ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ ဒီဇင်ဘာလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း

SHIELD Apr 10, 2026 1 views 17 min read
Share:
ယခင်သတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Team မှ နိုဝင်ဘာလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သော အမှုအစီရင်ခံတင်ပြခြင်း
နောက်ထပ်သတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ ဇန်နဝါရီလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ ဒီဇင်ဘာလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း၁။ ၂၀၂၅ခုနှစ် ဒီဇင်ဘာလ အတွက် အနှစ်ချုပ်အသစ်တိုင်ကြားသောအမှု - ၃ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၂ မှုလက်ရှိဆောင်ရွက်နေဆဲအမှု - ၁၆ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - မရှိမှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု- ၁ မှု တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိအဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - မရှိတိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - မရှိရပ်နားထားသောအမှု - မရှိ________________________________________၂။ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှစ၍ အနှစ်ချုပ်စုစုပေါင်း တိုင်ကြားလာသောအမှု - ၇၄ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၂၃ မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၁၈ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - ၄ မှု မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု - ၁၄ မှု အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - ၆ မှုတိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - ၉ မှု တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိရပ်နားထားသောအမှု - မရှိ________________________________________၃။ အမှုများကို ခွဲခြမ်းစိတ်ဖြာခြင်းShield Women Organization အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ အမှုစုစုပေါင်း ၇၁ ခု ကို လက်ခံကိုင်တွယ် ကူညီဖြေရှင်းပေးခဲ့ရာတွင် အောက်ပါအတိုင်း သတ်မှတ်ခွဲခြား ထုတ်ဖော်နိုင်ခဲ့ပါသည်။အိမ်တွင်းအကြမ်းဖက်မှု ( Domestic Violence ) -၂၀မှု အိမ်တွင်းအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၁၈မှုစိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - မရှိလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Sexual Violence) - ၃၀ မှုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၁၇မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၁၁ မှုဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (Gender-based Violence) - ၁၇ မှုဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၄မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၆ အွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၇ မှု လူမှုရေးဖောက်ပြန်မှု (Social deviance) - ၁မှုအဖွဲ့၏ မူဝါဒများနှင့် မကိုက်ညီသဖြင့် လက်ခံဆောင်ရွက်ခြင်း မပြုသော အမှု - ၆ မှု ________________________________________၄။ဒီဇင်ဘာလတစ်လတာအတွင်း ဆောင်ရွက်ပြီးစီးသောအမှုအကျဉ်းချုပ် - ၁ မှု***(၁) အမှုနံပါတ် - Case-0060*** အမှုခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုအမှုအမျိုးအစား - ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းစုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း- EMT & Case and Documentation Teamတွေ့ရှိချက်များ(က) ကိုယ်စားတိုင်ကြားသူ မှတဆင့် နစ်နာသူ အမျိုးသမီးငယ်နှင့် တွေ့ဆုံခဲ့ပြီး နှစ်နှင့်ချီကာ အသက်မပြည့်ခင်အချိန်မှ စ၍ ယခု မလွတ်မြောက်လာမီအချိန်အထိ ရုပ်ပိုင်း၊စိတ်ပိုင်းနှင့် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်၊ဖိနှိပ် ၊ချိုးဖောက် အကြမ်းဖက် ကျူးလွန်ခြင်းများ ခံစားခံရကြောင်း အသိပေးတိုင်ကြားလာပါသည်။ဆောင်ရွက်ချက်များ(က) လွတ်မြောက်လာသူ အမျိုးသမီးငယ်အား လုံခြုံရာ နေရာ ချိတ်ဆက်ဖန်တီးပေးခြင်း။(ခ) လွတ်မြောက်လာသူ အမျိုးသမီးငယ် အနေဖြင့် ခံစားနေရသော ကျန်းမာရေးအခြေအနေများအား စစ်ဆေး၊ကုသပေးခြင်း။(ဂ) လွတ်မြောက်လာသူ အမျိုးသမီးငယ်နှင့် တိုက်ရိုက် မှတ်တမ်းတင်ခြင်း။(ဃ)လွတ်မြောက်လာသူ ကာယကံရှင်၏ ဆန္ဒအရ ခိုလှုံလိုသော အစုအဖွဲ့ထံသို့ ချိတ်ဆက်ပို့ဆောင်၍ မှတ်တမ်းထားရှိ ပိတ်သိမ်းခဲ့ပါသည်။***(၂) အမှုနံပါတ် - Case-0070*** အမှုခေါင်းစဉ် - ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုအမှုအမျိုးအစား - စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းစုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း-EMT & Case and Documentation Teamတွေ့ရှိချက်များ(က) နစ်နာသူ အမျိုးသမီး၏ ကိုယ်စား ခင်ပွန်းဟောင်းဖြစ်သူမှ ‌တိုင်ကြားလာခြင်းဖြစ်ပါသည်။(ခ) နစ်နာသူအမျိုးသမီးသည် ခရီးတစ်ခုအတွင်း စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရမှုများ ကြုံတွေ့နေရပြီး အဆက်သွယ်ပြတ်တောက်သွားကြောင်းနှင့် အရေးပေါ် ကူညီဆောင်ရွက်ပေးရန် တိုင်ကြားလာခြင်းဖြစ်ပါသည်။ဆောင်ရွက်ချက်များ(က) တိုင်ကြားလာသူ ခင်ပွန်းဟောင်း၏ အကူအညီတောင်းခံမှုအရ Shield Women Organization ၏ EMT များကိုယ်တိုင် ချိုးဖောက်ခံရသူအမျိုးသမီးအား တိုက်ရိုက်ချိတ်ဆက်ခြင်း။(ခ) ချိုးဖောက်ခံရသူ အရေးပေါ်ကြုံတွေ့နေရသော အခက်အခဲများအား ကူညီဆောင်ရွက်ပေးခြင်း။(ဂ) ချိုးဖောက်ခံရသူအမျိုးသမီးနှင့် ချိတ်ဆက်မှတ်တမ်းတင်ခြင်း။(ဃ) လိုအပ်သော ဥပဒေဆိုင်ရာ အကြံပေးမှုများနှင့် သက်ဆိုင်ရာ တရားမျှတမှု ဖော်ဆောင်နိုင်ရေး ယန္တရားများနှင့် ချိတ်ဆက်လမ်းညွှန် ဆောင်ရွက်ပေးခဲ့ပြီး မှတ်တမ်းထားရှိ ပိတ်သိမ်းခဲ့ပါသည်။________________________________________၅။ ထူးခြားတွေ့ရှိချက်များက) မိမိသဘော ဆန္ဒအရ တရားမျှမှု ရှာဖွေရန် ဆောင်ရွက်မှုများအား ရပ်တန့်ပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားရန် အမှုများ များပြားလာခြင်း။ ခ) အမှုမှန်ပေါ်ပေါက်ရန် ပူးပေါင်းလုပ်ဆောင်ခြင်းများတွင် စိန်ခေါ်မှုများပိုမိုများပြားလာခြင်း၊ တိုင်ကြားသူများ၊ အမှန်တကယ်နစ်နာသူများ၏ လုံခြုံရေးအန္တရာယ်မြင့်တက်လာခြင်း။ဂ) ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ၊ဂျဲန်ဒါအခြေပြုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှုန်းများ မြင့်တက်လျက်ရှိခြင်း။ဃ) အကြမ်းဖက်မှုဟူသည် မည့်သည့် ဂျဲန်ဒါမှမဆို၊ မည်သည့် အစုအဖွဲ့အစည်းမှမဆို ကျူးလွန်ပါက အကြမ်းဖက်မှုမြောက်ခြင်း။င) မည်သည့် အကြမ်းဖက်မှုမဆို