Sabai Job ရဲ့ Lat Twal Community Circle မှ ရှိ/Shield ield Women Organization နဲ့ ပူးပေါင်းပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် အန္တရာယ်ကြုံနိုင်သော အုပ်စုများအတွက် Gender-Based Violence (GBV) နှင့် Sexual
SHIELD
Apr 10, 2026
176
5 min
Gender-Based Violence and Sexual Harassment အကြောင်း သိရှိကာကွယ်ကြစို့ လိင်အခြေပြုအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို သိရှိခြင်း၊ ကာကွယ်ခြင်းမင်္ဂလာပါ ခင်ဗျာ Sabai Job ရဲ့ Lat Twal Community Circle မှ ရှိ/Shield ield Women Organization နဲ့ ပူးပေါင်းပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် အန္တရာယ်ကြုံနိုင်သော အုပ်စုများအတွက် Gender-Based Violence (GBV) နှင့် Sexual Harassment အကြောင်း အသိပညာမျှဝေပေးမည့် Webinar ကို မိတ်ဆက်ပေးလိုက်ပါတယ်။လုပ်ငန်းခွ...
Gender-Based Violence and Sexual Harassment အကြောင်း သိရှိကာကွယ်ကြစို့
လိင်အခြေပြုအကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို သိရှိခြင်း၊ ကာကွယ်ခြင်းမင်္ဂလာပါ ခင်ဗျာ
Sabai Job ရဲ့ Lat Twal Community Circle မှ ရှိ/Shield ield Women Organization နဲ့ ပူးပေါင်းပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် အန္တရာယ်ကြုံနိုင်သော အုပ်စုများအတွက် Gender-Based Violence (GBV) နှင့် Sexual Harassment အကြောင်း အသိပညာမျှဝေပေးမည့် Webinar ကို မိတ်ဆက်ပေးလိုက်ပါတယ်။လုပ်ငန်းခွင်မှာ သို့မဟုတ် နေ့စဉ်ဘဝမှာ
မလုံခြုံသလို ခံစားရဖူးပါသလား?
နှောင့်ယှက်မှုတွေကို ဘယ်လိုခွဲခြားသိမလဲ စဉ်းစားနေပါသလား?
ပြဿနာကြုံရင် ဘာလုပ်သင့်လဲ မသိဖြစ်နေပါသလား?ကိုယ့်အခွင့်အရေးကို သိရှိခြင်းနဲ့ အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ခြင်းက အရေးကြီးပါတယ်။ဒီ Webinar မှာ
GBV နှင့် Sexual Harassment ဆိုတာဘာလဲ
အန္တရာယ်ရှိနိုင်တဲ့ လက္ခဏာများကို ဘယ်လိုသိမလဲ
ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းများ
အကြမ်းဖက်မှု ဖြစ်လာပါက ဘာလုပ်သင့်လဲ
အကူအညီ ရယူနိုင်မယ့် နေရာများ တို့ကို လက်တွေ့အသုံးချနိုင်တဲ့ နည်းလမ်းများနဲ့ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
Speaker အကြောင်းဒီ webinar ကို Shield Women Organization ၏ Founder & Chairperson ဖြစ်သလို investigative journalist တစ်ဦးဖြစ်တဲ့ မထိပ်ထား မှ ဦးဆောင်ဆွေးနွေးမျှဝေပေးသွားမှာပဲ ဖြစ်ပါတယ်။ မထိပ်ထား ဟာ အမျိုးသမီးအခွင့်အရေးနှင့် လူ့အခွင့်အရေးကာကွယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့် ကိုယ့်လုံခြုံရေးအတွက် အသိပညာတိုးချင်သူများ၊ အလုပ်ခွင်အန္တရာယ်များကို သိရှိကာကွယ်လိုသူများ၊ ကိုယ့်အခွင့်အရေးကို နားလည်ချင်သူများ၊ GBV နှင့် harassment အကြောင်း သိရှိလိုသူများနှင့် အကြမ်းဖက်မှုကြုံတွေ့ပါက အကူအညီရယူလိုသူများအားလုံးကို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။
Webinar Session ကို လာမည့် ဧပြီလ (၅) ရက်နေ့၊ ၂၀၂၆ (တနင်္ဂနွေနေ့) ထိုင်းစံတော်ချိန် ည ၈:၀၀ နာရီမှ ၉:၃၀ ထိ တွင် Online မှတဆင့် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Workshop အတွက် စာရင်းပေးသွင်းဖို့ telegram group ကို အခုပဲ join ထားလိုက်ပါနော် 
[ TELEGRAM]Sabai Job မှ ဤ Webinar ကို ထိုင်းရောက်ရွှေမြန်မာများအတွက် လုံခြုံပြီး အပြန်အလှန်လေးစားမှုရှိသော ရပ်ဝန်းတစ်ခု ဖြစ်စေရန်နှင့် GBV နှင့် harassment များကို သိရှိကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ပါတယ်။
Sabai Job နဲ့ အတူ လက်တွဲ • လေ့လာ • ချိတ်ဆက် • တိုးတက် ကြမယ်
မှတ်ချက် မရှိသေးပါ။