အလေ့အထများပြောင်းလဲရန် စည်းရုံးလှုံ့ဆော်မှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ရှိ/ Shield ၏ စံတန်ဖိုးရှိ/ Shield အဖွဲ့အစည်းသည် လူ့အခွင့်အရေးကို မြှင့်တင်ခြင်း၊ ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ခြင်း၊ တန်းတူညီမျှမှုကို မြှင့်တင်ခြင်း၊ ကျားမရေးရာမတူကွဲပြားသည့် အတွေ့အကြုံများအပေါ် လက်ခံသိမြင်မှုအား မြှင့်တင်ခြင်း၊ လူ့အဖွဲ့အစည်းနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ခြင်း၊ စာနာမှုနှင့် မေတ္တာတရားဖြင့် ဆောင်ရွက်ခြင်း၊ တရားမျှတမှုပုံစံအားလုံးအတွက် အတူတကွရပ်တည်ခြင်း စသည့် စံတန်ဖိုးတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသော အဖွဲ့အစည်းဖြစ်ပါသည်။ရှိ/ Shield ၏ ရည်ရွယ်ချက်၁။ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုကို တွေ့ကြုံခံစားနေရပြီး အရေးပေါ်အကူညီလိုအပ်နေသည့် အမျိုးသမီးများ၊ မိန်းကလေးများနှင့် အမျိုးသမီးကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သောသူများအတွက် လုံခြုံပြီး လက်လှမ်းမှီသော နေရာတစ်ခုကို ထောက်ပံ့ပေးနိုင်သည့် ရေရှည်တည်တံ့ခိုင်မြဲသော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း ယန္တရားတစ်ခု တည်ထောင်ရန်။ ၂။ သက်သေခိုင်မာသော လေ့လာဆန်းစစ်သုံးသပ်ချက်များနှင့် စည်းရုံးလှုံ့ဆော်မှုများ ပိုမိုအားကောင်းလာစေမည့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုဖြစ်ရပ်များအား စာရင်းကောက်ယူစုဆောင်းရန်။ [ကျူးလွန်ခံရသူများမှ သဘောမတူလျှင် အမည်နှင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသတ်မှတ်နိုင်မည့် အချက်အလက်များကို အများပြည်သူသို့ မှတ်တမ်းတင်ချပြခြင်းမရှိဘဲ ကောက်ယူသွားမည် ဖြစ်သည်။] ၃။ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှု ကျူးလွန်ခံရသူများ ပြန်လည်ထူထောင်လာစေရေးနှင့် ၄င်းတို့၏ ဘဝအား ၄င်းတို့ကိုယ်တိုင် ပြန်လည်ထိန်းချုပ်စီမံခန့်ခွဲနိုင်စေရေးအတွက် ထောက်ပံ့ဆောင်ရွက်ခြင်းဖြင့် ကျူးလွန်ခံရသူများအား စွမ်းအားမြှင့်တင်ရန်။ ၄။ တရားမျှတမှုအား လက်လှမ်းမှီစေရေးကို အာမခံကာ၊ ကျုးလွန်သူများကို တာဝန်ခံစေပြီး၊ နောက်ထပ် အကြမ်းဖက်မခံရအောင် ကာကွယ်ပေးနိုင်မည့် ဥပဒေအထောက်အပံ့များ ပေးအပ်ဆောင်ရွက်သွားရန်။ ၅။ ကျားမအခြေပြု မညီမျှမှုနှင့် ကျူးလွန်သူများ ပြစ်ဒဏ်ခံရခြင်းမှ လွတ်မြောက်နေသည့် သံသရာကို အဆုံးသတ်ရန် မြန်မာနိုင်ငံ၏ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုဆိုင်ရာ ဥပဒေမူဘောင်များကို ဘက်စုံပြုပြင်ပြောင်းလဲရာတွင် အထောက်အကူပြုစေရန်။ ရှိ/ Shield ၏ ဖွဲ့စည်းပုံအကျဥ်းရှိ/ Shield အဖွဲ့ဝင်များ ရှိ/ Shield အဖွဲ့ဝင်များဆိုသည်မှာ အောက်ပါအဖွဲ့ဝင်ခွင့်ဖောင်မှတဆင့် မည်သူတဦးတယောက်၏ အတင်းအဓမ္မခိုင်းစေခြင်းမရှိဘဲ မိမိဆန္ဒသဘောအရ အဖွဲ့၏ အနာဂတ်မျှော်ရည်ချက်၊ လုပ်ငန်းတာဝန်၊ စံတန်ဖိုးနှင့် ရည်ရွယ်ချက်များအပေါ်တွင် ဘုံလက်ခံယုံကြည်မှုရှိသဖြင့် အဖွဲ့ဝင်ဖြစ်လာကြသော