ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာ

SHIELD Apr 10, 2026 1 views 14 min read
Share:
ယခင်သတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာ
နောက်ထပ်သတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Team ၏ ဇွန်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Team ၏ မေလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း၁။ အခြေခံ အချက်အလက်များဧပြီလ လက်ကျန်အမှုများ - ၈ မှုမေလ အသစ်တိုင်ကြားသောအမှုများ - ၃ မှုစုစုပေါင်းစုံစမ်းစစ်ဆေးသော အမှုများ - ၁၁ မှု ပြီးဆုံးသည့်အမှုများ - ၃ မှုဇွန်လအတွင်းလုပ်ဆောင်ရန်ကျန်ရှိသောအမှုများ - ၈ မှု________________________________________၂။ အမှုအကျဉ်းချုပ်အမှုနံပါတ် - Case-0006 ( ဧပြီလ လက်ကျန်အမှု )အမှုအမည် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှုအဆင့် - ပြီးဆုံးတွေ့ရှိချက်က)နစ်နာသူအား ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု Video များဖြင့် သက်သေထူနိုင်ခြင်း။ခ)ကျူးလွန်သူမှ ဆိုရှယ်မီဒီယာပေါ်တွင် ဝန်ခံချက်များ ဖော်ပြထားခြင်း။ဂ)ကျူးလွန်သူ ကိုယ်ထိလက်ရောက် အမှန်တကယ် ကျူးလွန်မိကြောင်းကိုလည်း ကျူးလွန်သူ၏ မိတ်ဆွေတစ်ဦးမှ ဖော်ပြထားခြင်း။ဃ) နစ်နာသူအား ပြန်လည် တရားစွဲဆို အမှုဖွင့်ထားခြင်း။အခက်အခဲနှင့်စိန်ခေါ်မှုများက) နစ်နာသူ၏ သဘောဆန္ဒအရ ထိုအမှုအား ရပ်ဆိုင်းလိုက်ပါသည်။________________________________________အမှုနံပါတ် - Case-0007 ( ဧပြီလ လက်ကျန်အမှု )အမှုအမည် - လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစုံစမ်းမှုအဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်က) အသက်မပြည့်သေးသည့် ကလေးငယ်အား လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့ခြင်း။ခ) နှစ်ပေါင်းများစွာ တိမ်းရှောင်နေမှု၊ အရေးယူမှု မရှိသေးခြင်း။ဆောင်ရွက်မှုက) အမှန်တရားရရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိခြင်း။ခ) သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ကိုင်ခြင်း။ဂ) ဥပဒေအရ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း။________________________________________အမှုနံပါတ် - Case-0010 ( ဧပြီလ လက်ကျန်အမှု )အမှုအမည် - စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှုအဆင့် - ပြီးဆုံးခြင်းတွေ့ရှိချက်က) အမျိုးသမီးသည် သူမအမျိုးသား၏ မိသားစုနှင့် မပြေလည်မှုများရှိနေခြင်း။ခ) အမျိုးသားနှင့် အကြင်လင်မယားအဖြစ်မှ ကွာရှင်းပြတ်စဲလိုခြင်း။ဆောင်ရွက်မှုများက) ရှိ/ Shield အမျိုးသမီးအဖွဲ့၏ မူ၀ါဒနှင့် မကိုက်ညီသောကြောင့် ရပ်ဆိုင်းလိုက်ခြင်း။________________________________________အမှုနံပါတ် - Case-0012 ( ဧပြီလ လက်ကျန်အမှု )အမှုအမည် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်က) အဖွဲ့အစည်းအတွင်း