ရှိ/Shield ၏ ရွေးကောက်ပွဲရလဒ်ကြေညာချက်

SHIELD Apr 10, 2026 1 views 6 min read
Share:
ယခင်သတင်း
ရွေးကောက်ပွဲရလာဒ်ဖြင့်ဆုံးဖြတ်ကြောင်း အသိပေးကြေညာခြင်း။
နောက်ထပ်သတင်း
မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်
ရှိ/Shield ၏ ရွေးကောက်ပွဲရလဒ်ကြေညာချက် ဥက္ကဌ နှင့် ဒုတိယဥက္ကဌ ရွေးချယ်တင်မြှောက်ခြင်းShield အဖွဲ့၏ ဥက္ကဌ နှင့် ဒုတိယဥက္ကဌ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ ရက်နေ့ တွင် ကျင်းပပြီးဆီးခဲ့ပြီဖြစ်ပါသည်။"မထိပ်ထား" သည် "ဥက္ကဋ္ဌ" အဖြစ် မဲအများဆုံး ရရှိကာ ရွေးချယ်ခံရပြီး၊ "မမိုးသဲစေ" သည် "ဒုတိယဥက္ကဋ္ဌ" အဖြစ် မဲအများဆုံးရရှိကာ ရွေးချယ်ခံရသည်။ရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၇ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ ကျင်းပခဲ့ပြီး၊ ပွင့်လင်းမြင်သာ၍ လွတ်လပ်စွာ မဲပေးခွင့်စနစ်ဖြင့် ရှိ/ Shield အဖွဲ့ဝင်များက မဲပေးခဲ့သည်။ မဲရေတွက်မှုအား မဲပေးခြင်း ပြီးဆုံးချိန်တွင် ချက်ချင်းစတင်ခဲ့ပြီး၊ တိကျမှန်ကန်ရှိစေရန် ရွေးကောင်ပွဲတွင် ပါဝင်ခြင်းမရှိသော ရှိ/ Shield အဖွဲ့၏ ရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မတီဝင်များမှ သေချာစိစစ်ဆောင်ရွက် အတည်ပြုခဲ့သည်။ရှိ/ Shield သည် အဖွဲ့ဝင်အခြေပြုဖွဲ့စည်းထားပြီး၊ အစိုးရမဟုတ်သော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းဖြစ်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် တည်ထောင်ခဲ့ပြီး လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြု အကြမ်းဖက်မှုများကို တုံ့ပြန်ပြီး ထိုအကြမ်းဖက်မှုများမှ လွတ်မြောက်လာသူများအား အရေးပေါ် ကယ်ဆယ်ရေးအကူအညီများပေးအပ်ခြင်း၊ ဥပဒေရေးရာ အထောက်အပံ့ပေးခြင်း၊ နှင့် ပြန်လည်ကြံ့ခိုင်လာစေရန် ကြိုးပမ်းမှုများ လုပ်ဆောင်ပေးခြင်း၊ အစရှိသည့် ဝန်ဆောင်မှုများပေးအပ်သည့် အဖွဲ့အစည်းဖြစ်သည်။ ထို့အပြင်၊ ရှိ/Shield သည် အမျိုးသမီးများ၊ မိန်းကလေးများ၊ နှင့် Transgender များအတွက် လုံခြုံမှုရှိပြီး အထောက်အပံ့ဖြစ်စေသော ပတ်ဝန်းကျင် ရရှိစေရန် ဥပဒေနှင့် မူဝါဒပြုပြင်ပြောင်းလဲရေးများကို ပြုလုပ်ခြင်း အစရှိတဲ့ လှုပ်ရှားမှုများဆောင်ရွက်သည့်အဖွဲ့ ဖြစ်သည်။ပိုမိုသိရှိလိုပါက shield.org28@gmail.com ကိုဆက်သွယ်နိုင်ပါသည်။လေးစားစွာဖြင့်ရှိ/ Shield ရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မတီIn English BelowShield Announces Election Results: New Chair and Co-Chair ElectedShield is pleased to announce the results of its Chair and Co-Chair election, conducted on February 17, 2025. As a result of the voting, "Ma Htake Htar" has been elected as "Chair", while "Ma Moethae Say" has secured the position of "Co-Chair", having received the highest number of votes for their respective roles.The election took place from 9:00 AM to 4:00 PM, allowing members to cast their votes in an open and fair process. Vote counting commenced immediately by Shield’s Voting Working Committee members after the polls closed to ensure accuracy and transparency.Shield is a membership-based, non-profit, non-governmental organisation founded in January 2025, dedicated to addressing sexual and gender-based violence, and empowering survivors through emergency response, legal support, and regeneration efforts. The organisation also advocates for law and policy reforms to ensure a safe and supportive environment for all women, girls, and transgender women. For more information, contact shield.org28@gmail.com

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။