ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Team မှ နိုဝင်ဘာလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သော အမှုအစီရင်ခံတင်ပြခြင်း
SHIELD
Apr 10, 2026
2 views
18 min read
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Team မှ နိုဝင်ဘာလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သော အမှုအစီရင်ခံတင်ပြခြင်း၁။ ၂၀၂၅ခုနှစ် နိုဝင်ဘာလ အတွက် အနှစ်ချုပ်အသစ်တိုင်ကြားသောအမှု - ၉ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၁ မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၁၆ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - မရှိမှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု-မရှိ တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိအဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - မရှိတိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - မရှိရပ်နားထားသောအမှု - မရှိ________________________________________၂။ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှစ၍ အနှစ်ချုပ်စုစုပေါင်း တိုင်ကြားလာသောအမှု - ၇၁ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၂၁ မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၁၈ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - ၄ မှု မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု - ၁၃ မှု အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - ၆ မှု တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - ၉ မှု တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိရပ်နားထားသောအမှု - မရှိ________________________________________၃။ အမှုများကို ခွဲခြမ်းစိတ်ဖြာခြင်းShield Women Organization အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ အမှုစုစုပေါင်း ၇၁ ခု ကို လက်ခံကိုင်တွယ် ကူညီဖြေရှင်းပေးခဲ့ရာတွင် အောက်ပါအတိုင်း သတ်မှတ်ခွဲခြား ထုတ်ဖော်နိုင်ခဲ့ပါသည်။အိမ်တွင်းအကြမ်းဖက်မှု (Domestic Violence) - ၂၀ မှု အိမ်တွင်းအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၁၈ မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - မရှိလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Sexual Violence) - ၂၉ မှု လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၁၇ မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၁၀ မှုဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (Gender-based Violence) - ၁၅ မှု ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၄ မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၅ မှု အွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၆ မှုလူမှုရေးဖောက်ပြန်မှု (Social deviance) - ၁မှု အဖွဲ့၏ မူဝါဒများနှင့် မကိုက်ညီသဖြင့် လက်ခံဆောင်ရွက်ခြင်း မပြုသော အမှု - ၆ မှု ________________________________________၄။နိုဝင်ဘာလတစ်လတာအတွင်း ဆောင်ရွက်ပြီးစီးသောအမှုအကျဉ်းချုပ် - ၁ မှု***(၁) အမှုနံပါတ် - Case-0062*** အမှုခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုအမှုအမျိုးအစား - အွန်လိုင်း နည်းပညာဆိုင်ရာ အကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း- Case and Documentation Management Teamတွေ့ရှိချက်များ(က) အောက်တိုဘာလ စတုတ္ထအပတ်တွင် အမျိုးသမီးတစ်ဦးမှ Shield