ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာ

SHIELD Apr 10, 2026 1 views 12 min read
Share:
နောက်ထပ်သတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာ
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာ=====================ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation team ၏ မတ်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သော အမှုအစီရင်ခံစာ၁။ အခြေခံအချက်အလက်များစုံစမ်းစစ်ဆေးသည့် စုစုပေါင်းအမှုအရေအတွက် : (၁၃) မှုလက်ရှိ လေ့လာစုံစမ်းဆဲ အမှုများ : ၈ မှုပြီးဆုံးသည့် အမှုများ : ၅ မှုရပ်ဆိုင်းထားသည့် အမှုများ : ၃ မှုလွဲပြောင်းသည့် အမှုများ : ၂ မှုလာမည့်လ ဆက်လက်လုပ်ဆောင်ရန်အမှုများ : ၅ မှု၂။ အမှုအကျဉ်းချုပ်များ📌 Case-0001အမှုအမည် : လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုစုံစမ်းမှုအဆင့် : ဆက်လက်ဆောင်ရွက်နေဆဲတွေ့ရှိချက်များ~~~~~~~~~~ပြောဆိုသူအမျိုးသားမှ Video နှင့် Post တင်ကာ နစ်နာသူအား တောင်းပန်ထားခြင်း။Post တင်တောင်းပန်ထားသော်လည်း နောက်ပိုင်းတွင် ပြန်လည်ဖျက်သိမ်းသွားခြင်း။အမျိုးသား၏ အဖွဲ့အစည်းမှ နစ်နာသူအား ကျေနပ်စေရန် ကတိပေးထားသော်လည်း အချို့အချက်များအား မလုပ်ဆောင်ပေးခြင်း။စိန်ခေါ်မှုများ~~~~~~~~~အမျိုးသား၏ အဖွဲ့အစည်းထံမှ ခံဝန်ကတိများ လိုက်လံတောင်းဆိုခြင်း။📌Case-0002 & Case-0003တွေ့ရှိချက်များ~~~~~~~~~~ငွေကြေးလိမ်လည်မှုနှင့် အရောင်းအဝယ်ကိစ္စများဖြစ်သောကြောင့် ရှိ/Shield အဖွဲ့၏ မူဝါဒနှင့် မကိုက်ညီသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ လွှဲပြောင်းပေးခဲ့ပါသည်။📌Case-0004အမှုအမည် : အွန်လိုင်း လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုစုံစမ်းမှုအဆင့် : ဖြေရှင်းပြီးစီးတွေ့ရှိချက်များ~~~~~~~~~~နစ်နာသူအား ဆိုရှယ်မီဒီယာပေါ်တွင် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများ၊ ဂုဏ်သိက္ခာကျစေသော ပို့စ်များ တွေ့ရှိရခြင်း။ကျူးလွန်သူ၏ ဖုန်းတွင် သက်သေအထောက်အထားများ ရှိကြောင်း အတည်ပြုခဲ့ပြီး ဖျက်သိမ်းပေးခဲ့ခြင်း။နစ်နာသူမှ အမှုစွဲဆိုရန် ငြင်းဆန်ခဲ့ပြီး နှစ်ဦးသဘောတူ ပြေလည်မှုရရှိခဲ့ခြင်း။အခက်အခဲများ နှင့် စိန်ခေါ်မှုများ~~~~~~~~~~~~~~~~~~~~~~နှစ်ဖက်အသံနားထောင်နိုင်ရန်အတွက် ကျူးလွန်သူနှင့် ချိတ်ဆက်ခြင်း။ကျူးလွန်သူမှ ရှိ/ Shield အမျိုးသမီးအဖွဲ့အား ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ခြင်း။မဲဆောက်ရဲစခန်းသို့ နစ်နာသူကိုယ်စား ရှိ/ Shield အဖွဲ့ဝင်များ သွားရောက်၍ ရဲမှုးကြီးနဲ့တွေ့ဆုံဆွေးနွေးခြင်း။📌Case-0005အမှုအမည် : လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုစုံစမ်းမှုအဆင့် : ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားတွေ့ရှိချက်များ~~~~~~~~~~သက်သေခိုင်လုံမှုမရှိသေးသဖြင့် ယာယီရပ်ဆိုင်းထားပါသည်။အခက်အခဲများ~~~~~~~~~~တစ်ဖက်အမျိုးသားဖြစ်သူနှင့် ဆက်သွယ်၍မရခြင်း။📌Case-0006အမှုအမည် : ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှုအဆင့် : ဆောင်ရွက်နေဆဲတွေ့ရှိချက်များ~~~~~~~~~~နစ်နာသူအား ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု Video များဖြင့် သက်သေထူနိုင်ခြင်း။ကျူးလွန်သူမှ ဆိုရှယ်မီဒီယာပေါ်တွင် ဝန်ခံချက်များ ဖော်ပြထားခြင်း။ကျူးလွန်သူ ကိုယ်ထိလက်ရောက် အမှန်တကယ် ကျူးလွန်မိကြောင်းကိုလည်း ကျူးလွန်သူ၏ မိတ်ဆွေတစ်ဦးမှ ဖော်ပြထားခြင်း။အခက်အခဲ နှင့် စိန်ခေါ်မှုများ~~~~~~~~~~~~~~~~~~~ကျူးလွန်သူအား ဆိုရှယ်မီဒီယာများမှ လိုက်လံ ဆက်သွယ်သော်လည်း ဆက်သွယ်၍မရခြင်း။ကျူးလွန်သူအား စာတိုက်ရုံးမှတစ်ဆင့် စာအိတ်ပို့ဆက်သွယ်၍ နှစ်ဖက်အသံနားထောင်ခဲ့ခြင်း။နစ်နာသူ အမှုဖွင့်တိုင်ကြားနိုင်ရန် ဘန်ကောက်သို့ သွားရောက်ကူညီဆောင်ရွက်ပေးခြင်း။📌Case-0007အမှုအမည် : လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (ကလေးငယ်အား စော်ကားမှု)အခြေအနေ : ဆောင်ရွက်ဆဲတွေ့ရှိချက်များ~~~~~~~~~~အသက်မပြည့်သေးသည့် ကလေးငယ်အား လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့ခြင်း။နှစ်ပေါင်းများစွာ တိမ်းရှောင်နေမှု၊ အရေးယူမှု မရှိသေးခြင်း။လုပ်ဆောင်ချက်များ:အမှန်တရားရရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိခြင်း။📌Case-0008အမှုအမည် : အိမ်တွင်းအကြမ်းဖက်မှုအခြေအနေ : ပြီးဆုံးတွေ့ရှိချက်များ~~~~~~~~~~တရားဝင်လက်ထပ်ထားခြင်းမရှိသော အကြင်လင်မယား ဖြစ်စဉ်။ကျူးလွန်သူမှ နစ်နာသူ၏ ပစ္စည်းများအား ယူဆောင်၍ပေါင်နှံခြင်း၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုများ ပြုလုပ်ခြင်း။အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းစဉ် ဆောင်ရွက်ခဲ့ရခြင်း။လုပ်ဆောင်ချက်များ:နစ်နာသူအား စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်များ ပေးခြင်း။လုံခြုံသည့်နေရာသို့ ယာယီခိုလှုံခွင့် ပေးခြင်း။နစ်နာသူ နေရပ်နှင့် အနီးဆုံးနေရာအား ပြန်လည်ပို့ဆောင်ပေးခဲ့ခြင်း။📌Case-0009အမှုအမည် : လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုအခြေအနေ : ဆောင်ရွက်ဆဲတွေ့ရှိချက်များ~~~~~~~~~~ကျူးလွန်သူမှ အိမ်ထောင်နှစ်ခု တစ်ပြိုင်နက်ထားခြင်း။အွန်လိုင်းပေါ်တွင် ဖောက်ပြန်မှုများ ပြုလုပ်ခဲ့ခြင်း။အခက်အခဲများ~~~~~~~~~~ကျူးလွန်သူနှင့် ထိရောက်စွာ ဆက်သွယ်၍မရခြင်း။📌Case-0010အမှုအမည် : စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအခြေအနေ : ယာယီရပ်ဆိုင်းတွေ့ရှိချက်များ~~~~~~~~~~အမျိုးသမီးနှင့် သူမ၏ခင်ပွန်း၏ မိသားစုကြား ပဋိပက္ခဖြစ်ပွားမှု။လုပ်ဆောင်ချက်များ:အကြံဉာဏ်များ ပေးခဲ့သော်လည်း နစ်နာသူမှ ပြန်လည်ဆက်သွယ်လာမှု မရှိခြင်း။📌Case-0011အမှုအမည် : အိမ်တွင်းအကြမ်းဖက်မှုအခြေအနေ : ယာယီရပ်ဆိုင်းလုပ်ဆောင်ချက်များ:Zoom နှင့် ဖုန်းမှတစ်ဆင့် ဆက်သွယ်ရန် ကြိုးပမ်းမှုများ မအောင်မြင်ခြင်း။📌Case-0012အမှုအမည် : ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအခြေအနေ : ဆောင်ရွက်ဆဲတွေ့ရှိချက်များ~~~~~~~~~~အဖွဲ့အစည်းအတွင်း မတရားအပြစ်ပေးမှုများ ဖြစ်ပွားခြင်း။နစ်နာသူအား ရိုက်နှက်ခြင်း၊ အမျိုးသားတစ်ဦး နှင့်အတူ ချုပ်နှောင်ထားခြင်း။လုပ်ဆောင်ချက်များ:မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်း။📌Case-0013အမှုအမည် : အွန်လိုင်းခြိမ်းခြောက်မှုအခြေအနေ : ပြီးဆုံးတွေ့ရှိချက်များ~~~~~~~~~~အွန်လိုင်းပေါ်မှတစ်ဆင့်ငွေကြေးခြိမ်းခြောက်မှုခံနေရကြောင်း တိုင်ကြားစာ လက်ခံရရှိခဲ့ပြီး ပြန်လည်ဆက်သွယ်သည့် အချိန်တွင် အဆင်ပြေသွားကြောင်းပြောကြားခဲ့ခြင်း။၃။ ထူးခြားတွေ့ရှိချက်များဒေါသအလျောက် အမျိုးသမီးများအား နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ ခြိမ်းခြောက်မှုများ။ကိုယ်ဝန်ဆောင်အမျိုးသမီးအား အိမ်တွင်းအကြမ်းဖက်မှုများ။အသက်မပြည့်သေးသော ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ။အမျိုးသမီး တစ်ဦးအား ပြင်းထန်စွာအပြစ်ပေးမှုများ။အွန်လိုင်းပေါ်မှတစ်ဆင့် ဓာတ်ပုံ/ ဗီဒီရိုများဖြင့် လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုများ။၄။ အကြံပြုချက်များအမျိုးသမီးများအား ကိုယ်ထိလက်ရောက် မကျူးလွန်ရန်။ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပြင်းထန်စွာ အရေးယူရန်။မိသားစုအတွင်း အကြမ်းဖက်မှုများ ရှောင်ကြဉ်ရန်။၅။ နိဂုံးချုပ်ရှိ/ Shield အမျိုးသမီးအဖွဲ့သည် အထက်ပါအမှုများကို နစ်နာသူများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို အလေးထား၍ ဆောင်ရွက်လျက်ရှိပါသည်။ ပူးပေါင်းကူညီပေးကြသော အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအား အထူးကျေးဇူးတင်ရှိပါသည်။ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့ +666-2693-2337 info@shieldwomen.org ကျေးဇူးတင်လျှက်(Case and Documentation Team )ရှိ/ Shield အမျိုးသမီးအဖွဲ့

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။