အားလုံးကြည့်ရန်

"အကြမ်းဖက်စစ်ကောင်စီ၏ မတရားဥပဒေပြဌာန်းခြင်းခံရသည့် LGBTQ+ များ၏ အခွင့်အရေးအတွက် ရပ်တည်ခြင်း"

Share:
"အကြမ်းဖက်စစ်ကောင်စီ၏ မတရားဥပဒေပြဌာန်းခြင်းခံရသည့် LGBTQ+ များ၏ အခွင့်အရေးအတွက် ရပ်တည်ခြင်း"မြန်မာနိုင်ငံရှိ LGBTQ+ အသိုင်းအဝိုင်း၏ အခွင့်အရေးအတွက် ရပ်တည်ခြင်းမြန်မာနိုင်ငံတွင် ကိုလိုနီခေတ်မှ ဆက်ခံထားသော ရာဇသတ်ကြီး ပုဒ်မ ၃၇၇ အရ LGBTQ+ အသိုင်းအဝိုင်းအား ဥပဒေအရ ဖိနှိပ်မှုများ ဆက်လက်ရင်ဆိုင်နေရပြီး၊ လက်ရှိစစ်အာဏာရှင်အစိုးရသည် Pride Month ကာလအတွင်း ၎င်းတို့၏ ငြိမ်းချမ်းသော ဖွင့်ဟဝေမျှမှုများကို ပိတ်ပင်ခြင်း၊ ထောင်ဒဏ် ၁၀ နှစ်မှ၂၀ နှစ်အထိ တိုးမြှင့်အရေးယူမည်ဟု ခြိမ်းခြောက်နေခြင်းတို့ကို ရှိ/ Shield အမျိုးသမီးအဖွဲ့မှ ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။မြန်မာနိုင်ငံတွင် အင်္ဂလိပ်ကိုလိုနီခေတ်မှ ဆက်ခံထားသော ရာဇသတ်ကြီး ပုဒ်မ ၃၇၇ သည် “ဓမ္မတာမဟုတ်သော လိင်ဆက်ဆံမှု” ဟုဖော်ပြကာ LGBTQ+ အသိုင်းအဝိုင်းအပေါ် ဖိနှိပ်မှုများတရားဝင်စွာ ပြုလုပ်နိုင်သည့်အခြေအနေကို လက်ရှိအချိန်အထိ ဖန်တီးပေးနေဆဲ ဖြစ်ပါသည်။ရာဇသတ်ကြီး ပုဒ်မ ၃၇၇ သည် ဓမ္မတာနှင့် ဆန့်ကျင်သော ပြစ်မှုဖြစ်ပြီး ယောကျာၤးနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို၊ မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုကို ပြုလျှင်၊ ထိုသူကို တသက်တကျွန်းဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဟု ပြဋ္ဌာန်းထားသည်။မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ဟာ အင်္ဂလိပ်ရိုးရာဥပ​ဒေစနစ် (Common Law System) ကျင့်သုံးတဲ့နိုင်ငံ​တွေ ​ဖြစ်တာ​ကြောင့် အ​ခြေခံသ​ဘောအရ ရာဇသတ်ကြီး (Penal Code) ပုဒ်မ ၃၇၇ ပြဠာန်းချက်ဟာ Indian Penal Code (IPC) ပါ Section 377 နှင့် တူညီပါသည်။ သို့သော် အိန္ဒိယနိုင်ငံတွင် ယင်းဥပဒေအား ၂၀၁၈ ခုနှစ်တွင် ဖျက်သိမ်းပေးခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်တွင် သဘာဝမဟုတ်သည့် လိင်ဆက်ဆံခြင်း၊ လိင်တူဆက်ဆံသည့် အပြုအမူကိုလည်း အရေးယူနိုင်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၇ ကို ပြင်ဆင်နိုင်ရေးအတွက် မြန်မာနိုင်ငံ LGBTQ+ အသိုင်းအဝိုင်းမှ ကြိုးစားမှုများ ရှိခဲ့သော်လည်း လက်ရှိအချိန်အထိ အောင်မြင်မှု မရရှိခဲ့ပါ။ယခင်က စစ်အာဏာမသိမ်းမီ ဒီမိုကရေစီအစိုးရ ကာလတွင် LGBTQ+ များအား အားပေးဖိတ်ခေါ်ပြီး & Proud ကဲ့သို့သော ပွဲတော်များကို မြန်မာနိုင်ငံတွင်ပင် ကျင်းပပေးခဲ့ရုံသာမက ၂၀၁၈ ခုနှစ်အစပိုင်းတွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏ National Youth Policy ခေါ် အမျိုးသား လူငယ်ရေးရာ မူဝါဒ၌ လူငယ်များကို ၎င်းတို့၏လိင်နှစ်သက်မှုအရ ခွဲခြားဆက်ဆံမှုကို တားမြစ်ခြင်း၊ ဥပဒေ၏ ပုဒ်မ ၂၄ (င) နှင့် ၂၆ (င) တွင် LGBT လူငယ်များကို “Special Consideration” ဟု အထူးစဉ်းစားဖွယ်ရာ ထိုက်တန်သောလူငယ်များအဖြစ် ဖော်ပြခြင်းများ ရှိခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ LGBTQ+ အကြောင်းအရာများပါ၀င်သည့် စာအုပ် (၇) အုပ်ကို ပိတ်သိမ်းခဲ့ပြီး ထုတ်ဝေသူများအား တရားစွဲဆိုမှုများလည်း ရှိခဲ့သည်။လက်ရှိအချိန်အတွင် မြန်မာနိုင်ငံအတွင်းရှိ LGBTQ+ များဟာ အဖက်ဖက်မှ ဖိနှိပ်ခံနေရပြီး မတရားသော အမိန့်အာဏာနှင့် တရားစီရင်ရေးအောက်တွင် အကြမ်းဖက်ခံထားရပါသည်။ ထိုကဲ့သို့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ဖိနှိပ်မှုများနှင့် အကြမ်းဖက်မှုများကို ရှုံ့ချပြီး LGBTQ+ များနှင့်အတူ ရှိ/ Shield အမျိုးသမီးအဖွဲ့မှ ရပ်တည်လျက် ရှိပါသည်။
SHIELD

Admin

Shield Women ၏ တရားဝင်သတင်းတင်ဆက်သူဖြစ်ပြီး ပိုမိုကောင်းမွန်သော အနာဂတ်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။

နောက်ဆုံးရသတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ မေလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုများအား အစီရင်ခံတင်ပြခြင်း
လူဖတ်အများဆုံး
ကဏ္ဍများ
အသုံးဝင်သောလင့်များ
ပင်မ ကဏ္ဍများ