ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ အောက်တိုဘာလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း
SHIELD
Apr 10, 2026
1 views
20 min read
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ အောက်တိုဘာလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း၁။ ၂၀၂၅ခုနှစ် အောက်တိုဘာလ အတွက် အနှစ်ချုပ်အသစ်တိုင်ကြားသောအမှု - ၃ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၃မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၈ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - မရှိမှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု-၂ မှု တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှု - မရှိအဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - ၁ မှု တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - ၁ မှု ရပ်နားထားသောအမှု - မရှိ________________________________________၂။ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှစ၍ အနှစ်ချုပ်စုစုပေါင်း တိုင်ကြားလာသောအမှု - ၆၂ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၂၀ မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၁၀ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - ၄ မှု မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု - ၁၃ မှု အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - ၆ မှု တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - ၉ မှု တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှု - မရှိရပ်နားထားသောအမှု - မရှိ________________________________________၃။ အမှုများကို ခွဲခြမ်းစိတ်ဖြာခြင်းShield Women Organization အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ အမှုစုစုပေါင်း ၆၂ ခု ကို လက်ခံကိုင်တွယ် ကူညီဖြေရှင်းပေးခဲ့ရာတွင် အောက်ပါအတိုင်း သတ်မှတ်ခွဲခြား ထုတ်ဖော်နိုင်ခဲ့ပါသည်။အိမ်တွင်းအကြမ်းဖက်မှု ( Domestic Violence ) - ၁၈ မှု အိမ်တွင်းအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၁၆ မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - မရှိလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Sexual Violence) -၂၆ မှု လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၁၅မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၉ မှုဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (Gender-based Violence) - ၁၂မှု ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၃ မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၄ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၅ မှုအဖွဲ့၏ မူဝါဒများနှင့် မကိုက်ညီသဖြင့် လက်ခံဆောင်ရွက်ခြင်း မပြုသော အမှု - ၆ မှု ________________________________________၄။အောက်တိုဘာလတစ်လတာအတွင်း ဆောင်ရွက်ပြီးစီးသောအမှုအကျဉ်းချုပ် - ၃ မှု***(၁) အမှုနံပါတ် - Case-0032*** အမှုခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုအမှုအမျိုးအစား - ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း - EMTတွေ့ရှိချက်များက)၂၀၂၅ခုနှစ် ဂျွန်လ နောက်ဆုံးအပတ်တွင် နစ်နာသူအမျိုးသမီးကိုယ်စား လူပုဂ္ဂိုလ်တစ်ဦးမှ Shield Women Organization ထံ အုပ်ထိန်းသူအဖြစ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုဖြင့် တိုင်ကြားအကူအညီတောင်းဆိုခဲ့ပါသည်။ဆောင်ရွက်ချက်များက) တိုင်ကြားသူ အား အတူနေချစ်သူ အမျိုးသားမှ အကြမ်းဖက်မှု ကျူးလွန်ပြီး ဆက်သွယ်မှု မလုပ်နိုင်စေရန် ဖုန်းပါ သိမ်းဆည်းထားသဖြင့် မိတ်ဆွေအိမ်မှ အကူအညီတောင်းဆက်သွယ်လာမှုအပေါ် Shield Women Organization EMT အဖွဲ့ဝင်များမှ တိုက်ရိုက်ချိတ်ဆက်ပြီး သွားရောက်တွေ့ဆုံ ဖြေရှင်းပေးခဲ့ပါသည်။(ခ) မျက်နှာစုံညီဖြေရှင်းမှုတွင် နှစ်ဦးနှစ်ဖက်မှ နောက်မဖြစ်စေရန် ကြိုးစားပြီး Relationship အား အသစ်ကပြန် စကြည့်ချင်သည်ဟု တောင်းဆိုခဲ့ပါသည်။(ဂ) တောင်းဆိုညှိနှိုင်းမှုအား Shield Women Organization မှ တိုင်ကြားသူအမျိုးသမီး၏ သဘောထားဆန္ဒအရ လက်ခံသဘောတူညီခဲ့ပြီး နောက်နောင် အကြမ်းဖက်မှုထပ်မံကျူးလွန်ခြင်းမလုပ်ဆောင်ရန် ပညာပေးဆွေးနွေး၍ ဆောင်ရွက်ဖြေရှင်းပေးခဲ့ပါသည်။_______________________________________***(၂) အမှုနံပတ် - Case-0035***အမှုခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုအမှုအမျိုးအစား - ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း - EMTတွေ့ရှိချက်များက) ၂၀၂၅ခုနှစ် ဂျွန်လ နောက်ဆုံးအပတ်တွင် ယခင်ကိုင်တွယ်ဖြေရှင်းပေးခဲ့သော Case No.32 မှ တိုင်ကြားသူသည် ထပ်မံ စာရင်းသွင်းပြီး Shield Women Organization ထံ အကူအညီတောင်းခံ တိုင်ကြားလာခြင်းဖြစ်ပါသည်။ဆောင်ရွက်ချက်များက) တိုင်ကြားလာသူအား Shield Women Organization ၏ EMT များမှ ပြန်လည်ချိတ်ဆက်ပြီး မြေပြင်တွင် အရေးပေါ် တာဝန်ယူဆောင်ရွက်ရန် Shield အဖွဲ့ဝင် အလုံအလောက် ရှိမနေသဖြင့် နယ်မြေခံ အမျိုးသမီးအရေး ကာကွယ်စောင့်ရှောက်သူများနှင့် online မှတဆင့် ချိတ်ဆက် ကူညီပေးခဲ့ပါသည်။_______________________________________***(၃) အမှုနံပါတ် - Case-0044*** အမှုခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုအမှုအမျိုးအစား - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း - Case & Documentation Management Teamတွေ့ရှိချက်များက) ၂၀၂၅ခုနှစ် ဂျူလိုင်လ တတိယအပတ်တွင် ပြည်တွင်းရှိ အမျိုးသမီးတစ်ဦးမှ သူမအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်သွားသူနှင့် ပတ်သတ်ပြီး အဖြေရှာပေးရန် ခေါင်းစဥ်ဖြင့် Shield Women Organization ထံ အကူအညီ တောင်းဆို တိုင်ကြားလာခဲ့ပါသည်။ခ) တိုင်ကြားသူသည် Shield Women Organization အား မတိုင်ကြားမီ ပြည်တွင်းရှိ ဒေသအာဏာပိုင်များထံတွင်လည်း အမှုဖွင့်တိုင်ကြားထားကြောင်းအသိပေးခဲ့ပြီး၊ Shield Women Organization အနေဖြင့် ကူညီပံ့ပိုး အကြံဉာဏ်ပေးရန် တောင်းဆိုခဲ့ပါသည်။ဆောင်ရွက်မှုများက) ၂၀၂၅ခုနှစ် ဩဂုတ်လ နောက်ဆုံးအပတ်တွင် Shield Women Organization ၏ Case & Documentation Management Team မှ Zoom Meeting ဖြင့် တွေ့ဆုံပြီး ဖြစ်စဥ်အကြောင်းအရာများနှင့် တိုင်ကြားခံရသူဘက်သို့ ဆက်သွယ်ရန် အချက်အလက်များ မှတ်တမ်းတင်ရယူခဲ့ပါသည်။ခ) Case & Documentation Management Team မှ တိုင်ကြားခံရသူအား တိုက်ရိုက်ချိတ်ဆက်မရသဖြင့် တိုင်ကြားခံရသူ၏ မိဘများထံ ၂၀၂၅ခုနှစ် ဩဂုတ်လ နောက်ဆုံးအပတ်တွင် ချိတ်ဆက်မှတ်တမ်းရယူမှုများ ဆောင်ရွက်ခဲ့ပါသည်။ဂ) တိုင်ကြားခံရသူသည် နယ်မြေဒေသ၊ ဆက်သွယ်ရန်အချက်အလက် လုံးဝဖျောက်ဖျက်၍ မိဘများနှင့်ပင် အဆက်အသွယ်လုံးဝ မပြုလုပ်ဘဲ တိမ်းရှောင်နေခြင်း၊ တိုင်ကြားခံရသူ၏ မိဘများအနေဖြင့်လည်း Shield Women Organization နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခြင်း၊ တိုင်ကြားသူဘက်ရှိ ဒေသအာဏာပိုင်များမှလည်း အမှုအား ဆက်လက်ဆောင်ရွက်ရန် ဆက်သွယ်လာခြင်းများကြောင့် ၂၀၂၅ခုနှစ် အောက်တိုဘာလ တတိယအပတ်တွင် တိုင်ကြားသူအား ၎င်းအကူအညီတောင်းဆိုချက်အတိုင်း ရရှိလာသော သတင်းအချက်အလက်များ ပေးပို့ခဲ့ပြီး အမှုအား အပြီးသတ် မှတ်တမ်းတင်ထားရှိခဲ့ပါသည်။_______________________________________၄။ ထူးခြားတွေ့ရှိချက်များက) တိုင်ကြားသူများဘက်မှ တရားမျှမှု ရှာဖွေရန် ဆောင်ရွက်မှုများအား ထိုသူတို့သဘော ဆန္ဒအရ ပြန်လည်ရပ်တန့်ပြီး မှတ်တမ်းအဖြစ်သိမ်းဆည်းထားရန်အမှုများ များပြားလာခြင်း။ ခ) အမှုမှန်ပေါ်ပေါက်ရန် ပူးပေါင်းလုပ်ဆောင်ခြင်းများတွင် စိန်ခေါ်မှုများပိုမိုများပြားလာခြင်း၊ တိုင်ကြားသူများ၊ အမှန်တကယ်နစ်နာသူများ၏ လုံခြုံရေးအန္တရာယ်မြင့်တက်လာခြင်း။ဂ) ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ၊ဂျဲန်ဒါအခြေပြုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှုန်းများ မြင့်တက်လျက်ရှိခြင်း။ဃ) အကြမ်းဖက်မှုဟူသည် မည့်သည့် ဂျဲန်ဒါမှမဆို၊ မည်သည့် အစုအဖွဲ့အစည်းမှမဆို ကျူးလွန်ပါက အကြမ်းဖက်မှုမြောက်ခြင်း။င) မည်သည့် အကြမ်းဖက်မှုမဆို ကျူးလွန်ခံရသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုပါ အလိုအလျောက် ခံစားရခြင်း။စ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ခိုင်လုံသော သက်သေစုဆောင်းခြင်းဖြစ်စဉ်သည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ခြင်း။ဆ) တိုင်ကြားသူများ၏ အမှုဖြေရှင်းရာတွင် မိသားစု၏ပံ့ပိုးမှု မရရှိခြင်းနှင့် လုံခြုံရေးအန္တရာယ်မြင့်တက်ခြင်းတို့ကြောင့် ကျူးလွန်သူများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ပိုမိုများပြားလာခြင်း။ဇ) တရားမျှတမှုရရှိစေရန် လုပ်ဆောင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ချိတ်ဆက်ဆောင်ရွက်မှုများ၊ ပူးပေါင်းပါဝင်မှုများ အားကောင်းလာခြင်း။ဈ) လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှု မဟုတ်သော လူမှုရေးဆိုင်ရာ အမှုကိစ္စများပါ တိုင်ကြားအကူအညီတောင်းခံမှုများ ပါဝင်လာခြင်း။________________________________________၅။ လိုက်နာဆောင်ရွက်ရန် အချက်များက) မည့်သည့် ဂျဲန်ဒါ၊ မည်သည့်အစုအဖွဲ့အစည်းမဆို အကြမ်းဖက်မှု ကျူးလွန်ခြင်းများအား ရှောင်ကြဉ်ရန်။ခ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ပေးကြရန်။ဂ) တရားမျှတမှု ရှာဖွေလိုသော လူ့အခွင့်အရေးချိုးဖောက်ခံရသူများ အနေဖြင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်ပြီး အဆုံးထိ ရပ်တည်ရင်ဆိုင်ပါဝင်ပေးကြရန်။_______________________________________၆။ အောက်တိုဘာလတစ်လတာအတွင်း အသစ်တိုင်ကြားသောအမှု - ၃ မှု***(၁) အမှုနံပါတ် - Case-0060***အမှုတိုင်ကြားလာသည့် ရက်စွဲ - ၁၃.၁၀.၂၀၂၅အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူအမျိုးသမီးအား တိုက်ရိုက်ချိတ်ဆက် ခေါ်ဆောင်၍ လုံခြုံမှုစီစဥ်ဆောင်ရွက်ပေးခြင်း၊ လိုအပ်သော ဆေးဝါးကုသမှုများ စီစဥ်ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျှက်ရှိပါသည်။***(၂) အမှုနံပတ် - Case-0061***အမှုတိုင်ကြားလာသည့် ရက်စွဲ - ၁၅.၁၀.၂၀၂၅အမှုတိုင်ကြားလာသည့် ခေါင်းစဥ် - လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုစုံစမ်းဆောင်ရွက်မှု အဆင့် - အဖွဲ့၏မူဝါဒနှင့် မကိုက်ညီသဖြင့် ဆောင်ရွက်ခြင်းမပြုပါ။***(၃) အမှုနံပါတ် - Case-0062***အမှုတိုင်ကြားလာသည့် ရက်စွဲ - ၂၁.၁၀.၂၀၂၅အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - Online ခြိမ်းခြောက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူနှင့် စတင် ချိတ်ဆက်နေပါသည်။________________________________________၇။ နိဂုံးချုပ်အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ အောက်တိုဘာလအတွင်း လက်ခံဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များနှင့် သက်သေအထောက်အထားများအား လုံခြုံစွာထိန်းသိမ်းလျက် အမှန်တကယ် နစ်နာသူများအား ပြန်လည်ကုစားခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သာတူညီမျှသော တန်းတူညီမျှသော အခွင့်အရေးများ ပြန်လည်ရရှိရန် အဘက်ဘက်မှ ကြိုးစားလျက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ထိုအမှုများဖြေရှင်းဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့ (Shield Women Organization)+66 6 269 323 37info@shieldwomen.orgကျေးဇူးတင်လျှက်(Case and Documentation Management Team)
မှတ်ချက် မရှိသေးပါ။