အားလုံးကြည့်ရန်

" စစ်ကိုင်းတိုင်း၊ တင်းတိပ် ကျေးရွာမှ အိမ်‌ခြေ ၃၃၀ စာအတွက် အ‌‌ခြေခံစားနပ်ရိက္ခာခြောက်များ ဝေမျှကူညီပေးခဲ့"

Share:
" စစ်ကိုင်းတိုင်း၊ တင်းတိပ် ကျေးရွာမှ အိမ်‌ခြေ ၃၃၀ စာအတွက် အ‌‌ခြေခံစားနပ်ရိက္ခာခြောက်များ ဝေမျှကူညီပေးခဲ့" ရှိ/ Shield Women Organization နှင့် Nakatsu မိသားစုတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီဖေးမမည့် အစီအစဉ် မှ စစ်ကိုင်းတိုင်း၊ တင်းတိပ် ကျေးရွာမှ ငလျင်ဒဏ်ခံစားခဲ့ရသော မိဘပြည်သူများထံသို့ ဧပြီလ ၁၂ ရက်၊ ၂၀၂၅ တွင် မြန်မာငွေကျပ် ၄,၁၇၀,၀၀၀ (လေးဆယ့်တစ်သိန်းခုနှစ်သောင်းကျပ်တိတိ) အသုံးပြုကာ အိမ်‌ခြေ ၃၃၀ စာအတွက် လိုအပ်လျှက်ရှိသော ဆန်၊ ပဲ၊ ငါးခြောက်၊ ခေါက်ဆွဲ၊ ငါးသေတ္တာ စသော အ‌‌ခြေခံစားနပ်ရိက္ခာခြောက်များ ဝေမျှကူညီပေးခဲ့ပါသည်။ရှိ/ Shield Women Organization နှင့် Nakatsu မိသားစုမှတဆင့် လှူဒါန်းကူညီပေးခဲ့သော အလှူရှင်များနှင့် အဖွဲ့ကိုယ်စား မြေပြင်တွင် သွားရောက်ကူညီလှူဒါန်းပေးပါသော နယ်ခံ ကိုမျိုးသက်ထွန်းအားလည်း မိဘပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ယခု Post မှ မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါရစေ။
SHIELD

Admin

Shield Women ၏ တရားဝင်သတင်းတင်ဆက်သူဖြစ်ပြီး ပိုမိုကောင်းမွန်သော အနာဂတ်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။

နောက်ဆုံးရသတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ မေလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုများအား အစီရင်ခံတင်ပြခြင်း
လူဖတ်အများဆုံး
ကဏ္ဍများ
အသုံးဝင်သောလင့်များ
ပင်မ ကဏ္ဍများ