JIMMY's Artiverse သိစေရန် ထုတ်ပြန်ချက်

SHIELD Apr 10, 2026 1 views 4 min read
Share:
ယခင်သတင်း
"အကြမ်းဖက်စစ်ကောင်စီ၏ မတရားဥပဒေပြဌာန်းခြင်းခံရသည့် LGBTQ+ များ၏ အခွင့်အရေးအတွက် ရပ်တည်ခြင်း"
နောက်ထပ်သတင်း
ဒေါ်ဝါဝါဝင်း (ခ) Grace သိစေရန် ထုတ်ပြန်ချက်
JIMMY's Artiverse သိစေရန် ထုတ်ပြန်ချက် JIMMY’s Artiverse Facebook Account မှနေ၍ ဩဂုတ်လ ၇ ရက်၊ ၂၀၂၅ ခုနှစ်တွင် ကျွန်ုပ်တို့ဘက်မှ တရား၀င်သဘောထားမှတ်ချက်မဟုတ်သော ဆွေးနွေးမှုတွင် ပြောဆိုဆွေးနွေးခဲ့သည့် စကားရပ်အပိုင်းအစတစ်ခုကို ရေးသားခဲ့ပြီး တိုင်ကြားမှုနှင့် ပတ်သက်၍ လူကိုယ်တိုင်လာရောက် ရှင်းလင်းပြောကြားရန် ရှောင်လွှဲခြင်းအား ဖုံးကွယ်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်။ Jimmy ဘက်မှ အဆိုပါအမှုကို တိုင်ကြားထားသော အဖွဲ့အစည်းများစွာထဲတွင်မှ တုန့်ပြန်ပြောဆို ဆက်သွယ်ခဲ့သည့် တစ်ဖွဲ့တည်းသော ကျွန်ုပ်တို့အဖွဲ့အား အများပြည်သူများ အထင်အမြင်လွဲမှားစေရန် ရေးသား စော်ကားမှုကို ပြုလုပ်ခဲ့သည်။အမှန်တရား ပေါ်ပေါက်ရေးနှင့် ပြန်လည်ကုစားမှု ရရှိရေးအတွက် ကျွန်ုပ်တို့အဖွဲ့၏ ဆောင်ရွက်မှုများကို Jimmy သည် ပူးပေါင်းပါဝင်ခြင်းမရှိဘဲ တာဝန်ယူမှု တာဝန်ခံမှုမဲ့စွာဖြင့် Social Media ပေါ်တွင် ဖိအားပေးခြင်းနှင့် လိုက်နာပါမည်ဟု ပြောကြားထားသည့် ကျင့်ဝတ်များကို ဖောက်ဖျက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ယခုကဲ့သို့ လူကိုယ်တိုင် လာရောက်ဖြေရှင်းခြင်းကို ပျက်ကွက်/ ရှောင်ရှား၍ Social Media ပေါ်တွင် မဟုတ်မမှန် ရေးသားနေမှုများအပေါ် ကျွန်ုပ်တို့ ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် Jimmy အား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း၊ အနာဂတ်တွင်လည်း ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် တော်လှန်ရေး၊ လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးကာကွယ်ရေး လုပ်ငန်းစဥ်များတွင် လက်တွဲလုပ်ဆောင်ခြင်း လုံး၀ပြုလုပ်တော့မည်မဟုတ်ကြောင်း Jimmy သိစေရန် ကြေငြာအပ်ပါသည်။ရှိ/ Shield Women OrganizationContact us :Hotline Number : +66 6 269 32337Website : www.shieldwomen.orgE-Mail : info@shieldwomen.org#အတူတူရပ်တည်ကာကွယ်မည် #shieldwomenorganization

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။