အရေးပေါ်ကူညီမှု ထုတ်ပြန်ချက်
SHIELD
Apr 10, 2026
1 views
5 min read
အရေးပေါ်ကူညီမှု ထုတ်ပြန်ချက်==================ရှိ/ Shield အမျိုးသမီးအဖွဲ့ထုတ်ပြန်သည့်ရက်စွဲ - ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၀) ရက်ထုတ်ပြန်သည့်အမှတ်စဉ် - ၀၀၁၆/ ၂၀၂၅ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၆) ရက် မွန်းလွဲ (၄)နာရီ (၂၉) မိနစ်တွင် လာရောက်တိုင်ကြားခဲ့သော အိမ်တွင်းအကြမ်းဖက်မှု အမှုနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၉) ရက်တွင် အောက်ပါအတိုင်း စီမံဆောင်ရွက်ပေးခဲ့ပါသည်။၁။ ဖြစ်ရပ်အကြောင်းအရာ• အမျိုးသမီးသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တော်လှန်ရေးကြောင့် မိသားစုလိုက် တိမ်းရှောင်လာရသော CDM မိသားစု၀င်ဖြစ်ပြီး အမျိုးသားဖြစ်သူ CDM ကျောင်းဆရာထံမှ အကြိမ်ကြိမ် အိမ်တွင်းအကြမ်းဖက်ခံရခြင်းကြောင့် ကွာရှင်းရန် ဆုံးဖြတ်ထားသဖြင့် ရှိ/ Shield အမျိုးသမီးအဖွဲ့ထံသို့ တယ်လီဖုန်းဖြင့်အရေးပေါ် ဆက်သွယ် အကူအညီတောင်းခံခဲ့သည်။• ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် တိုင်ကြားမှုလက်ခံပြီးသည်နှင့် အမျိုးသမီးထံမှ လိုအပ်သော သတင်းအချက်အလက်များစုဆောင်းရန်နှင့် လုံခြုံရေး၊ ကျန်းမာရေးအခြေအနေများကို ကြည့်ရှုပေးရန် အခင်းဖြစ်ပွားသောနေ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၆) ရက်တွင် ချက်ချင်း သွားရောက်တွေ့ဆုံခဲ့ပြီး ၂၀၂၅ခုနစ်၊ ဧပြီလ (၁၉) ရက်တွင် အမျိုးသမီး၏ လုံခြုံရေးနှင့် တရားဥပဒေအထောက်အကူအတွက် ထိုင်းရဲတပ်ဖွဲ့ကို တိုက်ရိုက်ဆက်သွယ်၍ ဝင်ရောက်စေ့စပ်ဖြေရှင်းပေးခဲ့ပါသည်။• အမျိုးသားဘက်မှ ကွာရှင်းရန် သဘောမတူဘဲ ငြင်းဆန်ခဲ့ခြင်းကြောင့် လတ်တလောတွင် တရားဝင် ခွဲခွာနေထိုင်ခြင်း (Separation) ပြုလုပ်ရန် အဖွဲ့မှ အကြံပြုညှိနှိုင်းပေးခဲ့သည်။• အဆိုပါ အကြံပြုချက်အား နှစ်ဦး လက်ခံသဖြင့် ထိုင်းရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံ၍ ထိုင်းရဲရှေ့တွင် တရားဝင် ခွဲနေထိုင်ရန် နှစ်ဦးသဘောတူ ကတိပြုချက်ကို ရယူခဲ့ကြပြီး အမျိုးသားဘက်မှ အိမ်ထောင်ဖက်အား ထပ်မံထိပါးနှောင့်ယှက်ပါက ချက်ချင်းထိန်းသိမ်းမည်ဟု ထိုင်းရဲမှ သတိပေးခဲ့သည်။ရှိ/Shield အမျိုးသမီးအဖွဲ့သည် တိုင်တန်းလာသူများ၏ နစ်နာမှုများကို အခြေအနေပေါ်မူတည်၍ စုံစမ်းကူညီမှုများကို လုပ်ဆောင်ပေးနေပြီဖြစ်သည့်အတွက် မိမိတို့၏ အမှန်တရားအတွက် ဝိုင်းဝန်းအဖြေရှာပေးရန် အကူအညီလိုအပ်သူများကို ဖေးမကူညီရန် အသင့်ရှိနေပါသည်။တိုင်တန်းလိုသူများအနေဖြင့် အောက်ပါလင့်တွင် ဝင်ရောက်စာရင်းတင်သွင်းတိုင်ကြားနိုင်ပါသည်။https://forms.gle/UFAZz9mqyWmkHoLc9ဆက်သွယ်ရန်ရှိ/Shield အမျိုးသမီးအဖွဲ့ဖုန်း - +666-2693-2337အီးမေးလ် - emergency@shieldwomen.orgတာဝန်ယူထုတ်ပြန်သည့်အဖွဲ့(Emergency Response Team)ဤထုတ်ပြန်ချက်ကို အများပြည်သူသိရှိစေရန် ပြန်လည်မျှဝေနိုင်ပါသည်။
မှတ်ချက် မရှိသေးပါ။