ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာ

SHIELD Apr 10, 2026 2 views 20 min read
Share:
ယခင်သတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာ
နောက်ထပ်သတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာ
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Team ၏ ဧပြီလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း၁။ အခြေခံ အချက်အလက်များမတ်လ လက်ကျန်အမှုများ - ၆ မှုဧပြီလ အသစ်တိုင်ကြားသောအမှုများ - ၇ မှုစုစုပေါင်းစုံစမ်းစစ်ဆေးသော အမှုများ - ၁၃မှု ပြီးဆုံးသည့်အမှုများ - ၃ မှုလွဲပြောင်းမည့်အမှုများ - ၂ မှုမေလအတွင်းလုပ်ဆောင်ရန်ကျန်ရှိသောအမှုများ - ၁၀ မှု၂။ အမှုအကျဉ်းချုပ်အမှုနံပါတ် - Case-0001 အမှုအမည် - လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုစုံစမ်းမှုအဆင့် - ပြီးဆုံးတွေ့ရှိချက်က) ပြောဆိုသူအမျိုးသားမှ Video နှင့် Post တင်ကာ နစ်နာသူအား တောင်းပန်ထားခြင်း။ခ) Post တင်တောင်းပန်ထားသော်လည်း နောက်ပိုင်းတွင် ပြန်လည်ဖျက်သိမ်းသွားခြင်း။ဂ) အမျိုးသား၏ အဖွဲ့အစည်းမှ နစ်နာသူအား ကျေနပ်စေရန် ကတိပေးထားသော်လည်း အချို့အချက်များအား မလုပ်ဆောင်ပေးခြင်း။ဆောင်ရွက်ချက်များနှင့် စိန်ခေါ်မှုများက) အမျိုးသား၏ အဖွဲ့အစည်းထံမှ ခံဝန်ကတိများ လိုက်လံတောင်းဆိုခြင်း။ခ) အမျိုးသား၏ အဖွဲ့အစည်းအား ကျေးဇူးတင်ကြောင်း နှင့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်း။ဂ) နစ်နာသူ သဘောတူကျေနပ်သည်ထိ ချိတ်ဆက်ကူညီဆောင်ရွက်ပေးခြင်း။အမှုနံပါတ် - Case-0006 အမှုအမည် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံးစမ်းမှုအဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်က) နစ်နာသူအား ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု Video များဖြင့် သက်သေထူနိုင်ခြင်း။ခ) ကျူးလွန်သူမှ ဆိုရှယ်မီဒီယာပေါ်တွင် ဝန်ခံချက်များ ဖော်ပြထားခြင်း။ဂ) ကျူးလွန်သူ ကိုယ်ထိလက်ရောက် အမှန်တကယ် ကျူးလွန်မိကြောင်းကိုလည်း ကျူးလွန်သူ၏ မိတ်ဆွေတစ်ဦးမှ ဖော်ပြထားခြင်း။ဃ) နစ်နာသူအား ပြန်လည် တရားစွဲဆို အမှုဖွင့်ထားခြင်း။အခက်အခဲနှင့်စိန်ခေါ်မှုများက) ကျူးလွန်သူအား ဆိုရှယ်မီဒီယာများမှ လိုက်လံ ဆက်သွယ်သော်လည်း ဆက်သွယ်၍မရခြင်း။ခ) ကျူးလွန်သူအား စာတိုက်ရုံးမှတစ်ဆင့် စာအိတ်ပို့ဆက်သွယ်မှသာ နှစ်ဖက်အသံနားထောင်ခွင့်ခွင့်ရခဲ့ခြင်း။ဂ) နစ်နာသူ အမှုဖွင့်တိုင်ကြားနိုင်ရန် ဘန်ကောက်သို့ သွားရောက်ကူညီဆောင်ရွက်ပေးခြင်း။ဃ) ကျူးလွန်သူဘက်မှ အမှုပြန်လည်ဖွင့်ဆိုထားသည့် ထူးခြားချက်များကို အမြဲလေ့လာပြီး ချိတ်ဆက်မှုများဆောင်ရွက်ပေးနေခြင်း။အမှုနံပါတ် - Case-0007 အမှုအမည် - လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစုံစမ်းမှုအဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်က) အသက်မပြည့်သေးသည့် ကလေးငယ်အား လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့ခြင်း။ခ) နှစ်ပေါင်းများစွာ တိမ်းရှောင်နေမှု၊ အရေးယူမှု မရှိသေးခြင်း။ဆောင်ရွက်မှုက) အမှန်တရားရရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိခြင်း။ခ) နစ်နာသူဘက်မှ အကူညီတောင်းခံထားသောအခြားအဖွဲ့အစည်းများအား ရှိ/shield အမျိုးသမီးအဖွဲ့မှ ပူပေါင်းဆောင်ရွက်ခွင့်တောင်းခြင်း။ဂ) နစ်နာသူအား ထိုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆောင်ရွက်နိုင်ရန် အတွက် စီစဉ်ဆောင်ရွက်ပေးနေခြင်း။ဃ) ပူးပေါင်းခွင့်တောင်းထားသောအဖွဲ့များမှ ထိုအမှုကို ရှိ/Shield အဖွဲ့သို့ပြန်လည်လွှဲပြောင်းပေးမည်ဆိုသဖြင့် ဆက်လက်ဆောင်ရွက်ရမည့်အရာများကို ကြိုးစားလျက်ရှိနေခြင်း။အမှုနံပါတ် - Case-0009အမှုအမည် - လိင်ပိုင်းဆိုင်ရာခွဲခြားဆက်ခံမှုစုံစမ်းမှုအဆင့် - ပြီးဆုံးတွေ့ရှိချက်က) ကျူးလွန်သူမှ အိမ်ထောင်နှစ်ခု တစ်ပြိုင်နက်ထားခြင်း။ခ) အွန်လိုင်းပေါ်တွင် ဖောက်ပြန်မှုများ ပြုလုပ်ခဲ့ခြင်း။အခက်အခဲနှင့် စိန်ခေါ်မှုများက) ကျူးလွန်သူဘက်မှ အမှန်တကယ်ကျူးလွန်ကြောင်းပေါ်လွင်ခြင်း။ခ) နှစ်ဖက်အသံနားထောင်နိုင်ရန်ဆက်သွယ်သော်လည်းပြန်လည်ဆက်သွယ်မှုမရှိခြင်း။ဂ) နစ်နာသူ၏သဘောဆန္ဒအပါအ၀င် ကျုူးလွန်သူအား social punishment ထုတ်ပြန်ခြင်း။အမှုနံပါတ် - Case-0010အမှုအမည် - စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှုအဆင့် - လွှဲပြောင်းရန်ကြိုးပမ်းနေခြင်းတွေ့ရှိချက်က) အမျိုးသမီးသည် သူမအမျိုးသား၏ မိသားစုနှင့် မပြေလည်မှုများရှိနေခြင်း။ခ) အမျိုးသားနှင့် အကြင်လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲလိုခြင်း။ဆောင်ရွက်မှုများက) အမျိုးသမီးအား စိတ်ပိုင်းဆိုင်ရာအကြံဉာဏ်များလိုအပ်ပါက အချိန်မရွေးဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်းပြောကြားခြင်း။ခ) စစ်ကောင်စီရပ်၀န်းအတွင်းတည်ရှိနေပြီး ဆောင်ရွက်ရမည့်အမှုဖြစ်သည့်အတွက် ၎င်းတို့နှင့်မပတ်သတ်ချင်ကြောင်းနှင့် မိမိတို့ ဆောင်ရွက်နိုင်မည့်အရာများအားရှင်းပြပေးခြင်း။အမှုနံပါတ် - Case-0012 