သူများဖြစ်သည်။ အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ (Executive Member Team)ရှိ/ Shield အဖွဲ့အား ပူးတွဲတည်ထောင်သူ (၃) ဦးနှင့်အတူ (၂) နှစ်တာ သက်တမ်းရှိမည့် ရွေးကောက်ခံ ဥက္ကဌနှင့် ဒုဥက္ကဌ တို့ဖြင့် ဖွဲ့စည်းထားသည့် အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ (Executive Member Team) နှင့်အတူ အဖွဲ့ဝင်များက ထိန်းကျောင်းစီမံသွားမည့် ဖြစ်သည်။ အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ (Executive Member Team) သည် အကျဥ်းချုပ်အားဖြင့် ရှိ/ Shield ၏ အနာဂတ်မျှော်ရည်ချက်၊ သဘောတူချမှတ်ထားသည့် လုပ်ငန်းတာဝန်များ၊ စံတန်ဖိုးများ နှင့် ရယ်ရွယ်ချက်များနှင့် မသွေဖိီဘဲ ကတိပြုထားသည့် လုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေးကို ထိန်းကျောင်းပြီး၊ အဖွဲ့၏ မဟာဗျူဟာများကို ချမှတ်ရေးဆွဲရာတွင် ကြီးကြပ်သွားမည် ဖြစ်သည်။ အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ဝင် (Executive Team Members) များသည် လုပ်ခလစာခံစားခွင့် မရှိပါ။ အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ (Executive Member Team) သည် အဖွဲ့အစည်းတွင်း ပြသနာဖြေရှင်းသည့် ယန္တယား (Internal Complaint Mechanism) ကို တည်ဆောက်ပြီး အငြင်းပွားမှုများကို ဖြေရှင်းပေးရန် တာဝန်လည်းရှိသည်။ (၂)နှစ်တကြိမ် မဟာဗျူဟာ အစည်းအဝေး (Biennial Strategic Meeting) (၂)နှစ်တကြိမ် မဟာဗျူဟာ အစည်းအဝေးတွင် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲကို ထည့်သွင်းကျင်းပပြုလုပ်ပြီး ဥက္ကဌနှင့် ဒုဥက္ကဌကို အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ (Executive Member Team) နှင့် အဖွဲ့ဝင်များမှ ရွေးချယ်တင်မြှောက်ကြမည် ဖြစ်သည်။ အဖွဲ့ဝင်များမှ အများစုတောင်းဆိုချက်အရ ပုံမှန်မဟုတ်သည့် အရေးပေါ်အစည်းဝေးများလည်း ခေါ်ယူကျင်းပနိုင်သည်။ ဥက္ကဌနှင့် ဒုဥက္ကဌ ဥက္ကဌနှင့် ဒုဥက္ကဌသည် ရွေးကောက်ခံဖြစ်ပြီး (၂) နှစ်တာ သက်တမ်းရှိသည်။ ၄င်းတို့သည် လိုအပ်လျှင် သက်တမ်း (၂) ခါဆက်တိုက်ရွေးချယ်ခံရနိုင်ပြီး တာဝန်ထမ်းဆောင်နိုင်သည်။ သို့သော် သက်တမ်း (၂) ခါဆက်တိုက်ထက်ပို၍ တာဝန်ယူခွင့် မရှိပါ။ ဥက္ကဌနှင့် ဒုဥက္ကဌမှ လုပ်ငန်းကော်မတီ သို့မဟုတ်၊ Programme Team ကို ခန့်အပ်သွားမည် ဖြစ်သည်။ လုပ်ငန်းကော်မတီ သို့မဟုတ်၊ Programme Team သည် သက်တမ်း (၆) လစီ ရှိမည်ဖြစ်ပြီး၊ ဥက္ကဌ၏ ဦးဆောင်အုပ်ချုပ်မှုအောက်တွင် လုပ်ငန်းတာဝန်များကို ထမ်းဆောင်သွားကြရမည် ဖြစ်သည်။ အဖွဲ့အစည်းတွင်း ပြသနာဖြေရှင်းသည့် ယန္တယား (Internal Complaint Mechanism) အဖွဲ့အစည်းတွင်း အငြင်းပွားမှုနှင့် အခြားပြသနာတစုံတရာ ပေါ်ပေါက်ခဲ့သော် ထိုအခြင်းအရာသည် လုပ်ငန်းကော်မတီ သို့မဟုတ်၊ Programme Team အတွင်း ဖြေရှင်းနိုင်လျှင် ဥက္ကဌနှင့် ဒုဥက္ကဌမှ ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ပြီး၊ အကယ်၍ လုပ်ငန်းကော်မတီ သို့မဟုတ်၊ Programme Team ကို ကျော်လွန်သည့် ပြသနာဖြစ်လျှင် အဖွဲ့အစည်းတွင်း ပြသနာဖြေရှင်းသည့် ယန္တယား (Internal Complaint Mechanism) သို့ ချမှတ်ထားသည့် ဆောင်ရွက်ချက်အဆင့်ဆင့်အတိုင်း တိုင်ကြားဖြေရှင်းနိုင်သည်။ အဖွဲ့၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ ရာထူးနှင့်ဝတ္တရားအပြင် ပါဝါတည်ဆောက်ပုံများကို ရှိ/ Shield ၏ ဥပဒေဖြစ်သော ဖွဲ့စည်းပုံ (Constitution) တွင် အကျယ်ရေးသားထားပါသည်။ အထက်ဖော်ပြပါ အနာဂတ်မျှော်ရည်ချက်၊ လုပ်ငန်းတာဝန်၊ စံတန်ဖိုးနှင့် ရည်ရွယ်ချက်များကို လေ့လာပြီး စိတ်ပါဝင်စား၍ အဖွဲ့ဝင်အဖြစ် ပါဝင်ဝန်းရံလိုပါက အဖွဲ့ဝင်အဖြစ်လျှောက်လွှာ တင်သွင်းနိုင်ပါတယ်။ အဖွဲ့ဝင်ခွင့်ဖောင်ကို အောက်ဆုံးမှာ တင်ပြပေးထားပါတယ်။ ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းပါဝင်ကြဖို့လည်း လေးစားစွာဖိတ်ခေါ်ပါတယ်။
ရှိ/Shield" Member Intake Form ယခုလင့်မှ အဖွဲ့ဝင်အဖြစ်လျှောက်လွှာ တင်သွင်းနိုင်ပါတယ်။
In English Below
Introduction to Shield and invitation to MembersShield’s Future GoalsShield envisions a future where women, girls, and transgender women can fully exercise their human rights, experience freedom and empowerment, and live free from gender discrimination and all forms of sexual and gender-based violence, regardless of their intersecting identities, including but not limited to skin color, race, sexual orientation, socioeconomic status, age, and religion. To gather and consolidate data on gender and sex-based violence events in order to strengthen evidence-based research and advocacy initiatives. [In circumstances where victims refuse, all information that can be used to identify names or identities will be collected without being made public.]To aid in the rehabilitation and reintegration of individuals who have perpetrated gender-based and sex-based violence, allowing them to reclaim control of their lives and manage them freely.To ensure access to justice by holding offenders accountable and providing legal assistance to prevent further violence.To abolish the impunity of individuals who have escaped punishment for gender-based and sex-based violence, as well as to contribute to the comprehensive revision and reform of Myanmar's legal frameworks governing gender and sex-based violence.Shield Structure and MembersShield Members:Shield members are those who joined the group because they believe in the group's future aims, business obligations, principles, and ambitions, without being