Women Organization ထံ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် တိုင်ကြားအကူအညီတောင်းဆိုခဲ့ပါသည်။ ဆောင်ရွက်ချက်များ(က) တိုင်ကြားသူ နှင့် Shield Women Organization Executive Management Team အဖွဲ့ဝင်များမှ တိုက်ရိုက်ချိတ်ဆက်ပြီး Zoom meeting ဖြင့် တွေ့ဆုံ မှတ်တမ်းတင်ခြင်း။ (ခ) အဖွဲ့ရဲ့ သုံးသပ်ချက်များအရ မူဝါဒနှင့်အညီ တိုင်ကြားခံရသူအား ချိတ်ဆက်ပြီး ကာယံကာရှင် နှစ်ဦးနှစ်ဖက်ဆန္ဒနှင့်အညီ တိုင်ကြားသူ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အသုံးပြု၍ အွန်လိုင်းမှ ခြိမ်းခြောက်မှုများ လုပ်ဆောင်နေခြင်းအား ပညာပေးဆွေးနွေးပြီး သတိပေးတားမြစ်ခဲ့ခြင်း။(ဂ) ညှိနှိုင်းဆွေးနွေးမှုအား တိုင်ကြားခံရသူဖက်မှ တိုင်ကြားသူ အမျိုးသမီးရဲ့သဘောထားဆန္ဒအရ လက်ခံသဘောတူညီခဲ့ပြီး ပူးပေါင်းဆောင်ရွက်ဖြေရှင်းပေးခဲ့ပါသည်။________________________________________၅။ ထူးခြားတွေ့ရှိချက်များက) မိမိသဘော ဆန္ဒအရ တရားမျှမှု ရှာဖွေရန် ဆောင်ရွက်မှုများအား ရပ်တန့်ပြီး မှတ်တမ်းအဖြစ်သိမ်းဆည်းထားရန်အမှုများများပြားလာခြင်း။ခ) အမှုမှန်ပေါ်ပေါက်ရန် ပူးပေါင်းလုပ်ဆောင်ခြင်းများတွင် စိန်ခေါ်မှုများပိုမိုများပြားလာခြင်း၊ တိုင်ကြားသူများ၊ အမှန်တကယ်နစ်နာသူများ၏ လုံခြုံရေးအန္တရာယ်မြင့်တက်လာခြင်း။ဂ) ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ၊ဂျဲန်ဒါအခြေပြုနှင့် လိင်ပိုင်ဆိုင်ရာအကြမ်းဖက်မှုနှုန်းများ မြင့်တက်လျက်ရှိခြင်း။ဃ) အကြမ်းဖက်မှုဟူသည် မည့်သည့် ဂျဲန်ဒါမှမဆို၊ မည်သည့် အစုအဖွဲ့အစည်းမှမဆို ကျူးလွန်ပါက အကြမ်းဖက်မှုမြောက်ခြင်း။င) မည်သည့် အကြမ်းဖက်မှုမဆို ကျူးလွန်ခံရသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုပါ အလိုအလျောက် ခံစားရခြင်း။စ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ခိုင်လုံသော သက်သေစုဆောင်းခြင်းဖြစ်စဉ်သည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ခြင်း။ဆ) တိုင်ကြားသူများ၏ အမှုဖြေရှင်းရာတွင် မိသားစု၏ပံ့ပိုးမှု မရရှိခြင်းနှင့် လုံခြုံရေးအန္တရာယ်မြင့်တက်ခြင်းတို့ကြောင့် ကျူးလွန်သူများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ပိုမိုများပြားလာခြင်း။ဇ) တရားမျှတမှုရရှိစေရန် လုပ်ဆောင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ချိတ်ဆက်ဆောင်ရွက်မှုများ၊ ပူးပေါင်းပါဝင်မှုများအားကောင်းလာခြင်း။ဈ) ချိုးဖောက်ကျူးလွန်မှု မဟုတ်သော လူမှုရေးဆိုင်ရာ အမှုကိစ္စများပါ တိုင်ကြားအကူအညီတောင်းခံမှုများ ပါဝင်လာခြင်း။ည) ရှိ/ Shield အမျိုးသမီးအဖွဲ့စည်းတွင် နစ်နာသူများကိုယ်တိုင် Volunteer အဖြစ် အသစ်ပူပေါင်းပါဝင် အားဖြည့်လာခြင်း။______________________၆။ အတူတကွဆောင်ရွက်ရန် အချက်များက) မည့်သည့် ဂျဲန်ဒါ၊ မည်သည့်အစုအဖွဲ့အစည်းမဆို အကြမ်းဖက်မှု ကျူးလွန်ခြင်းများအား ရှောင်ကြဉ်ရန်။ခ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ပေးကြရန်။ဂ) တရားမျှတမှု ရှာဖွေလိုသော ချိုးဖောက်ခံရသူများ အနေဖြင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်ပြီး အဆုံးထိ ရပ်တည်ရင်ဆိုင်ကြရန်။ဃ) နစ်နာသူများအနေဖြင့် တိုင်ကြားထွက်ဆိုရာတွင် အမှန်တရားအတိုင်း ပူးပေါင်းဆောင်ရွက် ပေးကြရန်။_______________________________________၇။ နိုဝင်ဘာလတစ်လတာအတွင်း အသစ်တိုင်ကြားသောအမှု - ၉ မှု***(၁) အမှုနံပါတ် - Case - 0063အမှုတိုင်ကြားလာသည့် ရက်စွဲ - ၂၉.၁၀.