အမှုအမည် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်က) အဖွဲ့အစည်းအတွင်း မတရားအပြစ်ပေးမှုများ ဖြစ်ပွားခြင်း။ခ) နစ်နာသူအား ရိုက်နှက်ခြင်း၊ အမျိုးသားတစ်ဦး နှင့်အတူ ချုပ်နှောင်ထားခြင်း။ဂ) နစ်နာသူအား အကြောင်းရင်းမဲ့ ပြန်လည်တရားစွဲဆိုခြင်း။ဆောင်ရွက်မှုများနှင့် စိန်ခေါ်မှုများက) မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်း။ခ) ကျူးလွန်သူအား ဆက်သွယ်မေးမြန်းခြင်း။ဂ) နစ်နာသူ၏ စကားသံနှင့် ထူးခြားချက်များကို အစဉ်မပြတ်နားထောင်လျက်ရှိခြင်း။အမှုနံပါတ် - Case-0014အမှုအမည် - အွန်လိုင်းခြိမ်းခြောက်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) ကျူးလွန်သူအမျိုးသားမှ နစ်နာသူအား ညစ်ညမ်းဗီဒီရိုများ/ အမျိုးသား၏ မဖွယ်မရာ ဗီဒီရိုများကို Telegramမှတဆင့် ပို့ခဲ့ခြင်း။ခ) ထိုသို့ပို့ဆောင်ခဲ့ပြီး နစ်နာသူအား social mediaတွင် အရှက်သိက္ခာရအောင် မဟုတ်မမှန်သောစကားများဖြင့်ပြောဆိုတိုက်ခိုက်ခြင်း။ဂ) Direct Message မှတဆင့် နစ်နာသူအား ခြိမ်းခြောက်ပြောဆိုခြင်း။ဃ) ကျူးလွန်သူပြောဆိုနေသည့်အတိုင်း နစ်နာသူမှာ ထိုသို့အမျိုးသမီးမဟုတ်ကြောင်း နစ်နာသူ၏ ရည်းစားဟောင်းမှအတည်ပြု ပြောကြားခြင်း။စိန်ခေါ်မှုများနှင့်ဆောင်ရွက်မှုများက) နစ်နာသူအား ဆွေးနွေးတိုင်ပင်အကြံညဏ်ပေးခြင်း။ခ) နစ်နာသူ၏ ရည်းစားဟောင်းနှင့် ပြောဆိုဆက်သွယ်ခြင်း။ဂ) ကျူးလွန်သူအမျိုးသားအား ဆက်သွယ်နိုင်ရန်ကြိုးစားနေခြင်း။အမှုနံပါတ် - Case-0015အမှုအမည် - လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုစုံစမ်းမှု အဆင့် - လွှဲပြောင်းနိုင်ရန် ကြိုးပမ်းနေခြင်းတွေ့ရှိချက်က) အမျိုးသားသည် နှစ်ရှည်ကြာစွာ အမျိုးသမီးနှင့် လက်တွဲပြီး အဆက်အသွယ်ဖြတ်သွားခြင်း။ခ) အမျိုးသမီးနေအိမ်သို့အ၀င်အထွက်များရှိပြီး အတူတူနေထိုင်နေသော်လည်း တာ၀န်ယူမှုမရှိခြင်း။ဆောင်ရွက်မှုများက) အမျိုးသားအား ဆက်သွယ်သော်လည်းဆက်သွယ်မှုမရရှိခြင်း။ခ) အမျိုးသမီးအား စိတ်ပိုင်းဆိုင်ရာအကြံညဏ်ပေး၍လွှဲပြောင်းပေးနိုင်ရန် ကြိုးပမ်းနေပါသည်။အမှုနံပါတ် - Case-0016အမှုအမည် - အိမ်တွင်းအကြမ်းဖက်မှုစုံစမ်းမှု အဆင့် - ပြီးဆုံးတွေ့ရှိချက်က) ကျူးလွန်သူမှာ နစ်နာသူအား အိမ်တွင်းအကြမ်းဖက်မှုမှာ မှန်ကန်ကြောင်း။(နစ်နာသူ ၏ဒဏ်ရာများ၊ ပတ်၀န်းကျင်မှပြောစကားများအရ)ခ) နစ်နာသူသည် ကျူးလွန်သူနှင့် ကွာရှင်းပြတ်စဲလိုခြင်း။ဂ) ကျူးလွန်သူမှ ကွာရှင်းဖို့ငြင်းဆိုခဲ့ပြီး တရား၀င်ခွဲခွာနေထိုင်မည်ဟု ထိုင်းရဲ ရှေ့တွင် ကတိပေးခဲ့ခြင်းဆောင်ရွက်မှုများနှင့်စိန်ခေါ်မှုများက) ကျူးလွန်သူသည် အရေးပေါ် ဖုန်းဆက်အကူအညီတောင်းခဲ့သဖြင့် အချိန်နှင့်တပြေးညီ သွားရောက်အကူအညီပေးခဲ့ခြင်းခ) နစ်နာသူအား လိုအပ်သောအကူအညီများနှင့် ဆေး၀ါးအကူအညီပေးမှုများကို ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ဂ) နစ်နာသူ၏လုံခြုံရေးအတွက် ထိုင်းရဲနှင့် ပူပေါင်း၍ ကူညီဆောင်ရွက်ပေးခဲ့ခြင်း။ဃ) ကျူးလွန်သူမှ ထပ်မံ ကိုယ်ထိလက်ရောက်မပြုလုပ်တော့ကြောင်းကတိနှင့် ထပ်မံကျူးလွန်ပါက တရားဉပဒေအရအရေးယူမည်ဖြစ်ကြောင်းကို ထိုင်းရဲမှအတည်ပြုပြောကြားခဲ့သည်။အမှုနံပါတ် - Case-0017အမှုအမည် - လူကုန်ကူးခံရမှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်က) ပွဲစားအမျိုးသားသည် နစ်နာသူစားဝတ်နေရေးခက်ခဲနေစဉ်တွင် တရုတ်အမျိုးသားအား လက်ထပ်ယူရန်တိုက်တွန်းခဲ့ပါသည်။ခ) နစ်နာသူ အခြားနိုင်ငံတွင်စား၀တ်နေရေးခက်ခဲနေသည့်ကာလဖြစ်သည့်အတွက် ကျူးလွန်သူပြောခဲ့သည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ဂ) ပွဲစားအမျိုးသမီးတယောက်က နစ်နာသူ ရရှိမည့်ငွေများတပြားတချပ်မှမပေးခဲ့ခြင်း။ဃ) လက်ရှိအချိန်ထိ ထို လူကုန်ကူးသူများကို အရေးယူမှုမရှိသေး။ ထိုသူများမှာ လူကုန်ကူးမှုအား ဆက်လက်လုပ်ဆောင်နေခြင်း။ဆောင်ရွက်မှုများနဲ့ စိန်ခေါ်မှုများက) နစ်နာသူအားဆွေးနွေးအကြံပေးမှုများဆောင်ရွက်ပေးခြင်း။ခ) တရုတ်ဘက်မှ အမျိုးသမီးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်ကြိုးပမ်းနေခြင်း။အမှုနံပါတ် - Case-0018အမှုအမည် - စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်က) သဘောဆန္ဒမပါရှိဘဲ နောက်တန်းသို့ပြန်ခေါ်ခံရခြင်း။(တိုင်ကြားသူပြောစကားအရ)ဆောင်ရွက်မှုများက) တိုင်ကြားသူ၏စကားသံအားနားထောင်ဆွေးနွေးပေးခြင်း။ခ) အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း။အမှုနံပါတ် - Case-0019အမှုအမည် - လိင်ပိုင်းဆိုင်ရာအမြတ်ထုမှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲဆောင်ရွက်မှုများက) နစ်နာသူအား ဆက်သွယ်အကူညီပေးနိုင်ရန် ကြိုးပမ်းလျက်ရှိနေခြင်း။အမှုနံပါတ် - Case-0020အမှုအမည် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) နစ်နာသူမိသားစုအား လာရောက်ဖမ်းဆီးစဉ်တွင် အကြောင်းမဲ့ဖမ်းဆီးသွားခြင်း။ခ) နစ်နာသူမိသားစု၏ ပိုင်ဆိုင်မှုများအား သိမ်းယူသွားခြင်း။ဂ) နစ်နာသူ မိသားစုတွင် ရဲဘော် အမျိုးသား သုံးဦးအား ပြန်လွှတ်ပေးခဲ့သော်လည်း၊ ရဲဘော်နှစ်ဦး၏ ဇနီးအား ၉ရက်တိုင် ဖမ်းဆီးထားခြင်း။ဃ) လာရောက်ကူညီအာမခံထုတ်ပေးသော ရဲဘော်တစ်ဦးအား