" တောင်ကြီးရပ်ကွက်၊ အရှေ့ဆင်တ်ိုင်၊ အမရပူရမြို့ အိမ်ခြေများထံသို့ လှူဒါန်းမှု "
SHIELD
Apr 10, 2026
1 views
2 min read
" တောင်ကြီးရပ်ကွက်၊ အရှေ့ဆင်တ်ိုင်၊ အမရပူရမြို့ အိမ်ခြေများထံသို့ လှူဒါန်းမှု " "ရှိ/ Shield Women Organization ၏ မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီဖေးမမည့် အစီအစဉ်"က တောင်ကြီးရပ်ကွက်၊ အရှေ့ဆင်တ်ိုင်၊ အမရပူရမြို့မှ ငလျင်ဒဏ်ခံစားခဲ့ရသော မိဘပြည်သူများအတွက် အိမ်ခြေ (၅၅) အိမ်အား မြန်မာငွေကျပ် သိန်း (၃၀) ကျပ် အသုံးပြုကာ ဧပြီလ ၂၁ ရက်၊ ၂၀၂၅ တွင် အခြေခံစားနပ်ရိက္ခာများကို အိမ်ထောင်တစ်စုလျှင် ဆန် ၂ ပြည်၊ ဆီ ၁ ပိဿာ၊ အားလူ ၅၀ သား၊ ကြက်သွန် ၅၀ သား၊ ခေါက်ဆွဲခြောက် ၅ ထုပ်၊ သွားတိုက်ဆေးတစ်ဘူး၊ ငါးသေတ္တာ ၂ ဘူး၊ ကြက်ဥ ၁၀ လုံး၊ ဆား၊ ခြင်ဆေး၊ ဆပ်ပြာ တို့ကို ဝေမျှကူညီပေးခဲ့ပါသည်။"အိုဆာကာ မြို့ပတ်အလှူခံအဖွဲ့မှ" တဆင့် လှူဒါန်းကူညီပေးခဲ့သော အလှူရှင်များနှင့် အဖွဲ့ကိုယ်စား တာ၀န်ယူကူညီလှူဒါန်းပေးပါသော မန္တလေးမြို့မှ မအန်နာ မိသားစု အားလည်း မိဘပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ယခု Post မှ မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါရစေ။
မှတ်ချက် မရှိသေးပါ။