"ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အဓမ္မဖမ်းဆီးထားသော အမျိုးသမီး (၂) ဦးအား ချက်ချင်းလွှတ်ပေးရန်"

SHIELD Apr 10, 2026 1 views 6 min read
Share:
ယခင်သတင်း
အရေးပေါ်ကူညီမှု ထုတ်ပြန်ချက်
နောက်ထပ်သတင်း
" မတရားဖမ်းဆီးခံ အမျိုးသမီး ၂ ဦးနှင့် ၁၁ ရက်ကြာ အဆက်အသွယ်မရ၊ သက်ဆိုင်ရာ အစိုးရက အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းပေးရန် လိုအပ် "
"ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အဓမ္မဖမ်းဆီးထားသော အမျိုးသမီး (၂) ဦးအား ချက်ချင်းလွှတ်ပေးရန်" တိုက်တွန်းထုတ်ပြန်ချက်၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၈ ရက်ရွှေဘိုမြို့နယ်တွင် တည်ရှိသော "ငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့" သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၉ ရက် ည (၉) နာရီခန့်က မိတ္တီလာခရိုင်၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ရင်းမှ ကိုယ်ပိုင်အမှတ်ဖြင့် တာဝန်ထမ်းဆောင်နေကြသော တပ်ဖွဲ့ဝင် အမျိုးသားရဲဘော် (၃) ဦးနှင့် အဆိုပါရဲဘော်များ၏ မိသားစုဝင် အမျိုးသမီး (၂) ဦးအား တက်တူကျေးရွာ နေအိမ်မှ "ငွေကြေးလိမ်လည်မှု"ဟု စွပ်စွဲကာ ခိုင်လုံသော သက်သေအထောက်အထား ပြသခြင်းမရှိ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဖမ်းဆီးခွင့်အမိန့်စာ (ဖမ်း၀ရမ်း) မပါဘဲ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။ဧပြီလ ၂၀ ရက်တွင် တပ်ဖွဲ့ဝင် (၃) ဦးအား မိခင်တပ်ရင်းသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သော်လည်း တပ်ဖွဲ့ဝင်၏ မိခင်နှင့် ဇနီးဖြစ်ကြသော အမျိုးသမီး (၂) ဦးကိုမူ ထိပ်တုံးခတ်၍ ဆက်လက်ချုပ်နှောင်ထားပြီး မိသားစုဝင်များ သို့မဟုတ် တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့် လုံးဝမပေးဘဲ ယနေ့အထိ (၉) ရက်ကြာ ထိန်းသိမ်းထားဆဲဖြစ်ပါသည်။◾ ရှိ/Shield အမျိုးသမီးအဖွဲ့၏ တောင်းဆိုချက်များ၁။ အဓမ္မဖမ်းဆီးခံထားရသော အမျိုးသမီး (၂) ဦးအား ကျန်းမာရေးနှင့် လုံခြုံမှုအခြေအနေ အာမခံချက်ဖြင့် ချက်ချင်းလွှတ်ပေးရန်။၂။ မိသားစုဝင်များနှင့် တရားဝင်တာဝန်ရှိသူများအား အမြန်ဆုံး တွေ့ဆုံခွင့်ပြုရန်။၃။ ဖမ်းဆီးခေါ်ဆောင်သွားစဉ်က သိမ်းယူသွားခဲ့သော အိမ်ဂရမ်၊ တယ်လီဖုန်း၊ ငွေသား သိန်း (၅၀) ကျော် နှင့် ရွှေထည်ပစ္စည်းများအား ပွင့်လင်းမြင်သာစွာ ပြန်လည်ပေးအပ်ရန်။၄။ ဖမ်းဆီးရသည့် အကြောင်းရင်းနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ ကြေညာရန်။◾လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ သတိပေးချက်အဆိုပါဖြစ်စဉ်သည် ၁၉၄၉ ဂျီနီဗာကွန်ဗင်းရှင်း (တတိယသဘောတူညီချက်) ၏ စာပိုဒ် ၁၊ ၂ အရ အမျိုးသမီးများအား လူသားချင်းစာနာထောက်ထားမှုနှင့်အညီ ဆက်ဆံရမည်ဟု သတ်မှတ်ထားသည့် စည်းမျဉ်းများကို ချိုးဖောက်ခြင်းဖြစ်ပြီး၊ စာပိုဒ် ၇၅၊ ပရိုတိုကော (၁) တွင် ဖော်ပြထားသော အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် လုံခြုံရေးအာမခံချက်များကိုလည်း ထိပါးနေပါသည်။ရှိ/Shield အဖွဲ့အနေဖြင့် ပဋိပက္ခကာလအတွင်း အမျိုးသမီးနှင့်ကလေးများအား ဓားစာခံအဖြစ် အသုံးချခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း သို့မဟုတ် တရားမဝင် ချုပ်နှောင်ခြင်းများကို အထူးရှုံ့ချပါသည်။◾ နိဂုံးငါးမည်ရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား အထက်ဖော်ပြပါ တပ်ဖွဲ့ဝင်များ၏ မိသားစုဝင် အမျိုးသမီး (၂) ဦးအား ချက်ချင်းလွတ်ပေးရန်နှင့် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းများကို လေးစားလိုက်နာရန် တိုက်တွန်းလိုက်ပါသည်။ရှိ/Shield အမျိုးသမီးအဖွဲ့ContactWebsite: www.shieldwomen.orgEmail: info@shieldwomen.orgTelephone: +666-2693-2337Facebook:https://www.facebook.com/share/1MGu5binXk/ဤထုတ်ပြန်ချက်ကို သတင်းမီဒီယာ၊ လူမှုအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့များအား ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။#shieldwomenorganization #justice

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။