မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်
SHIELD
Apr 10, 2026
1 views
2 min read
မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အထိမ်းအမှတ်အဖြစ်Talk Waves မှကျင်းပမည့် International Women’s Day Online Event တွင် Shield Women Organization ၏ ဥက္ကဌ မထိပ်ထား လည်းပါဝင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။ဤပွဲသည် အမျိုးသမီးများ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် နိုင်ငံရေး နယ်ပယ်မှ ထူးချွန်ထင်ရှားသော စွမ်းဆောင်မှုများကို ဂုဏ်ပြုပေးရန်ရည်ရွယ်ပါသည်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့သည် အမျိုးသမီးများ ရင်ဆိုင်နေရသော အခက်အခဲများကို ကျော်လွှားကာ လူ့အဖွဲ့အစည်းအတွင်း အချင်းချင်းအားပေးကာ အမျိုးသမီးများ၏ အသံများကို အားလုံးကြားနိုင်အောင် မြှင့်တင်ပေးကြဖို့အတွက် ကြိုဆိုနေပါသည်။ ပွဲအစီစဉ်မှာအောက်ပါအတိုင်းဖြစ်ပြီး
Date: 8th March 2025 (Saturday)
Time: 10:00 AM MMT
Join us Online!စိတ်ပါဝင်စားပါက ဤRegister linkတွင် မိမိ၏ အချက်အလက်များကိုဖြည့်စွက်၍ နိုင်ငံတကာ အမျိုးသမီးများနေ့ ဆွေးနွေးပွဲ သို့ Zoom လင့်ခ်မှတစ်ဆင့် ပါဝင်ရန် တက်ရောက်နိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
မှတ်ချက် မရှိသေးပါ။