"ရှိ/ Shield အမျိုးသမီးအဖွဲ့၏ Corporate Meeting နှင့် ရုံးသစ်ဖွင့်ပွဲ"
SHIELD
Apr 10, 2026
3 views
2 min read
"ရှိ/ Shield အမျိုးသမီးအဖွဲ့၏ Corporate Meeting နှင့် ရုံးသစ်ဖွင့်ပွဲ"ရှိ/ Shield အမျိုးသမီးအဖွဲ့၏ Corporate Meeting နှင့် ရုံးသစ်ဖွင့်ပွဲ အခမ်းအနားလေးကို ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။ရှိ/ Shield အဖွဲ့၏ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အဖွဲ့ခေါင်းဆောင်များမှ ရှိ/ Shield ၏ ရည်ရွယ်ချက်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို မျှဝေခြင်း၊ မန်ဘာများအချင်းချင်း မိတ်ဆက်ခြင်းနှင့် အဖွဲ့ဝင်များ၏ အမြင်၊ အကြံပြုချက်များကို ဖလှယ်နိုင်ခဲ့ခြင်းကြောင့် တန်ဖိုးရှိလှသည့် အချိန်တစ်ခုဖြစ်ခဲ့ပါသည်။ယခုအခမ်းအနားလေးသို့ တက်ရောက်ချီးမြင့်ပေးခဲ့သည့် မိတ်ဖက်အဖွဲ့အစည်းများ၊ ညီအစ်ကိုမောင်နှမများနှင့် မန်ဘာအဖွဲ့ဝင်များအား ရှိ/ Shield အမျိုးသမီးအဖွဲ့မှ အထူးကျေးဇူးတင်ရှိပါသည်။ အခမ်းအနားမှ အမှတ်တရပုံရိပ်များကို မျှဝေလိုက်ပါသည်။အတူတူရပ်တည် ကာကွယ်မည်။"လုံခြုံပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ခုကို အတူတကွ တည်ဆောက်ကြပါစို့။"
မှတ်ချက် မရှိသေးပါ။