ရွေးကောက်ပွဲရလာဒ်ဖြင့်ဆုံးဖြတ်ကြောင်း အသိပေးကြေညာခြင်း။
SHIELD
Apr 10, 2026
1 views
4 min read
ရှိ/ Shield’အဖွဲ့၏ အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ (Executive Member Team) ဝင် ဉက္ကဌနှင့် ဒုဉက္ကဌ ရာထူးအား ရွေးကောက်ပွဲရလာဒ်ဖြင့်ဆုံးဖြတ်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း။ ရှိ/ Shield အဖွဲ့အား အဖွဲ့ပူးတွဲတည်ထောင်သူ ၃ ဦးဖြင့် ကနဦး ဖွဲ့စည်းထားခဲ့ပြီး၊ ရှိ/ Shield ၏ ဖွဲ့စည်းပုံအရ အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ (Executive Member Team) အား ပူးတွဲတည်ထောင်သူများအပါအဝင် (၂) နှစ်တာ သက်တမ်းရှိမည့် ဥက္ကဌ၊ ဒုတိယဥက္ကဌ နှစ်ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်သည်။ သို့ပါ၍ ထို ဥက္ကဌနှင့် ဒုတိယဥက္ကဌ ရာထူးများကို ရွေးကောက်ရွေးချယ်ရန် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ရှိ/ Shield ၏ အဖွဲ့ဝင်များအားလုံးပါဝင် မဲပေးရွေးချယ်ခွင့်ရှိသော ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲတစ်ရပ်အား ကျင်းပသွားမည် ဖြစ်ပါသည်။ ဥက္ကဌနှင့် ဒုတိယဥက္ကဌ အဖြစ် အရွေးချယ်ခံရန် ဖိတ်ခေါ်ခြင်းလုပ်ငန်းကို တရားဝင်ဖိတ်ကြားခဲ့ရာ စုစုပေါင်းကိုယ်စားလှယ် (၁၁) ဦးလျှောက်ထားခဲ့ကြပါသည်။ ရွေးကောက်ပွဲဖြစ်မြောက်ရေး ကော်မတီအနေဖြင့် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြန်လည်စိစစ်ရွေးချယ်ခဲ့ရာ ကိုယ်စားလှယ်လောင်း (၉) ဦးကို ရွေးချယ်နိုင်ခဲ့ပါသည်။ ယင်းကိုယ်စားလှယ်လောင်းများ၏ အမည်နှင့် မြန်မာပြည်အရေး လှုပ်ရှားဆောင်ရွက်ခဲ့မှုနောက်ခံအခြေအနေအကျဥ်းချုပ်များအား ပုံတစ်ပုံချင်းစီတွင် လေ့လာနိုင်ပါသည်။ [လုံခြုံရေးအခြေအနေကြောင့် Pseudonym များဖြင့်သာ ဖော်ပြထားပါသည်။]ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲတွင် ယခုလက်ရှိ ကိုယ်စားလှယ်လောင်း (၉) ဦးထဲမှ ဥက္ကဌနှင့် ဒုတိယဥက္ကဌ ကို အဖွဲ့ဝင် (မန်ဘာဝင်) ထားသူများသာ မဲပေးရွေးချယ်ခွင့် ရရှိမည်ဖြစ်ပြီး မဲရလဒ်များကို ဖော်ပြပါ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် တခါတည်း ထုတ်ပြန်ကြောညာသွားပါမည်။ ထို့အပြင် ရှိ/ Shield အဖွဲ့၏ အမှုဆောင်စီမံခန့်ခွဲမှုအဖွဲ့ (Executive Member Team) များအားလည်း တခါတည်း ကြေညာမိတ်ဆက်သွားမည် ဖြစ်သည်။ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်စဉ်များနှင့် ဦးဆောင်ကော်မတီ အောင်မြင်စွာ ဖွဲ့စည်းနိုင်ရေး၊ ပွင့်လင်းမြင်သာသည့် မဲစနစ်ဖြစ်ပေါ်လာရေးအတွက် ဖြစ်မြောက်ရေးကော်မတီမှ ဆောင်ရွက်လျှက်ရှိပါသည်။ရှိ/ Shield အဖွဲ့၏ အနာဂတ်မျှော်ရည်ချက်၊ လုပ်ငန်းတာဝန်၊ စံတန်ဖိုးနှင့် ရည်ရွယ်ချက်များကို အောက်ပါလင့်ခ်တွင် သွားရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။
မှတ်ချက် မရှိသေးပါ။