" မန္တလေးမြို့နှင့် အမရပူရမြို့များမှ အိမ်ထောင်စုများအား အခြေခံစားနပ်ရိက္ခာလိုအပ်ချက်များ ဝေမျှပေးမှု မှတ်တမ်း "

SHIELD Apr 10, 2026 1 views 3 min read
Share:
+13
ယခင်သတင်း
" စစ်ကိုင်းတိုင်း၊ တင်းတိပ် ကျေးရွာမှ အိမ်‌ခြေ ၃၃၀ စာအတွက် အ‌‌ခြေခံစားနပ်ရိက္ခာခြောက်များ ဝေမျှကူညီပေးခဲ့"
နောက်ထပ်သတင်း
" ရှမ်းပြည်နယ်၊ အင်းလေး၊ ဟဲယားရွာမ၊ ကလေးကြီးရပ်မှ အိမ်‌‌ထောင်စု (၁၂၅) စုအား ရေဖြန့်ဝေပေးနိုင်ရန် ရေပိုက်ပေပေါင်း (၆၀၀) ကူညီပံ့ပိုးပေးခဲ့မှု မှတ်တမ်း "
" မန္တလေးမြို့နှင့် အမရပူရမြို့များမှ အိမ်ထောင်စုများအား အခြေခံစားနပ်ရိက္ခာလိုအပ်ချက်များ ဝေမျှပေးမှု မှတ်တမ်း " ရှိ/ Shield Women Organization နှင့် Nakatsu မိသားစုတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီဖေးမမည့် အစီအစဉ် မှ အမရပူရမြို့နယ်၊ မန္တလေးမြို့၏ ကွမ်းသီးတန်းရပ်၊ ဝါးတန်းတောင်ရပ်၊ မင်္ဂလာစံရပ်၊ တရုတ်တန်းလေးရပ်၊ မြေပဲတန်းရပ်၊ ဒန်တပင်ရပ်၊ စျေးချိုရပ်၊ တီးစုရပ်၊ လေးစုရပ်၊ တလိုင်းစုရပ်၊ ဆားကျက်ရပ်၊ ထုပ်ပိုး၊ မှန်တန်းရပ်၊ ငယ်တိုးပရပတ်ရပ်၊ သီရိဆင်ကာရပ်၊ ပန်းချီရပ်၊ မြေပဲတန်း(နောက်ဆွဲ)ရပ်၊ မန္တလေးမြို့၊ အိမ်တော်ရာဘုရားဝင်း၊ ရှမ်းဝိုင်းရပ်အပြင် (၁၇) ရပ်ကွက်မှ အိမ်ထောင်စု (၃၆) စုမှ ငလျင်ဒဏ်ခံစားခဲ့ရသော မိဘပြည်သူများထံသို့ ဧပြီလ ၁၂ ရက်၊ ၂၀၂၅ တွင် မြန်မာငွေကျပ် (၂၅) သိန်းကျပ် အသုံးပြုကာ လိုအပ်လျှက်ရှိသော အိမ်ထောင်စု တစ်စုဆီအား ဆန် ၅ ပြည်၊ ပဲဆီရှယ် ၅၀ ကျပ်သား၊ ခေါက်ဆွဲခြောက်စည်း ၃ ထုပ်၊ ငါးသေတ္တာ ၃ ဘူး၊ ကြက်ဥ ၁၀ လုံး၊ ကြက်သွန်နီ ၁ ပိဿာ၊ မြေပဲဆန် ၂၅ ကျပ်သား၊ ဆား ၅၀ ကျပ်သား ၁ထုပ်၊ ကြက်သားမုန့် အသေး ၅ ထုပ်၊ အမျိုးသမီးလစဉ်သုံး ၁ ထုပ် ဆီအား ဝေမျှကူညီပေးခဲ့ပါသည်။ရှိ/ Shield Women Organization နှင့် Nakatsu မိသားစုမှတဆင့် လှူဒါန်းကူညီပေးခဲ့သော အလှူရှင်များနှင့် အဖွဲ့ကိုယ်စား မြေပြင်တွင် သွားရောက်ကူညီလှူဒါန်းပေးပါသော နယ်‌မြေခံ မအိမေ (အမည်လွှဲ) အားလည်း မိဘပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ယခု Post မှ မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါရစေ။

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။