"အထူးကျေးဇူးတင်ရှိခြင်း"
SHIELD
Apr 10, 2026
1 views
3 min read
"အထူးကျေးဇူးတင်ရှိခြင်း"ဒီနေ့တွင် ရှိ/ Shield အမျိုးသမီးအဖွဲ့ Team Leaders နှင့် Volunteers များအတွက် ဆရာမ Dr. Khai Mon မှ Do No Harm & Empathetic Listening ခေါင်းစဉ်ဖြင့် ၃ နာရီကြာ Online Training ကို ဦးဆောင်ပေးခဲ့ပြီး အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ဤသင်တန်းမှတဆင့် Volunteers အဖွဲ့ဝင်များအတွက် စိတ်ပိုင်းဆိုင်ရာ အာဟာရဖြစ်စေရုံသာမက ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် ကူညီဆောင်ရွက်ပေးမှုများတွင် နစ်နာသူများအား ထိတွေ့ဆက်ဆံရာ၌ လိုအပ်သော Do No Harm၊ Empathetic Listening၊ Mindfulness၊ Self-Care စသည့် အရေးကြီးသောသင်ခန်းစာများကို လေ့လာသိရှိခွင့်၊ ပြန်လည်အသုံးချနိုင်ရန် လေ့ကျင့်သင်ယူခွင့်များရရှိခဲ့ပြီး ကိုယ်တိုင်အတွက်သာမက အသင်းအဖွဲ့တစ်ခုလုံး၏ တိုးတက်မှုအတွက်ပါ တန်ဖိုးရှိသော ဗဟုသုတများ ရရှိခဲ့ပါသည်။ဆရာမ Dr. Khai Mon ၏ စိတ်ရှည်မှု၊ မျှဝေသင်ကြားပေးမှုနှင့် သက်ဆိုင်ရာသင်ကြားပြသမှုတို့တွင်ထူးချွန်မှုတို့ကြောင့် သင်တန်းသည် အလွန်စိတ်ဝင်စားဖွယ်သင်ကြားမှုတစ်ခုလည်း ဖြစ်လာခဲ့ပါသည်။ကျွန်ုပ်တို့အဖွဲ့အား အသိပညာဖြင့် တန်ဖိုးထားကာ လမ်းညွှန်ပေး၊ သင်ကြားပြသမှုပေးခဲ့သည့်အတွက် ဆရာမ Dr. Khai Mon အား အထူးပင် ကျေးဇူးတင်ရှိပါသည်။ကျွန်ုပ်တို့အဖွဲ့သည် သင်ယူခွင့်ရခဲ့သော သင်ခန်းစာများကို shield အမျိုးသမီးအဖွဲ့၏ လုပ်ငန်းဆောင်တာများနှင့်ချိတ်ဆက်၍ ပြန်လည်ဆောင်ရွက်အသုံးချသွားမည်ဖြစ်သည်။ရှိ/ Shield အမျိုးသမီးအဖွဲ့
မှတ်ချက် မရှိသေးပါ။