မတရားအပြစ်ပေးမှုများ ဖြစ်ပွားခြင်း။ခ) နစ်နာသူအား ရိုက်နှက်ခြင်း၊ အမျိုးသားတစ်ဦး နှင့်အတူ ချုပ်နှောင်ထားခြင်း။ဂ) နစ်နာသူအား အကြောင်းရင်းမဲ့ ပြန်လည်တရားစွဲဆိုရန် ဆောင်ရွက်နေခြင်း။ဆောင်ရွက်မှုများနှင့် စိန်ခေါ်မှုများက) မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်း။ခ) ကျူးလွန်သူအား ဆက်သွယ်မေးမြန်းခြင်း။ဂ) နစ်နာသူ၏ စကားသံနှင့် ထူးခြားချက်များကို အစဉ်မပြတ်နားထောင်လျက်ရှိခြင်း။________________________________________အမှုနံပါတ် - Case-0014 ( ဧပြီလ လက်ကျန်အမှု )အမှုအမည် - အွန်လိုင်းခြိမ်းခြောက်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) ကျူးလွန်သူအမျိုးသားမှ နစ်နာသူအား ညစ်ညမ်းဗီဒီရို များပို့ခဲ့ခြင်း။ခ) နစ်နာသူအား social mediaတွင် အရှက်သိက္ခာရအောင် မဟုတ်မမှန်သောစကားများဖြင့်ပြောဆိုတိုက်ခိုက်ခြင်း။ဂ) နစ်နာသူအား ခြိမ်းခြောက်ပြောဆိုခြင်း။စိန်ခေါ်မှုများနှင့်ဆောင်ရွက်မှုများက) နစ်နာသူအား ဆွေးနွေးတိုင်ပင်အကြံညဏ်ပေးခြင်း။ခ) နစ်နာသူ၏ ရည်းစားဟောင်းနှင့် ပြောဆိုဆက်သွယ်ခြင်း။ဂ) ကျူးလွန်သူအမျိုးသားအား ဆက်သွယ်နိုင်ရန်ကြိုးစားနေခြင်း။________________________________________အမှုနံပါတ် - Case-0015 ( ဧပြီလ လက်ကျန်အမှု )အမှုအမည် - လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုစုံစမ်းမှု အဆင့် - ပြီးဆုံးတွေ့ရှိချက်က) တိုင်ကြားသူအမျိုးသမီးအား အဆက်အသွယ်ဖြတ်ကာ ပြည်ပသို့ထွက်ခွာသွားခြင်း။ဆောင်ရွက်မှုများက) အမျိုးသားအား ဆက်သွယ်သော်လည်းဆက်သွယ်မှုမရရှိခြင်း။ခ) အမျိုးသမီးအား အကြံညဏ်ပေး၍သော်လည်းကောင်း၊ အမျိုးသမီး၏ သဘောဆန္ဒအပါအ၀င် အမှုအား ပိတ်သိမ်းလိုက်ပါသည်။________________________________________အမှုနံပါတ် - Case-0017 ( ဧပြီလ လက်ကျန်အမှု )အမှုအမည် - လူကုန်ကူးမှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်က) ပွဲစားအမျိုးသမီးက နစ်နာသူ ရရှိမည့်ငွေကြေးများအားတပြားတချပ်မှမပေးခဲ့ခြင်း။ဃ) လက်ရှိအချိန်ထိ ထို လူကုန်ကူးသူများကို အရေးယူမှုမရှိသေး။ ထိုသူများမှာ လူကုန်ကူးမှုအား ဆက်လက်လုပ်ဆောင်နေခြင်း။ဆောင်ရွက်မှုများနဲ့ စိန်ခေါ်မှုများက) နစ်နာသူအားဆွေးနွေးအကြံပေးမှုများဆောင်ရွက်ပေးခြင်း။ခ) တရုတ်ဘက်မှ အမျိုးသမီးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်ကြိုးပမ်းနေခြင်း။ဂ) နစ်နာသူအား ဥပဒေအကြံညဏ်များပေးခြင်း။________________________________________အမှုနံပါတ် - Case-0020 ( ဧပြီလ လက်ကျန်အမှု )အမှုအမည် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) နစ်နာသူမိသားစုအား လာရောက်ဖမ်းဆီးစဉ်တွင် အကြောင်းမဲ့ဖမ်းဆီးသွားခြင်း။ခ) နစ်နာသူမိသားစု၏ ပိုင်ဆိုင်မှုများအား သိမ်းယူသွားခြင်း။ဂ) နစ်နာသူ မိသားစုတွင် ရဲဘော် အမျိုးသား