ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ စက်တင်ဘာ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း
SHIELD
Apr 10, 2026
2 views
23 min read
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ စက်တင်ဘာ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း၁။ ၂၀၂၅ခုနှစ် စက်တင်ဘာအတွက် အနှစ်ချုပ်အသစ်တိုင်ကြားသောအမှု - ၂ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၃ မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၆ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - ၁ မှု မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု- ၉ မှု တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိအဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - ၂ မှု တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - ၁ မှု ရပ်နားထားသောအမှု - မရှိ________________________________________၂။ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှစ၍ အနှစ်ချုပ်စုစုပေါင်း တိုင်ကြားလာသောအမှု - ၅၉ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၁၈ မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၁၂ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - ၄ မှု မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု - ၁၂ မှု အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - ၅ မှု တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - ၈ မှု တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိရပ်နားထားသောအမှု - မရှိ________________________________________၃။ အမှုများကို ခွဲခြမ်းစိတ်ဖြာခြင်းShield Women Organization အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ အမှုစုစုပေါင်း ၅၈ ခု (အမှုအမှတ် - ၅၉ မှာ လက်ရှိချိတ်ဆက်ဆောင်ရွက်နေဆဲ)ကို လက်ခံကိုင်တွယ် ကူညီဖြေရှင်းပေးခဲ့ရာတွင် အောက်ပါအတိုင်း သတ်မှတ်ခွဲခြား ထုတ်ဖော်နိုင်ခဲ့ပါသည်။အိမ်တွင်းအကြမ်းဖက်မှု ( Domestic Violence ) - ၁၈ မှု အိမ်တွင်းအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၁၆ မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - မရှိလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Sexual Violence) - ၂၄ မှု လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၁၄ မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၈ မှုဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (Gender-based Violence) - ၁၁ မှု ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၃ မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၄ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၄ မှုအဖွဲ့၏ မူဝါဒများနှင့် မကိုက်ညီသဖြင့် လက်ခံဆောင်ရွက်ခြင်း မပြုသော အမှု - ၅ မှု ________________________________________၄။ စက်တင်ဘာလတစ်လတာအတွင်း ဆောင်ရွက်ပြီးစီးသောအမှုအကျဉ်းချုပ် - ၃ မှု***(၁) အမှုနံပါတ် - Case-0012*** အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အမှုအမျိုးအစား - ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု စုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း - Executive Management Teamတွေ့ရှိချက်များက) **(၁) အမှုနံပါတ် - Case-0012*** အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အမှုအမျိုးအစား - ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု စုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း - Executive Management Teamတွေ့ရှိချက်များက) ၂၀၂၅ခုနှစ် မတ်လနောက်ဆုံးအပတ်တွင် သူနာပြု CDM အမျိုးသမီး ရဲဘော်တစ်ဦးသည် တပ်ရင်းအတွင်း ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက် ဖိနှိပ်မှုများကြောင့် နှုတ်ထွက်ရန် စာ၃ကြိမ်တင်ခဲ့သော်လည်း မည်သို့မျှအကြောင်းပြန်ကြားခြင်း မရှိခြင်း၊ စစ်ရေးချုပ်ထံသို့ တိုက်ရိုက်နှုတ်ထွက်စာတင်ခဲ့ခြင်း ကိစ္စနှင့်ပတ်သတ်၍ အကြပ်ကိုင်ပြီး ခေါ်ဆောင်ခံရခြင်း၊ အကြမ်းဖက် ခေါ်ဆောင်ခံရမည်ဟု ခြိမ်းခြောက်ခံရခြင်း၊ မိန်းမသားတစ်ယောက် အနေဖြင့် ကာကွယ်သူကင်းမဲ့စွာဖြင့် တပ်ရင်းသို့လိုက်ပါခဲ့ရခြင်း၊ သက်သေအကြောင်းရင်းခိုင်လုံမှုမရှိသော ပြစ်မှုပြစ်ဒဏ်မမျှသော ချုပ်နှောင်ခြင်း၊ ပစ္စည်းများသိမ်းဆည်းခြင်း၊ အပြစ်ပေးခြင်းများ မတရားစွာခံရခြင်းများကြောင့် Shield Women Organization သို့ တရားမျှတမှုဖော်ဆောင်ပေးနိုင်ရန် အကူအညီတောင်းဆို တိုင်ကြားခဲ့ပါသည်။ဆောင်ရွက်မှုများက) Shield အနေဖြင့် ဆက်သွယ်တိုင်ကြားလာသူ အမျိုးသမီးရဲဘော်၏ တိုင်ကြားလာမှုနှင့်ပတ်သတ်၍ ကာယကံရှင် အမျိုးသမီးရဲဘော်နှင့် ချိတ်ဆက် ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ NUG တရားရေးယန္တရားသို့ အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း၊ တိုင်ကြားခံရသည့် တပ်ရင်းမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆွေးနွေးခြင်းများ အချိန်နှင့်တပြေးညီဆောင်ရွက်ခဲ့ပြီး အမျိုးသမီးရဲဘော်အား လိုအပ်သော တရားမျှတမှုများ ဖော်ဆောင်နိုင်ရန်အတွက် အတူတကွ ရပ်တည်ကာကွယ် ပေးခဲ့ပါသည်။________________________________________***(၂) အမှုနံပါတ် - Case-0020*** အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အမှုအမျိုးအစား - ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု စုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း - Executive Management Teamတွေ့ရှိချက်များက) ၂၀၂၅ခုနှစ် ဧပြီလနောက်ဆုံးအပတ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးသည် သူနှင့် ၎င်း၏မိသားစုဝင် (အမျိုးသမီး ၂ဦးအပါအဝင်) များအား ငွေကြေးလိမ်လည်မူတွင် ပါဝင်ပတ်သက်အကြံပေးသည်ဟု စွပ်စွဲခံရကာ လာရောက်ဖြေရှင်းရန် အကြောင်းကြားစာ ပို့လာခြင်းမရှိပဲ ညဘက်တွင် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံခဲ့ရခြင်း၊ ရှာဖွေပုံစံမပါပဲ မိမိ၏မိသားစုပိုင် ရွှေ၊ငွေပစ္စည်းများ ယူဆောင်ခံခဲ့ရခြင်း၊ မိမိအား ထိုနေ့ညမှစ၍ ၂ရက်၂ညတိတိ ထိတ်တုံးခတ်ခံခဲ့ရခြင်းနှင့် ရဲဘော်၏ ဇနီးနှင့်ချွေးမဖြစ်သူတို့အား ဆက်လက်ဖမ်းဆီးခံထားရဆဲ အခြေအနေများကြောင့် Shield Women Organization သို့ အကူအညီတောင်းဆို တိုင်ကြားခဲ့ပါသည်။ဆောင်ရွက်မှုများက) Shield အနေဖြင့် တိုင်ကြားလာသူ အမျိုးသားနှင့် ချိတ်ဆက်ဆွေးနွေးပြီး၊ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ တာဝန်ရှိသူများနှင့် ချိတ်ဆက်စုံစမ်းအတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ခ) ထို့အပြင် တိုင်ကြားလာသူများ၏ အကြောင်းကိစ္စအပေါ် သက်သေခံ ထွက်ဆိုမှုများအား social media တွင်လည်း သက်သေခံချက်များ တိုက်ရိုက်ဖော်ပြနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ဂ) တိုင်ကြားခံရသည့် တပ်ရင်းတပ်ဖွဲ့ ၏ တာဝန်ရှိသူများနှင့် ချိတ်ဆက် ဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီး ၂ ဦးအနက်မှ ၁ ဦး ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန် အမျိုးသမီး ၁ ဦးသည်လည်း သက်ဆိုင်ရာ တရားစီရင်ရေး ယန္တရားတွင် မျှတစွာ တရားရင်ဆိုင်ခွင့် ရသည်အထိ အတူရပ်တည် ကာကွယ်ဆောင်ရွက်ပေးခဲ့ပါသည်။________________________________________***(၃) အမှုနံပါတ် - Case-0057*** (အရေးပေါ်လုပ်ဆောင်ခြင်း)အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအမှုအမျိုးအစား - အိမ်တွင်းအကြမ်းဖက်မှု စုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း - Case and Documentation Management Team and Other Partnersတွေ့ရှိချက်များက) ၂၀၂၅ခုနှစ် ဧပြီလနောက်ဆုံးအပတ်တွင် အမျိုးသမီးတစ်ဦးသည် Shield Women Organization ၏ တရားဝင် page စာမျက်နှာသို့ ဆက်သွယ်ခဲ့ပြီး သူမ၏ အမျိုးသားဖြစ်သူ (NUCC တရားရုံးတွင် လက်ထပ်ထားသော) သည် ကိုယ်ထိလက်ရောက် ကျူးလွန်သဖြင့် ရရှိလာသော သက်သေခံဒဏ်ရာများအား အမျိုးသမီးသည် မှတ်တမ်းယူ သိမ်းဆည်းပြီး ကူညီဆောင်ရွက်ပေးရန် ဆက်သွယ်လာခဲ့ပါသည်။ခ) သူမအနေဖြင့် ပြည်တွင်း၌ ရောက်ရှိနေပြီး မကြာခင် မဲဆောက်သို့ အမျိုးသားနှင့်အတူ လာရောက်ဆွေးနွေးအဖြေရှာလိုကြောင်းလည်း ပထမအကြိမ် ဆက်သွယ် အကူညီတောင်းဆိုခဲ့ပါသည်။ဂ) တိုင်ကြားလာသူ အမျိုးသမီးသည် Shield အဖွဲ့၏ Case & Documentation Management Team Leader တစ်ဦး၏ personal Facebook account သို့ ဒုတိယအကြိမ် ထပ်မံဆက်သွယ်လာပြီး နောက်တစ်ရက်တွင် အမျိုးသားဖြစ်သူအား ချော့မော့၍ Shield ရုံးခန်းသို့ ကိုယ်တိုင်လာရောက်ဆွေးနွေး အဖြေရှာလိုကြောင်း ဒုတိယအကြိမ် အကူအညီတောင်းဆိုခဲ့ပါသည်။ဆောင်ရွက်မှုများက) ပထမအကြိမ် ဆက်သွယ် အကူအညီတောင်းဆိုမှုအား စနစ်တကျ မှတ်တမ်းတင်ထားရှိခဲ့ပြီး ဒုတိယအကြိမ် ဆက်သွယ် အကူအညီတောင်းဆိုမှုအပြီးတွင် Case & Documentation Management Team Leader နှင့် Emergency Team Leader တို့မှ လက်ခံတွေ့ဆုံပြီး ကူညီဖြေရှင်းပေးခဲ့ပါသည်။ခ) ဆွေးနွေးအဖြေရှာမှုတွင် အမျိုးသားဖြစ်သူမှ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြောင်း ဝန်ခံသဖြင့် အိမ်တွင်းအကြမ်းဖက်မှု ၏ သဘောတရားများအား ဆွေးနွေးမျှဝေခဲ့ပြီး နောင်တွင် ယခုကဲ့သို့ ထပ်မံကျူးလွန်မှုမျိုး မပြုလုပ်ရန်နှင့် အမျိုးသမီးဖြစ်သူ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် Shield ရုံးခန်းတွင် ခံဝန်လက်မှတ်ရေးထိုးခဲ့ကြပါသည်။ဂ) ခံဝန်လက်မှတ် ရေးထိုးရာတွင် အမျိုးသားအနေဖြင့် အမျိုးသမီးဖြစ်သူမှလည်း ရည်ရွယ်ချက်ရှိရှိ ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သော ဒဏ်ရာအား ပြသ၍ ထိုသို့ကျူးလွန်မှုအပေါ် သူ့အနေဖြင့် မည်သည့်တိုင်ကြားမှုမှ မပြုလုပ်ဘဲ သည်းခံခဲ့ကြောင်း ရှင်းလင်းပြောဆိုခဲ့ပြီး အမျိုးသမီးနှင့် တရားဝင်ကွာရှင်းပြတ်စဲပေးရန် အကူအညီတောင်းခံခဲ့သော်လည်း အမျိုးသမီးဖြစ်သူအနေဖြင့် ကွာရှင်းမပေးနိုင်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။ဃ) အမျိုးသားဖြစ်သူ၏ အကူအညီတောင်းခံမှုနှင့်ပတ်သတ်၍ Shield အနေဖြင့် တရားဝင်ကွာရှင်းပေးမှုများ မလုပ်ဆောင်ပေးကြောင်း၊ အဖွဲ့၏ချမှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသော အမှုများကိုသာ ကိုင်တွယ်ဖြေရှင်းပေးကြောင်း အသိပေးပြောကြားခဲ့ပါသည်။င) အမျိုးသမီးဖြစ်သူမှလည်း အမျိုးသားဖြစ်သူအပေါ် အိမ်တွင်းအကြမ်းဖက်မှု တစ်စုံတစ်ရာ ကျူးလွန်လာပါကလည်း သက်သေနဲ့တကွတိုင်ကြားနိုင်ကြောင်းနှင့် Shield အနေဖြင့် အိမ်တွင်းအကြမ်းဖက်မှုများကိုင်တွယ်ဖြေရှင်းရာတွင် ကျူးလွန်သူသည် မည်သည့် ဂျဲန်ဒါဖြစ်စေ ခွဲခြားမှုမရှိပဲ တရားမျှတမှု အတွက်သာ ရှေးရှုဆောင်ရွက်ကြောင်း ဆွေးနွေးပြောဆို၍ တရားမျှတမှုအတွက် အတူတကွရပ်တည် ဆောင်ရွက်ပေးခဲ့ပါသည်။________________________________________၄။ ထူးခြားတွေ့ရှိချက်များက) အသစ်တိုင်ကြားသောအမှုများ နည်းပါးလာပြီး မှတ်တမ်းအဖြစ်သိမ်းဆည်းထားရန်အမှုများ များပြားလာခြင်း။ ခ) အမှုမှန်ပေါ်ပေါက်ရန် ပူးပေါင်းလုပ်ဆောင်ခြင်းများတွင် စိန်ခေါ်မှုများပိုမိုများပြားလာခြင်း၊ တိုင်ကြားသူများ၊ အမှန်တကယ်နစ်နာသူများ၏ လုံခြုံရေးအန္တရာယ်မြင့်တက်လာခြင်း။ဂ) ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ၊ဂျဲန်ဒါအခြေပြုနှင့် အိမ်တွင်းအကြမ်းဖက်မှုနှုန်းများ မြင့်တက်လျက်ရှိခြင်း။ဃ) အကြမ်းဖက်မှုဟူသည် မည့်သည့် ဂျဲန်ဒါမှမဆို၊ မည်သည့် အစုအဖွဲ့အစည်းမှမဆို ကျူးလွန်ပါက အကြမ်းဖက်မှုမြောက်ခြင်း။င) မည်သည့် အကြမ်းဖက်မှုမဆို ကျူးလွန်ခံရသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုပါ အလိုအလျောက် ခံစားရခြင်း။စ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ခိုင်လုံသော သက်သေစုဆောင်းခြင်းဖြစ်စဉ်သည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ခြင်း။ဆ) အသက်ပြည့်ပြီးသော တိုင်ကြားသူများအပါ၊ အသက်မပြည့်သေးသော တိုင်ကြားသူများ၏ အမှုဖြေရှင်းရန် မိသားစု၏ပံ့ပိုးမှု မရရှိခြင်းနှင့် လုံခြုံရေးအန္တရာယ်မြင့်တက်ခြင်းတို့ကြောင့် ကျူးလွန်သူများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ပိုမိုများပြားလာခြင်း။ဇ) တရားမျှတမှုရရှိစေရန် လုပ်ဆောင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ချိတ်ဆက်ဆောင်ရွက်မှုများ၊ ပူးပေါင်းပါဝင်မှုများ အားကောင်းလာခြင်း။________________________________________၅။ လိုက်နာဆောင်ရွက်ရန် အချက်များက) မည့်သည့် ဂျဲန်ဒါ၊ မည်သည့်အစုအဖွဲ့အစည်းမဆို အကြမ်းဖက်မှု ကျူးလွန်ခြင်းများအား ရှောင်ကြဉ်ရန်။ခ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ပေးကြရန်။_______________________________________၆။ စက်တင်ဘာလတစ်လတာအတွင်း အသစ်တိုင်ကြားသောအမှု - ၂ မှု ***(၁) အမှုနံပါတ် - Case-0058*** အမှုတိုင်ကြားလာသည့် ရက်စွဲ - စက်တင်ဘာလ ၁၇ရက်နေ့၊ ၂၀၂၅ ခုနှစ်အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - အိမ်တွင်းအကြမ်းဖက်မှု (Domestic Violence)စုံစမ်းဆောင်ရွက်မှုအဆင့် - မှတ်တမ်းအဖြစ်သာထားရှိသည့်အမှုအဖွဲ့၏ ကောက်ချက်ချသော အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဖွဲ့၏ ကောက်ချက်ချသော အမှုအမျိုးအစား - အိမ်တွင်းအကြမ်းဖက်မှု ***(၂) အမှုနံပါတ် - Case-0059*** အမှုတိုင်ကြားလာသည့် ရက်စွဲ - စက်တင်ဘာလ ၂၁ရက်နေ့၊ ၂၀၂၅ ခုနှစ်အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - အွန်လိုင်းခြိမ်းခြောက်မှု (Cyber Abuse)စုံစမ်းဆောင်ရွက်မှုအဆင့် - လက်ရှိချိတ်ဆက်နေဆဲ________________________________________၇။ နိဂုံးချုပ်အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ စက်တင်ဘာလအတွင်း လက်ခံဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များနှင့် သက်သေအထောက်အထားများအား လုံခြုံစွာထိန်းသိမ်းလျက် အမှန်တကယ် နစ်နာသူများအား ပြန်လည်ကုစားခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သာတူညီမျှသော တန်းတူညီမျှသော အခွင့်အရေးများ ပြန်လည်ရရှိရန် အဘက်ဘက်မှ ကြိုးစားလျက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ထိုအမှုများဖြေရှင်းဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့ (Shield Women Organization)+66 6 269 323 37info@shieldwomen.orgကျေးဇူးတင်လျှက်(Case and Documentation Management Team)
မှတ်ချက် မရှိသေးပါ။