“ဂျုးဂျူးသစ္စာ” သိစေရန် ထုတ်ပြန်ချက်
SHIELD
Apr 10, 2026
1 views
6 min read
“ဂျုးဂျူးသစ္စာ” သိစေရန် ထုတ်ပြန်ချက်Shield Women Organization (SWO) အနေဖြင့် အမှုကိစ္စများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် လုံခြုံရေး၊ ယုံကြည်စိတ်ချရမှုနှင့် စည်းမျဉ်းစည်းကမ်းမူဝါဒများကို အထူးအလေးထား လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ကျွန်ုပ်တို့ထံသို့ “စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု”(Emotional Abuse) ခေါင်းစဉ်ဖြင့် တိုင်ကြားမှုတစ်ခုပေးပို့လာခဲ့ပါသည်။ အမှုလာရောက်တိုင်ကြားသူ “ဂျူးဂျူးသစ္စာ” နှင့် ကျွန်ုပ်တို့အဖွဲ့ကြား လိုအပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး အမှုအားလက်ခံဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ အမှုကြားနာကိုင်တွယ်မှုပြုနေစဉ် ၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကျွန်ုပ်တို့၏ မူဝါဒအရ တင်းကြပ်ထားသော စည်းကမ်းများအား ချိုးဖောက်မှုတစ်ခုကို တွေ့ရှိခဲ့ရပါသည်။ ချိုးဖောက်မှုတွင် တိုင်ကြားသူဘက်မှ SWO အဖွဲ့အမှတ်တံဆိပ်ပါဝင်သော screenshot ရုပ်ပုံအား Facebook စာမျက်နှာတွင် မျှဝေဖြန့်ဖြူးခြင်း၊ အစည်းအဝေးမှတ်တမ်းများကို ခွင့်ပြုချက်မရှိဘဲ မှတ်တမ်းတင်ခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ထိုကြောင့် ကျွန်ုပ်တို့ အဖွဲ့အစည်း၏ တန်းဖိုးထားသည့် မူဝါဒ သဘောတူညီချက် ချိုးဖောက်မှု ပြုလုပ်ခဲ့ခြင်းအပေါ် အဖွဲ့အနေဖြင့် ပြင်းထန်းစွာ ရှုတ်ချပါသည်။SWO ၏ Consent Form ပါ စဉ်နံပါတ် (၃) နှင့် (၅) အရ တိုင်ကြားသူ (သို့) တိုင်ကြားခံရသူများသည် အမှုကိုင်တွယ်ဖြေရှင်းမှုနှင့် သက်ဆိုင်သော အချက်အလက်များကို Social Media များပေါ်တွင် မျှဝေတင်ပြခြင်း သို့မဟုတ် မသက်ဆိုင်သူများထံ ဖြန့်ဝေပြောဆိုခြင်းများ မပြုလုပ်ရန် အမှုအား လက်ခံမဆောင်ရွက်မီ ကတည်းက သိရှိ၊ သဘောတူပြီးဖြစ်ပါသည်။ ဖော်ပြပါသဘောတူညီမှုဆိုင်ရာ စဉ်နံပါတ် (၃) နှင့် (၅) ကို ချိုးဖောက်ခဲ့ကြောင်း သက်သေခိုင်လုံစွာတွေ့ရှိရပြီး အဆိုပါလုပ်ရပ်များကြောင့် SWO အဖွဲ့အစည်း၏ လုံခြုံရေးသာမက Case and Documentation Management Team အဖွဲ့ဝင်များနှင့် အမှုတွေ့ဆုံမှုများတွင် သက်ဆိုင်ရာ ပါဝင်သူပုဂ္ဂိုလ်များ၏ လုံခြုံရေးကိုပါ ထိခိုက်စေခဲ့ပါသည်။ထို့ကြောင့် SWO ၏ Executive Management Team မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း စိစစ်သတ်မှတ် ဆုံးဖြတ်ချက်အရ ယခုအမှုအား ဆက်လက်ကိုင်တွယ်ဆောင်ရွက်ခြင်း မပြုတော့ဘဲ သက်ဆိုင်ရာ လုပ်ငန်းစဉ်များအားလုံးကို တရားဝင် အပြီးသတ် ရပ်ဆိုင်းလိုက်ကြောင်း “ဂျူးဂျူးသစ္စာ" အပါအဝင် ထိုအမှုနှင့် ပတ်သက်ဆက်နွယ်သူ/သက်ဆိုင်သူအားလုံးထံ အသိပေးကြေညာအပ်ပါသည်။SWO ၏ အရေးယူဆောင်ရွက်ခြင်းအနေဖြင့် အမှုတိုင်ကြားလာသူ “ဂျူးဂျူးသစ္စာ”အား Consent Form သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည့်အတွက် နောက်နောင် ကျွန်ုပ်တို့ SWO ထံသို့ မည်သည့် ကိစ္စရပ်ကိုမျှ လာရောက်တိုင်တန်းခြင်းကို ခွင့်မပြုတော့ကြောင်း၊ “ဂျူးဂျူးသစ္စာ” နှင့်ပတ်သက်သည့် ကိစ္စရပ်အဝဝသည် ကျွန်ုပ်တို့နှင့် မသက်ဆိုင်ကြောင်း၊ ချိုးဖောက်၍ မှတ်တမ်းရယူထားသော အချက်အလက်များအား ဖျက်သိမ်းပေးရန်နှင့် မည့်သည့်နေရာ၌မဆို ပြန်လည်အသုံးပြုမျှဝေမှုများမပြုလုပ်ရန် သတိပေးပါသည်။ အကယ်၍ ယခုထုတ်ပြန်ချက်ပါ အခြေအနေအတိုင်း ထပ်မံတွေ့ရှိခဲ့ပါက အဖွဲ့အနေဖြင့် တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်ကြားသူထံ တိုက်ရိုက်အသိပေးအကြောင်းကြားပြီးဖြစ်သလို ထုတ်ပြန်ချက်တွင်လည်း ထပ်မံ ထည့်သွင်း အသိပေးအပ်ပါသည်။Shield Women Organization (SWO) အနေဖြင့် အမျိုးသမီးများနှင့် အခြားသော ဂျဲန်ဒါများ၏ လုံခြုံရေးနှင့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။Executive Management TeamShield Women Organization (SWO)၂၆ ရက် မတ်လ ၂၀၂၆ ခုနှစ်
မှတ်ချက် မရှိသေးပါ။