ကျူးလွန်ခံရသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုပါ အလိုအလျောက် ခံစားရခြင်း။စ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ခိုင်လုံသော သက်သေစုဆောင်းခြင်းဖြစ်စဉ်သည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ခြင်း။ဆ) တိုင်ကြားသူများ၏ အမှုဖြေရှင်းရာတွင် မိသားစု၏ပံ့ပိုးမှု မရရှိခြင်းနှင့် လုံခြုံရေးအန္တရာယ်မြင့်တက်ခြင်းတို့ကြောင့် ကျူးလွန်သူများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ပိုမိုများပြားလာခြင်း။ဇ) တရားမျှတမှုရရှိစေရန် လုပ်ဆောင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ချိတ်ဆက်ဆောင်ရွက်မှုများ၊ ပူးပေါင်းပါဝင်မှုများ အားကောင်းလာခြင်း။ဈ) ချိုးဖောက်ကျူးလွန်မှု မဟုတ်သော လူမှုရေးဆိုင်ရာ အမှုကိစ္စများပါ တိုင်ကြားအကူအညီတောင်းခံမှုများ ပါဝင်လာခြင်း။ည) ရှိ/ Shield အမျိုးသမီးအဖွဲ့စည်းတွင် နစ်နာသူများကိုယ်တိုင် Volunteer အဖြစ် အသစ်ပူးပေါင်းပါဝင် အားဖြည့်လာခြင်း။________________________________________၆။ အတူတကွဆောင်ရွက်ရန် အချက်များက) မည့်သည့် ဂျဲန်ဒါ၊ မည်သည့်အစုအဖွဲ့အစည်းမဆို အကြမ်းဖက်မှု ကျူးလွန်ခြင်းများအား ရှောင်ကြဉ်ရန်။ခ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ပေးကြရန်။ဂ) တရားမျှတမှု ရှာဖွေလိုသော ချိုးဖောက်ခံရသူများ အနေဖြင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်ပြီး အဆုံးထိ ရပ်တည်ရင်ဆိုင်ကြရန်။_______________________________________၇။ ဒီဇင်ဘာလတစ်လတာအတွင်း အသစ်တိုင်ကြားသောအမှု - ၃ မှု***(၁) အမှုနံပါတ် - Case-0072အမှုတိုင်ကြားလာသည့် ရက်စွဲ - 6.12.2025အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းစုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူနှင့် ချိတ်ဆက်မှတ်တမ်းတင်ခြင်း၊လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နေဆဲ။***(၂)အမှုနံပတ် - Case - 0073အမှုတိုင်ကြားလာသည့် ရက်စွဲ -19.12.2025အမှုတိုင်ကြားလာသည့် ခေါင်းစဥ် - အွန်လိုင်းခြိမ်းခြောက်ခံရခြင်းစုံစမ်းဆောင်ရွက်မှု အဆင့် -တိုင်ကြားသူနှင့် တိုက်ရိုက်ချိတ်ဆက်ရန် ဆောင်ရွက်နေဆဲ။***(၃) အမှုနံပါတ် - Case-0074အမှုတိုင်ကြားလာသည့် ရက်စွဲ - 21.12.2025အမှုတိုင်ကြားလာသည့် ခေါင်းစဉ် -အွန်လိုင်းခြိမ်းခြောက်ခံရမှုစုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူနှင့် တိုက်ရိုက် ချိတ်ဆက်ရန်ဆောင်ရွက်နေဆဲ။______________________________________၈။ နိဂုံးချုပ်အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ ဒီဇင်ဘာလအတွင်း လက်ခံဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များနှင့် သက်သေအထောက်အထားများအား လုံခြုံစွာထိန်းသိမ်းလျက် အမှန်တကယ် နစ်နာသူများအား ပြန်လည်ကုစားခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သာတူညီမျှသော တန်းတူညီမျှသော အခွင့်အရေးများ ပြန်လည်ရရှိရန် အဘက်ဘက်မှ ကြိုးစားလျက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ထိုအမှုများဖြေရှင်းဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့ (Shield Women Organization)+66 6 269 323 37contact@shieldwomen.orgကျေးဇူးတင်လျှက်(Case and Documentation Management Team)

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။