“ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းဖိတ်ခေါ်ခြင်း”
SHIELD
Apr 10, 2026
1 views
4 min read
“ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းဖိတ်ခေါ်ခြင်း”ရှိ/ Shield အဖွဲ့ကို မကြာခင်အချိန်တွင် ဦးဆောင်ကော်မတီ၀င်များ ရွေးကောက်တင်မြှောက်ကာ တရားဝင်ဖွဲ့စည်းသွားတော့မည် ဖြစ်ပါသည်။ရှိ/ Shield အဖွဲ့အစည်းသည် လူ့အခွင့်အရေးကို မြှင့်တင်ခြင်း၊ ခွဲခြားဆက်ဆံမှုများကို တိုက်ဖျက်ခြင်း၊ တန်းတူညီမျှမှုကို မြှင့်တင်ခြင်း၊ ကျားမရေးရာ ထိခိုက်မခံမှုကို မြှင့်တင်ခြင်း၊ လူထုနှင့်အတူ စည်းလုံးညီညွတ်စွာ ရပ်တည်ခြင်း၊ စာနာမှုနှင့် မေတ္တာတရားဖြင့် ဆောင်ရွက်ခြင်း၊ တရားမျှတမှုပုံစံအားလုံးအတွက် ရပ်တည်ပြောဆိုပေးခြင်း တို့ကို ဆောင်ရွက်ရန် ကတိကဝတ်ပြုထားသော အဖွဲ့အစည်းဖြစ်ပါသည်။များမကြာမီအချိန်အတွင်း ရှိ/ Shield အဖွဲ့ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်စဉ်များနှင့် ဦးဆောင်ကော်မတီ အောင်မြင်စွာ ဖွဲ့စည်းနိုင်ရေးအတွက် ပွင့်လင်းမြင်သာမှုရှိသော မဲစနစ်ဖြင့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပတော့မည်ဖြစ်သဖြင့် ဦးဆောင်ကော်မတီဝင်အဖြစ် ဝင်ရောက်ရွေးချယ်ခံရန် အဖွဲ့ဝင်များကို ဖိတ်ခေါ်ပါသည်။ရှိ/Shield ဦးဆောင်ကော်မတီကို တော်လှန်ရေးတွင်ပါဝင်နေကြသူများနှင့်သာ ဖွဲ့စည်းမည်ဖြစ်သည့်အတွက် တော်လှန်ရေးထဲမှ ရှိ/Shield အဖွဲ့ဝင်ရောက်ထားသူများသာ ရွေးကောက်ပွဲပါဝင်ခွင့် ပြုမည်ဖြစ်ပါသည်။ဦးဆောင်ကော်မတီဝင်အဖြစ် ဝင်ရောက်ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် အောက်ပါ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း တင်သွင်းလွှာကို ဖြည့်ကြားပေးစေလိုပါသည်။ **၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာတင်ပေးကြဖို့ တိုက်တွန်း ကြိုဆိုပါသည်။Election Application Form တွင် ဖြေဆိုသည့်အချက်အလက်များကို ရွေးကောက်ပွဲဖြစ်မြောက်ရေးကော်မတီအတွင်းသာ အသုံးပြုသွားမည်ဖြစ်ပြီး ကိုယ်ရေးအချက်အလက်လုံခြုံမှုရှိစေရန် ထိန်းသိမ်းထားမည်ဖြစ်ပါသည်။ ထပ်မံသိရှိလိုသည်များ ရှိပါက shield.org28@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။Election Application Form ကိုအောက်ဖော်ပြပါ QR code ကို Scan ဖတ်၍ တင်သွင်းနိုင်သလို Google Form Link မှတဆင့်လည်း တင်သွင်းနိုင်ပါသည်။(ဉီးဆောင်ကော်မတီရွေးကောက်ပွဲဝင်ခွင့်ဖောင်)
Election Application Form
Election Application Form
မှတ်ချက် မရှိသေးပါ။