၂၀၂၅အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူအမျိုးသမီးအား တိုက်ရိုက် ချိတ်ဆက်ပြီး မှတ်တမ်းတင်ခြင်း၊ မူဝါဒနှင့်အညီ တိုင်ကြားခံရသူဖက်သို့ ချိတ်ဆက်ခြင်း***(၂)အမှုနံပတ် - Case - 0064အမှုတိုင်ကြားလာသည့် ရက်စွဲ - ၃၀.၁၀.၂၀၂၅အမှုတိုင်ကြားလာသည့် ခေါင်းစဥ် - ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူနှင့် တိုက်ရိုက်ချိတ်ဆက်ပြီးမှတ်တမ်းတင်ခြင်း၊ တိုင်ကြားသူဆန္ဒအရ ဥပဒေဆိုင်ရာပညာရှင်များနှင့် ချိတ်ဆက်ပေးခြင်း***(၃) အမှုနံပါတ် - Case - 0065အမှုတိုင်ကြားလာသည့် ရက်စွဲ - ၄.၁၁.၂၀၂၅အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - အိမ်တွင်းအကြမ်းဖက်မှု/ လူမှု့ရေးဖောက်ပြန်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူနှင့် တိုက်ရိုက် ချိတ်ဆက်ခြင်း***(၄) အမှုနံပါတ် - Case - 0066အမှုတိုင်ကြားလာသည့် ရက်စွဲ - ၅.၁၁.၂၀၂၅အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - အိမ်တွင်းအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူနှင့် တိုက်ရိုက် ချိတ်ဆက်ခြင်း***(၅) အမှုနံပါတ် - Case - 0067အမှုတိုင်ကြားလာသည့် ရက်စွဲ - ၈.၁၁.၂၀၂၅အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူနှင့် Case and Documentation Management Team မှ တိုက်ရိုက်ချိတ်ဆက်မှတ်တမ်းတင်ခြင်း၊ အဖွဲ့မူဝါဒနှင့်အညီ တိုင်ကြားခံရသူဖက်သို့ချိတ်ဆက်မှတ်တမ်းတင်ခြင်း***(၆) အမှုနံပါတ် - Case - 0068အမှုတိုင်ကြားလာသည့် ရက်စွဲ - ၁၃.၁၁.၂၀၂၅အမှုတိုင်ကြားလာသည့် ခေါင်းစဉ် -လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု့စုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူနှင့် Case and Documentation Management Team တို့ တိုက်ရိုက် ချိတ်ဆက်ပြီးမှတ်တမ်းတင်ခြင်း***(၇) အမှုနံပါတ် - Case - 0069အမှုတိုင်ကြားလာသည့် ရက်စွဲ - ၁၃.၁၁.၂၀၂၅အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - လူမှု့ရေးဖောက်ပြန်မှု / ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူနှင့် Case and Documentation Management Team တို့ တိုက်ရိုက် ချိတ်ဆက်ပြီးမှတ်တမ်းတင်ခြင်း***(၈) အမှုနံပါတ် - Case-0070အမှုတိုင်ကြားလာသည့် ရက်စွဲ - ၁၄.၁၁.၂၀၂၅အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - ဂျဲန်ဒါ အခြေပြု အကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူနှင့် တိုက်ရိုက် ချိတ်ဆက်ပြီး၊ မှတ်တမ်းတင် ဆက်လက်ဆောင်ရွက်နေခြင်း***(၉) အမှုနံပါတ် - Case-0071အမှုတိုင်ကြားလာသည့် ရက်စွဲ - ၁၉.၁၁.၂၀၂၅အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု့ စုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူနှင့် တိုက်ရိုက် ချိတ်ဆက်ပြီး၊ မှတ်တမ်းတင်ရန်ဆက်လက်ဆောင်ရွက်နေခြင်း______________________________________၈။ နိဂုံးချုပ်အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ နိုဝင်ဘာလ အတွင်း လက်ခံဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များနှင့် သက်သေအထောက်အထားများအား လုံခြုံစွာထိန်းသိမ်းလျက် အမှန်တကယ် နစ်နာသူများအား ပြန်လည်ကုစားခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သာတူညီမျှသော တန်းတူညီမျှသော အခွင့်အရေးများ ပြန်လည်ရရှိရန် အဘက်ဘက်မှ ကြိုးစားလျက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ထိုအမှုများဖြေရှင်းဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့ (Shield Women Organization)+66 6 269 323 37contact@shieldwomen.orgကျေးဇူးတင်လျှက်(Case and Documentation Management Team)
မှတ်ချက် မရှိသေးပါ။