coerced or forced. They willingly join the group using the membership application form and believe in its mission and beliefs.The Executive Member TeamShield's activities will be overseen and managed by the Executive Member Team, which consists of the three co-founders and the elected President and Vice President, each of whom will serve two-year terms.In summary, the Executive Member Team will manage the group's future goals, agreed-upon corporate duties, values, and objectives while guaranteeing that committed operations are carried out without deviation. They will also be in charge of designing the group's strategies. Members of the Executive Member Team will not be paid a salary.The Executive Member Team is also in charge of building an internal complaint procedure within the business to settle any disagreements.Strategic Meeting of the BiennialEvery two years, a Biennial Strategic Meeting will be convened, during which there will be an election that is open to everybody and transparent. Together with the organization's members, the Executive Member Team will choose and select the President and Vice President.On the majority of members' requests, emergency meetings—which are not regular—can also be called and scheduled.President and Vice PresidentThe elected president and vice president have two-year terms. They can serve no more than two consecutive terms, however they can be re-elected for a second two-year term if needed.Members of the task committees or program teams will be assigned by the president and vice president. For a period of six months, these committees or program teams will function, and the president will serve as their leader.Internal Complaint Mechanism.If a conflict or other issue emerges inside the organization, it will first be resolved by task committees or Program Teams. If the problem can be solved within those groups, the President and Vice President will tackle it. If the issue surpasses the scope of the task committees or Programme Teams, it can be reported and resolved through the internal complaint system in accordance with the established processes.Shield's governing statute, the Constitution, outlines the organization's structure, functions, responsibilities, and power allocation.If you have examined the group's future goals, business duties, values, and objectives and are interested in becoming a member, you may submit an application. The membership application form is found at the bottom. We cordially encourage you to participate and interact with us.