သုံးဦးအား ပြန်လွှတ်ပေးခဲ့သော်လည်း၊ ရဲဘော်နှစ်ဦး၏ ဇနီးအား ၉ရက်တိုင် ဖမ်းဆီးထားခြင်း။ဃ) အမျိုးသမီးငယ်အား ပြန်လည်လွှတ်ပေးသော်လည်း အမျိုးသမီးကြီးအား ဆက်လက်ဖမ်းဆီးထားခြင်း။ဆောင်ရွက်မှုများနှင့် စိန်ခေါ်မှုများက) ဖမ်းဆီးခံထားရသည့် ရဲဘော်နှစ်ဦး၏ ဇနီးများအား ထိုအဖွဲ့အစည်းမှ ပြန်လည်လွတ်မြောက်နိုင်ရန် အကူအညီပေးခြင်း။ခ) သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာ၀န်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း။ဂ) လက်ရှိဖမ်းဆီးထားသောအမျိုးသမီးကြီး ပြန်လည်လွတ်မြောက်နိုင်အောင် ကူညီဆောင်ရွက်ပေးခြင်း။အမှုနံပါတ် - Case-0021 ( မေလအတွင်းလက်ခံရရှိသည့်အမှု )အမှုအမည် - လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) အလိုမတူဘဲ အဓမ္မပြုကျင့်ခံရခြင်း။ခ) လက်ရှိတွင် ဆက်သွယ်မရဘဲ ထွက်ပြေးနေခြင်း။ဆောင်ရွက်မှုများက) နစ်နာသူအား ဆွေးနွေးအကြံညဏ်‌ေပးခြင်း။ခ) နစ်နာသူအား ကူညီနိုင်ရန် ချိတ်ဆက်မှုများ ဆောင်ရွက်နေခြင်း။အမှုနံပါတ် - Case-0022 ( မေလအတွင်းလက်ခံရရှိသည့်အမှု )အမှုအမည် - လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲဆောင်ရွက်မှုများနစ်နာသူအား ချိတ်ဆက်ကူညီနိုင်ရန် ကြိုးစားနေပါသည်။အမှုနံပါတ် - Case-0023 ( မေလအတွင်းလက်ခံရရှိသည့်အမှု )အမှုအမည် - အိမ်တွင်းအကြမ်းဖက်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲဆောင်ရွက်မှုများနစ်နာသူအား ချိတ်ဆက်ကူညီနိုင်ရန် ကြိုးစားနေပါသည်။၃။ ထူးခြားတွေ့ရှိချက်များက) အမျိုးသမီးအား အိမ်တွင်းအကြမ်းဖက်ခြင်း။ခ) အမှန်တကယ် နစ်နာသူအား ကာကွယ်မှုအပြည့်မပေးခြင်း။ဂ) လူကုန်ကူးမှုအား ထိရောက်စွာ အပြစ်ပေးအရေးယူမှုမရှိသေးခြင်း။________________________________________၄။ လိုက်နာဆောင်ရွက်ရန် အချက်များက) အမှန်တကယ်နစ်နာသူအား ကာကွယ်မှုအပြည့်ပေးရန်ခ) အိမ်တွင်းအကြမ်းဖက်မှုများအား ရှောင်ကြဉ်ရန်။ဂ) လူကုန်ကူးမှုများအား ထိရောက်စွာအရေးယူအပြစ်ပေးသင့်ကြောင်း။________________________________________၅။ နိဂုံးချုပ်အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/Shield အမျိုးသမီးအဖွဲ့ မေလအတွင်း လက်ခံဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/Shield အမျိုးသမီးအဖွဲ့သည် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များ နှင့်သက်သေအထောက်အထားများအား လုံခြုံစွာ ထိန်းသိမ်းလျက် နစ်နာသူများ သာတူညီမျှနှင့် တန်းတူညီမျှအခွင့်အရေးများပြန်လည်ရရှိရန်အဘက်ဘက်မှကြိုးစားလျက်ဆောင်ရွက်ပေးနေသောအဖွဲ့အစည်းဖြစ်ပါသည်။ ထိုအမှုများဖြေရှင်းဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့+666-2693-2337info@shieldwomen.orgကျေးဇူးတင်လျှက်(Case and Documentation Team )ရှိ/ Shield အမျိုးသမီးအဖွဲ့

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။