တဖက်အဖွဲ့အစည်းမှ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း။ဆောင်ရွက်မှုများနှင့် စိန်ခေါ်မှုများက) ဖမ်းဆီးခံထားရသည့် ရဲဘော်နှစ်ဦး၏ ဇနီးများအား ထိုအဖွဲ့အစည်းမှ ပြန်လည်လွတ်မြောက်နိုင်ရန် အကူအညီပေးခြင်း။ခ) သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာ၀န်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း။ဂ) နစ်နာသူရဲဘော်များ ရုပ်သံဖိုင်ရိုက်ကူးနိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း။ဃ) ထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းနှင့် လာရောက်ဆက်သွယ်သော မီဒီယာများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း။၃။ ထူးခြားတွေ့ရှိချက်များက) အမျိုးသမီးတစ်ဦးကို မဟုတ်မမှန်သော အကြောင်းပြချက်တစ်ခုပြပြီး လိင်ပိုင်းဆိုင်ရာနှင့်ပတ်သတ်၍ ညစ်ညမ်းသောအရာများပို့ဆောင်ခြိမ်းခြောက်ခြင်း။ခ) မခိုင်လုံသောအကြောင်းပြချက်ဖြင့် အမှန်တကယ်နစ်နာသူအား ပြန်လည်တရားစွဲဆိုအရေးယူခြင်း။ဂ) မူးယစ်သေစားများ သောက်စားပြီး အိမ်တွင်းအကြမ်းဖက်မှုများ မကြာခဏကျူးလွန်ခြင်း။ဃ) စား၀တ်နေရေးခက်ခဲနေသောအချိန်တွင် အမျိုးသမီးများအား မကောင်းသောအရာများသို့ ဆွဲခေါ်ခြင်း။င) အဖွဲ့အစည်းတစ်ခုအနေဖြင့် မိမိတို့အဖွဲ့အတွင်းရှိသူ ၏ကျူးလွန်မိခဲ့သောအမှုအား တာ၀န်ယူ၍ မိန်းကလေးများ၏အခွင့်အရေးကို ပူးပေါင်းဆောင်ရွက်ပေးခြင်း။၄။ လိုက်နာဆောင်ရွက်ရန် အချက်များက) မည်သည့်အကြောင်းပြချက်နှင့်မျှ အိမ်တွင်းအကြမ်းဖက်မှုမကျူးလွန်ရ။ခ) အကြောင်းအရင်းမဲ့စွာ ပြည်သူများကို ဖမ်းဆီးချုပ်နှောင်ခြင်းများ ရှောင်ကြဉ်ရန်။ဂ) လူကုန်ကူးမှုများအား ထိရောက်စွာအရေးယူအပြစ်ပေးသင့်ကြောင်း။၅။ နိဂုံးချုပ်အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/Shield အမျိုးသမီးအဖွဲ့ မတ်လအတွင်း လက်ခံဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/Shield အမျိုးသမီးအဖွဲ့သည် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များ နှင့်သက်သေအထောက်အထားများအား လုံခြုံစွာ ထိန်းသိမ်းလျက် နစ်နာသူများ သာတူညီမျှနှင့် တန်းတူညီမျှအခွင့်အရေးများပြန်လည်ရရှိရန်အဘက်ဘက်မှကြိုးစားလျက်ဆောင်ရွက်ပေးနေသောအဖွဲ့အစည်းဖြစ်ပါသည်။ ထိုအမှုများဖြေရှင်းဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့+666-2693-2337info@shieldwomen.orgကျေးဇူးတင်လျှက်(Case and Documentation Team )ရှိ/ Shield အမျိုးသမီးအဖွဲ့

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။