ရှိ/ Shield ၏ အနာဂတ်မျှော်ရည်ချက်ရှိ/ Shield သည် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အမျိုးသမီးကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သူများအားလုံး မိမိတို့၏ လူ့အခွင့်အရေးကို အပြည့်အဝ ကျင့်သုံးနိုင်ပြီး၊ လွတ်လပ်မှုနှင့် စွမ်းအားမြှင့်တင်မှုကို တွေ့ကြုံခံစားရကာ၊ အသားအရောင်၊ လူမျိုး၊ လိင်စိတ်တိမ်းညွတ်မှု၊ လူမှုစီးပွားအဆင့်အတန်း၊ အသက်အရွယ်နှင့် ဘာသာရေး ဝိသေသလက္ခဏာများ အပါအဝင် တစ်ခုထက်ပိုထိစပ်နေသည့် အခြားမည်သည့်ဝိသေသလက္ခဏာများနှင့်မဆို သက်ဆိုင်မှုမရှိစေဘဲ ကျားမအခြေပြု ခွဲခြားဆက်ဆံမှုနှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှု ပုံစံအားလုံးမှ ကင်းလွတ်စွာ နေထိုင်နိုင်သော အနာဂတ်ကို မျှော်မှန်းပါသည်။ ရှိ/ Shield ၏ လုပ်ငန်းတာဝန်အဖွဲ့အစည်းသည် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် နှစ်သိမ့်အကြံပေးဆွေးနွေးပေးခြင်း၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများအား မှတ်တမ်းတင်ခြင်း၊ ဥပဒေရေးရာ ပံ့ပိုးမှုနှင့် ပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများ ထောက်ပံ့ပေးအပ်လုပ်ဆောင်ခြင်းဖြင့် လွတ်မြောက်လာသူများအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် နှင့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ပါသည်။ တချိန်တည်းမှာပင် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် အမျိုးသမီးကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သူများအားလုံးအတွက် လုံခြုံပြီး ထောက်ခံပံ့ပိုးသော ပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်စေရန် မူဝါဒရေးရာနှင့် လက်တွေ့အလေ့အထများပြောင်းလဲရန် စည်းရုံးလှုံ့ဆော်မှုများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။ ရှိ/ Shield ၏ စံတန်ဖိုးရှိ/ Shield အဖွဲ့အစည်းသည် လူ့အခွင့်အရေးကို မြှင့်တင်ခြင်း၊ ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ခြင်း၊ တန်းတူညီမျှမှုကို မြှင့်တင်ခြင်း၊ ကျားမရေးရာမတူကွဲပြားသည့် အတွေ့အကြုံများအပေါ် လက်ခံသိမြင်မှုအား မြှင့်တင်ခြင်း၊ လူ့အဖွဲ့အစည်းနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ခြင်း၊ စာနာမှုနှင့် မေတ္တာတရားဖြင့် ဆောင်ရွက်ခြင်း၊ တရားမျှတမှုပုံစံအားလုံးအတွက် အတူတကွရပ်တည်ခြင်း စသည့် စံတန်ဖိုးတို့ဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသော အဖွဲ့အစည်းဖြစ်ပါသည်။ရှိ/ Shield ၏ ရည်ရွယ်ချက်၁။ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုကို တွေ့ကြုံခံစားနေရပြီး အရေးပေါ်အကူညီလိုအပ်နေသည့် အမျိုးသမီးများ၊ မိန်းကလေးများနှင့် အမျိုးသမီးကဲ့သို့ ပြောင်းလဲဝတ်ဆင်နေထိုင်သောသူများအတွက် လုံခြုံပြီး လက်လှမ်းမှီသော နေရာတစ်ခုကို ထောက်ပံ့ပေးနိုင်သည့် ရေရှည်တည်တံ့ခိုင်မြဲသော အရေးပေါ်တုံ့ပြန်ဆောင်ရွက်ခြင်း ယန္တရားတစ်ခု တည်ထောင်ရန်။ ၂။ သက်သေခိုင်မာသော လေ့လာဆန်းစစ်သုံးသပ်ချက်များနှင့် စည်းရုံးလှုံ့ဆော်မှုများ ပိုမိုအားကောင်းလာစေမည့် လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုဖြစ်ရပ်များအား စာရင်းကောက်ယူစုဆောင်းရန်။ [ကျူးလွန်ခံရသူများမှ သဘောမတူလျှင် အမည်နှင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသတ်မှတ်နိုင်မည့် အချက်အလက်များကို အများပြည်သူသို့ မှတ်တမ်းတင်ချပြခြင်းမရှိဘဲ ကောက်ယူသွားမည် ဖြစ်သည်။] ၃။ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှု ကျူးလွန်ခံရသူများ ပြန်လည်ထူထောင်လာစေရေးနှင့် ၄င်းတို့၏ ဘဝအား ၄င်းတို့ကိုယ်တိုင် ပြန်လည်ထိန်းချုပ်စီမံခန့်ခွဲနိုင်စေရေးအတွက် ထောက်ပံ့ဆောင်ရွက်ခြင်းဖြင့် ကျူးလွန်ခံရသူများအား စွမ်းအားမြှင့်တင်ရန်။ ၄။ တရားမျှတမှုအား လက်လှမ်းမှီစေရေးကို အာမခံကာ၊ ကျုးလွန်သူများကို တာဝန်ခံစေပြီး၊ နောက်ထပ် အကြမ်းဖက်မခံရအောင် ကာကွယ်ပေးနိုင်မည့် ဥပဒေအထောက်အပံ့များ ပေးအပ်ဆောင်ရွက်သွားရန်။ ၅။ ကျားမအခြေပြု မညီမျှမှုနှင့် ကျူးလွန်သူများ ပြစ်ဒဏ်ခံရခြင်းမှ လွတ်မြောက်နေသည့် သံသရာကို အဆုံးသတ်ရန် မြန်မာနိုင်ငံ၏ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုဆိုင်ရာ ဥပဒေမူဘောင်များကို ဘက်စုံပြုပြင်ပြောင်းလဲရာတွင် အထောက်အကူပြုစေရန်။ ရှိ/ Shield ၏ ဖွဲ့စည်းပုံအကျဥ်းရှိ/ Shield အဖွဲ့ဝင်များ ရှိ/ Shield အဖွဲ့ဝင်များဆိုသည်မှာ အောက်ပါအဖွဲ့ဝင်ခွင့်ဖောင်မှတဆင့် မည်သူတဦးတယောက်၏ အတင်းအဓမ္မခိုင်းစေခြင်းမရှိဘဲ မိမိဆန္ဒသဘောအရ အဖွဲ့၏ အနာဂတ်မျှော်ရည်ချက်၊ လုပ်ငန်းတာဝန်၊ စံတန်ဖိုးနှင့် ရည်ရွယ်ချက်များအပေါ်တွင် ဘုံလက်ခံယုံကြည်မှုရှိသဖြင့် အဖွဲ့ဝင်ဖြစ်လာကြသော သူများဖြစ်သည်။ အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ (Executive Member Team)ရှိ/ Shield အဖွဲ့အား ပူးတွဲတည်ထောင်သူ (၃) ဦးနှင့်အတူ (၂) နှစ်တာ သက်တမ်းရှိမည့် ရွေးကောက်ခံ ဥက္ကဌနှင့် ဒုဥက္ကဌ တို့ဖြင့် ဖွဲ့စည်းထားသည့် အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ (Executive Member Team) နှင့်အတူ အဖွဲ့ဝင်များက ထိန်းကျောင်းစီမံသွားမည့် ဖြစ်သည်။ အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ (Executive Member Team) သည် အကျဥ်းချုပ်အားဖြင့် ရှိ/ Shield ၏ အနာဂတ်မျှော်ရည်ချက်၊ သဘောတူချမှတ်ထားသည့် လုပ်ငန်းတာဝန်များ၊ စံတန်ဖိုးများ နှင့် ရယ်ရွယ်ချက်များနှင့် မသွေဖိီဘဲ ကတိပြုထားသည့် လုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေးကို ထိန်းကျောင်းပြီး၊ အဖွဲ့၏ မဟာဗျူဟာများကို ချမှတ်ရေးဆွဲရာတွင် ကြီးကြပ်သွားမည် ဖြစ်သည်။ အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ဝင် (Executive Team Members) များသည် လုပ်ခလစာခံစားခွင့် မရှိပါ။ အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ (Executive Member Team) သည် အဖွဲ့အစည်းတွင်း ပြသနာဖြေရှင်းသည့် ယန္တယား (Internal Complaint Mechanism) ကို တည်ဆောက်ပြီး အငြင်းပွားမှုများကို ဖြေရှင်းပေးရန် တာဝန်လည်းရှိသည်။ (၂)နှစ်တကြိမ် မဟာဗျူဟာ အစည်းအဝေး (Biennial Strategic Meeting) (၂)နှစ်တကြိမ် မဟာဗျူဟာ အစည်းအဝေးတွင် ပွင့်လင်းမြင်သာ၍ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲကို ထည့်သွင်းကျင်းပပြုလုပ်ပြီး ဥက္ကဌနှင့် ဒုဥက္ကဌကို အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ (Executive Member Team) နှင့် အဖွဲ့ဝင်များမှ ရွေးချယ်တင်မြှောက်ကြမည် ဖြစ်သည်။ အဖွဲ့ဝင်များမှ အများစုတောင်းဆိုချက်အရ ပုံမှန်မဟုတ်သည့် အရေးပေါ်အစည်းဝေးများလည်း ခေါ်ယူကျင်းပနိုင်သည်။ ဥက္ကဌနှင့် ဒုဥက္ကဌ ဥက္ကဌနှင့် ဒုဥက္ကဌသည် ရွေးကောက်ခံဖြစ်ပြီး (၂) နှစ်တာ သက်တမ်းရှိသည်။ ၄င်းတို့သည် လိုအပ်လျှင် သက်တမ်း (၂) ခါဆက်တိုက်ရွေးချယ်ခံရနိုင်ပြီး တာဝန်ထမ်းဆောင်နိုင်သည်။ သို့သော် သက်တမ်း (၂) ခါဆက်တိုက်ထက်ပို၍ တာဝန်ယူခွင့် မရှိပါ။ ဥက္ကဌနှင့် ဒုဥက္ကဌမှ လုပ်ငန်းကော်မတီ သို့မဟုတ်၊ Programme Team ကို ခန့်အပ်သွားမည် ဖြစ်သည်။ လုပ်ငန်းကော်မတီ သို့မဟုတ်၊ Programme Team သည် သက်တမ်း (၆) လစီ ရှိမည်ဖြစ်ပြီး၊ ဥက္ကဌ၏ ဦးဆောင်အုပ်ချုပ်မှုအောက်တွင် လုပ်ငန်းတာဝန်များကို ထမ်းဆောင်သွားကြရမည် ဖြစ်သည်။ အဖွဲ့အစည်းတွင်း ပြသနာဖြေရှင်းသည့် ယန္တယား (Internal Complaint Mechanism) အဖွဲ့အစည်းတွင်း အငြင်းပွားမှုနှင့် အခြားပြသနာတစုံတရာ ပေါ်ပေါက်ခဲ့သော် ထိုအခြင်းအရာသည် လုပ်ငန်းကော်မတီ သို့မဟုတ်၊ Programme Team အတွင်း ဖြေရှင်းနိုင်လျှင် ဥက္ကဌနှင့် ဒုဥက္ကဌမှ ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ပြီး၊ အကယ်၍ လုပ်ငန်းကော်မတီ သို့မဟုတ်၊ Programme Team ကို ကျော်လွန်သည့် ပြသနာဖြစ်လျှင် အဖွဲ့အစည်းတွင်း ပြသနာဖြေရှင်းသည့် ယန္တယား (Internal Complaint Mechanism) သို့ ချမှတ်ထားသည့် ဆောင်ရွက်ချက်အဆင့်ဆင့်အတိုင်း တိုင်ကြားဖြေရှင်းနိုင်သည်။ အဖွဲ့၏ ဖွဲ့စည်းတည်ဆောက်ပုံ၊ ရာထူးနှင့်ဝတ္တရားအပြင် ပါဝါတည်ဆောက်ပုံများကို ရှိ/ Shield ၏ ဥပဒေဖြစ်သော ဖွဲ့စည်းပုံ (Constitution) တွင် အကျယ်ရေးသားထားပါသည်။ အထက်ဖော်ပြပါ အနာဂတ်မျှော်ရည်ချက်၊ လုပ်ငန်းတာဝန်၊ စံတန်ဖိုးနှင့် ရည်ရွယ်ချက်များကို လေ့လာပြီး စိတ်ပါဝင်စား၍ အဖွဲ့ဝင်အဖြစ် ပါဝင်ဝန်းရံလိုပါက အဖွဲ့ဝင်အဖြစ်လျှောက်လွှာ တင်သွင်းနိုင်ပါတယ်။ အဖွဲ့ဝင်ခွင့်ဖောင်ကို အောက်ဆုံးမှာ တင်ပြပေးထားပါတယ်။ ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းပါဝင်ကြဖို့လည်း လေးစားစွာဖိတ်ခေါ်ပါတယ်။
ရှိ/Shield" Member Intake Form ယခုလင့်မှ အဖွဲ့ဝင်အဖြစ်လျှောက်လွှာ တင်သွင်းနိုင်ပါတယ်။
မှတ်ချက် မရှိသေးပါ။