ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Team ၏ ဇွန်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း
SHIELD
Apr 10, 2026
2 views
25 min read
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Team ၏ ဇွန်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း၁။ အခြေခံ အချက်အလက်များမေလ လက်ကျန်အမှု - ၈ မှုဇွန်လအတွင်း အသစ်တိုင်ကြားသောအမှု - ၁၂ မှုစုစုပေါင်းစုံစမ်းစစ်ဆေးသော အမှု - ၂၀ မှု ဆောင်ရွက်ပြီးစီးသည့်အမှု - ၆ မှုရပ်နားထားသည့်အမှု - ၁ မှု ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိသောအမှုများ - ၁၄ မှု________________________________________၂။ အမှုအကျဉ်းချုပ်အမှုနံပါတ် - Case-0007 ( ဧပြီလ လက်ကျန်အမှု )အမှုအမည် - လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစုံစမ်းမှုအဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်က) အသက်မပြည့်သေးသည့် ကလေးငယ်အား လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့ခြင်း။ခ) နှစ်ပေါင်းများစွာ တိမ်းရှောင်နေပြီး ယခုအချိန်ထိ အရေးယူမှု မရှိသေးခြင်း။ဆောင်ရွက်မှုက) အမှန်တရားရရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိခြင်း။ခ) သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ကိုင်ခြင်း။ဂ) ဥပဒေအရ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း။________________________________________အမှုနံပါတ် - Case-0012 ( ဧပြီလ လက်ကျန်အမှု )အမှုအမည် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်က) အဖွဲ့အစည်းအတွင်း မတရားအပြစ်ပေးမှုများ ဖြစ်ပွားခြင်း။ခ) နစ်နာသူအား ရိုက်နှက်ခြင်း၊ အမျိုးသားတစ်ဦး နှင့်အတူ ချုပ်နှောင်ထားခြင်း။ဂ) နစ်နာသူအား အကြောင်းရင်းမဲ့ ပြန်လည်တရားစွဲဆိုရန် ဆောင်ရွက်နေခြင်း။ဆောင်ရွက်မှုများနှင့် စိန်ခေါ်မှုများက) မီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်း။ခ) စွပ်စွဲခံရသူအား ဆက်သွယ်မေးမြန်းခြင်း။ဂ) နစ်နာသူ၏ စကားသံနှင့် ထူးခြားချက်များကို အစဉ်မပြတ်နားထောင်လျက်ရှိခြင်း။________________________________________အမှုနံပါတ် - Case-0014 ( ဧပြီလ လက်ကျန်အမှု )အမှုအမည် - အွန်လိုင်းခြိမ်းခြောက်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) စွပ်စွဲခံရသူအမျိုးသားမှ နစ်နာသူအား ညစ်ညမ်းဗီဒီရို များပို့ခဲ့ခြင်း။ခ) နစ်နာသူအား social mediaတွင် အရှက်သိက္ခာရအောင် မဟုတ်မမှန်သောစကားများဖြင့်ပြောဆိုတိုက်ခိုက်ခြင်း။ဂ) နစ်နာသူအား ခြိမ်းခြောက်ပြောဆိုခြင်း။စိန်ခေါ်မှုများနှင့်ဆောင်ရွက်မှုများက) နစ်နာသူအား ဆွေးနွေးတိုင်ပင်အကြံညဏ်ပေးခြင်း။ခ) ချိတ်ဆက်ဆောင်ရွက်ရန်လိုအပ်သူများနှင့် ပြောဆိုဆက်သွယ်ခြင်း။ဂ) စွပ်စွဲခံရသူအမျိုးသားအား ဆက်သွယ်နိုင်ရန်ကြိုးစားနေခြင်း။________________________________________အမှုနံပါတ် - Case-0017 ( ဧပြီလ လက်ကျန်အမှု )အမှုအမည် - လူကုန်ကူးမှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်က) ပွဲစားအမျိုးသမီးက နစ်နာသူ ရရှိမည့်ငွေကြေးများအားတပြားတချပ်မှမပေးခဲ့ခြင်း။ဃ) လက်ရှိအချိန်ထိ ထို လူကုန်ကူးသူများကို အရေးယူမှုမရှိသေး။ ထိုသူများမှာ လူကုန်ကူးမှုအား ဆက်လက်လုပ်ဆောင်နေခြင်း။ဆောင်ရွက်မှုများနဲ့ စိန်ခေါ်မှုများက) နစ်နာသူအားဆွေးနွေးအကြံပေးမှုများဆောင်ရွက်ပေးခြင်း။ခ) တရုတ်ဘက်မှ အမျိုးသမီးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရန်ကြိုးပမ်းနေခြင်း။ဂ) နစ်နာသူအား ဥပဒေအကြံညဏ်များပေးခြင်း။________________________________________အမှုနံပါတ် - Case-0020 ( ဧပြီလ လက်ကျန်အမှု )အမှုအမည် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) နစ်နာသူမိသားစုအား လာရောက်ဖမ်းဆီးစဉ်တွင် အကြောင်းမဲ့ဖမ်းဆီးသွားခြင်း။ခ) နစ်နာသူမိသားစု၏ ပိုင်ဆိုင်မှုများအား သိမ်းယူသွားခြင်း။ဂ) နစ်နာသူ မိသားစုတွင် ရဲဘော် အမျိုးသား သုံးဦးအား ပြန်လွှတ်ပေးခဲ့သော်လည်း၊ ရဲဘော်နှစ်ဦး၏ ဇနီးအား ၉ရက်တိုင် ဖမ်းဆီးထားခြင်း။ဃ) အမျိုးသမီးငယ်အား ပြန်လည်လွှတ်ပေးသော်လည်း အမျိုးသမီးကြီးအား ဆက်လက်ဖမ်းဆီးထားခြင်း။ဆောင်ရွက်မှုများနှင့် စိန်ခေါ်မှုများက) တရားမျှတမှုရရှိစေရန်၊ မှန်ကန်သောတရားစီရင်ရေးပေါ်ပေါက်စေရန် ကူညီဆောင်ရွက်ပေးခြင်း။ခ) သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာ၀န်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း။________________________________________အမှုနံပါတ် - Case-0021 ( မေလအတွင်းလက်ခံရရှိသည့်အမှု )အမှုအမည် - လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) အလိုမတူဘဲ အဓမ္မပြုကျင့်ခံရခြင်း။ခ) လက်ရှိတွင် စွပ်စွဲခံရသူဟာ ဆက်သွယ်မရဘဲ ထွက်ပြေးနေခြင်း။ဆောင်ရွက်မှုများက) နစ်နာသူအား ဆွေးနွေးအကြံညဏ်ေပးခြင်း။ခ) နစ်နာသူအား ကူညီနိုင်ရန် ချိတ်ဆက်မှုများ ဆောင်ရွက်နေခြင်း။________________________________________အမှုနံပါတ် - Case-0022 ( မေလအတွင်းလက်ခံရရှိသည့်အမှု )အမှုအမည် - လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စုံစမ်းမှု အဆင့် - ပြီးဆုံးတွေ့ရှိချက်များက) ကျူးလွန်သူသည် နစ်နာသူအား ချစ်ကြိုက်နေစဉ် ကာလအတွင်းမှာပင် နစ်နာသူအပေါ် အခွင့်ကြုံတိုင်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု နှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ရန် ကြိုးပမ်းခဲ့ခြင်း။ ခ) နစ်နာသူဘက်မှ ပေါင်းသင်းရန် ဆန္ဒအလျင်းမရှိပါဘဲ အွန်းလိုင်းမှတဆင့် လိင်ပိုင်းဆိုင်ရာစကားလုံးများပြောဆိုကာ လိင်အသုံးချမှုများပြုလုပ်ခဲ့ခြင်း။ဂ) ကျူးလွန်သူဘက်မှလဲ ပိုစ်တင်၍သော်လည်းကောင်း အခုလိုအရာမျိုးကျူးလွန်မိခဲ့ကြောင်းဝန်ခံထားခြင်း။ဆောင်ရွက်မှုများက) နစ်နာသူ စကားသံအား နားထောင်ပြီး ဆွေးနွေးကူညီပေးခြင်း။ခ) နှစ်ဖက်အသံနားထောင်ပေးခဲ့ခြင်း။ဂ) အမှန်တကယ် နစ်နာသူအား အမှန်တရားရရှိစေရန်၊ အလားတူ အမှုများ ထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်၍ ထုတ်ပြန်ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။________________________________________အမှုနံပါတ် - Case-0023 ( မေလအတွင်းလက်ခံရရှိသည့်အမှု )အမှုအမည် - အိမ်တွင်းအကြမ်းဖက်မှုစုံစမ်းမှု အဆင့် - ရပ်နားတွေ့ရှိချက်များက) နစ်နာသူပြောစကားအရ အိမ်ထောင်ကျစဉ်ကတည်းကပင် အပြင်ထွက်အလုပ်လုပ်ကိုင်ခွင့်မပေးဘဲ အိမ်ထဲမှာသာ နေထိုင်ခိုင်းပြီး အိမ်တွင်းအကြမ်းဖက်မှုများ လုပ်ကိုင်နေခြင်း။ခ) ယခုချိန်တွင် စွပ်စွဲခံရသူထိခိုက်ဒဏ်ရာကြောင့် အလုပ်မလုပ်ကိုင်နိုင်ချိန်တွင် နစ်နာသူသာ စား၀◌တ်နေရေးရှာဖွေ အလုပ်လုပ်ကိုင်နေရခြင်း။ဆောင်ရွက်မှုများက) နစ်နာသူအား ဖုန်းဖြင့် ဆက်သွယ်၍ အမှုအကြောင်းမေးမြန်းခြင်း။ခ) နစ်နာသူဘက်မှ အချိန်ပေးနိုင်မှု အဆင်ပြေခြင်းမရှိသေးသည့်အတွက် အမှုအား ခေတ္တ ရပ်ဆိုင်းထားပြီး နစ်နာသူ ပြန်လည်လိုအပ်မည့် မည်သည့် အချိန်မဆို အမှုများဆက်လက်ဆောင်ရွက်သွားပါမည်။________________________________________အမှုနံပါတ် - Case-0024 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) နစ်နာသူအား တရားဝင် လက်ထက်ယူပါမယ်ဟု ပြောဆိုကာ သုံးနှစ်တိုင်အတူ နေထိုင်ခဲ့ခြင်း။ခ) ထိုသို့အတူနေထိုင်စဉ်ကာလတွင် နစ်နာသူအား ငါးကြိမ်တိုင် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်း။ဆောင်ရွက်မှုများက) နစ်နာသူစကားသံများအား နားထောင်ပေးခြင်း။ခ) အမှုအခြေအနေအား အဖွဲ့တွင်း တိုင်ပင်ဆွေးနွေးနေခြင်း။________________________________________အမှုနံပါတ် - Case-0025 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - အိမ်တွင်းအကြမ်းဖက်မှုစုံစမ်းမှု အဆင့် - ပြီးဆုံးတွေ့ရှိချက်များက) တိုင်ကြားသူအား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ခြင်း။ခ) တိုင်ကြားသူပြောစကားအရ တိုင်ကြားသူ၏ Social Media Account အား Hack၍ ဂုဏ်သိက္ခာ ကျဆင်းစေသော စာများတင်ခြင်း။ဆောင်ရွက်မှုများက) တိုင်ကြားသူအား ကူညီဆောင်ရွက်ပေးနိုင်ရန် ပြန်လည်ဆက်သွယ်သည့်အချိန်တွင် အကြောင်းပြန်လာခြင်းမရှိတော့ပါ။________________________________________အမှုနံပါတ် - Case-0026 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု စုံစမ်းမှု အဆင့် - ပြီးဆုံးတွေ့ရှိချက်များက) နစ်နာသူမှ သူ၏အမဖြစ်သူရဲ့ သမီးရည်းစားကိစ္စအား ဝင်ရောင်ဖြေရှင်းရာမှတဆင့် တဖက်အမျိုးသား၏ ကိုယ်ထိလက်ရောက်ကျူးလွန်မှုများနှင့် ခြိမ်းခြောက်မှုများရှိခြင်းဆောင်ရွက်မှုများက) အရေးပေါ်ဖုန်းဆက်၍ အကူညီတောင်းသည့်အတွက် အချိန်နှင့်တပြေးညီ သွားရောက်ကူညီပေးခြင်း။ခ) နစ်နာသူအားကူညီခေါ်ဆောင်ထားသောအိမ်မှ သွားရောက်ခေါ်ဆောင်ပြီး လုံခြုံသောနေရာသို့ ကူညီပို့ဆောင်ပေးခဲ့ခြင်းဂ) နစ်နာသူအတွက် Safe House အကူညီများဆောင်ရွက်ပေးခဲ့ခြင်းဃ) နစ်နာသူ၏ သဘောဆန္ဒအရ အသိမိတ်ဆွေအိမ်အားပြန်လည်နေထိုင်နိုင်ရန်ဆောင်ရွက်ပေးခဲ့ခြင်း________________________________________အမှုနံပါတ် - Case- 0027 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုစုံစမ်းမှုအဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) စွပ်စွဲခံရသူမှ နစ်နာသူအား ဂုဏ်သိက္ခာကျဆင်းစေသည့်စကားများ၊ နစ်နာသူအား အရှက်ရစေမည့်စကားများ ပြောဆိုခဲ့ခြင်းခ) စွပ်စွဲခံရသူ ကိုယ်တိုင် သူ၏ Social Media တွင် အခုလိုမျိုးပြောဆိုမိခဲ့ကြောင်း ဝန်ခံထားခြင်း။ဆောင်ရွက်မှုများက) အမှုကိစ္စအား နှစ်ဖက်အသံနားထောင်ပေးခဲ့ခြင်း။ခ) အမှုနှင့် ပတ်သတ်၍ မေးမြန်းဖို့လိုအပ်သူများအား ချိတ်ဆက်မေးမြန်းခြင်း________________________________________အမှုနံပါတ် - Case- 0028 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - အွန်လိုင်းခြိမ်းခြောက်မှုစုံးစမ်းမှုအဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) စွပ်စွဲခံရသူမှ နစ်နာသူအား လူမှုရေးပြဿနာများနှင့် မကြာခဏအဆင်မပြေဖြစ်ခဲ့ခြင်း။ခ) ထိုသို့ဖြစ်ချိန်တိုင်း နစ်နာသူအား လူမှုရေးဖောက်ပြန်သော သူတယောက်အဖြစ် သိက္ခာချသည့် စာများဖြင့် Social Media ပေါ်တွင် အကောင့်တစ်ခုဖွင့်ထားကာ တင်လေ့ရှိခြင်း။ဂ) နစ်နာသူလုံခြုံရေး ထိခိုက်စေမည့်အကြောင်းအရာများပါ Socialmedia ပေါ်တွင်တင်ခြင်းဆောင်ရွက်မှုများက) နစ်နာသူ၏စကားသံအား နားထောင်းပေး၍ ကူညီဆောင်ရွက်ပေးခြင်းခ) စွပ်စွဲခံရသူ၏ မိသားစုဝင်အား ချိတ်ဆက်မေးမြန်းနိုင်ရန် ဆက်သွယ်နေသော်လည်း ပြန်လည်အကြောင်းပြန်မှုမရှိသေးခြင်း________________________________________အမှုနံပါတ် - Case-0029 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - အွန်လိုင်းခြိမ်းခြောက်မှုစုံးစမ်းမှုအဆင့် - ပြီးဆုံးတွေ့ရှိချက်များက) သမီးရည်းစားအဆင်မပြေလို့လမ်းခွဲရာမှ တိုင်ကြားခံရသူဘက်မှ တိုင်ကြားသူအား ညစ်ညမ်းသောပုံများဖြင့် Social Media တွင် ခြိမ်းခြောင်အရှက်ခွဲခဲ့ခြင်းဆောင်ရွက်မှုများက) တိုင်ကြားသူအား ကူညီပေးရန် ဆက်သွယ်ချိန်တွင် တိုင်ကြားသူမှ အမှုအား ပိတ်သိမ်းမည်ဟု ပြောဆိုလာခြင်း။________________________________________အမှုနံပါတ် - Case-0030 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံးစမ်းမှုအဆင့် - ပြီးဆုံးတွေ့ရှိချက်များက) တိုင်ကြားခံရသူသည် စစ်ကောင်စီအဖွဲ့အစည်းမှဖြစ်ပြီး ယခုလက်ရှိ ထိုင်းနိုင်ငံတွင် အိမ်ထောင်ရေးဖောက်ပြန်မှုများရှိနေခြင်းဆောင်ရွက်မှုများက) တိုင်ကြားလာသူ၏သဘောဆန္ဒမှာ ကျူးလွန်သူအား စစ်တပ်အတွင်းသို့ပြန်လည်ပို့ဆောင်စေလိုသောကြောင့် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ မူဝါဒနှင့် မကိုက်ညီသောကြောင့် ငြင်းဆိုလိုက်ရပါသည်။________________________________________အမှုခေါင်းစဉ် - Case-0031 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုစုံးစမ်းမှုအဆင့် - ပြီးဆုံးတွေ့ရှိချက်များက) နစ်နာသူနှင့် စွပ်စွဲခံရမှာ သမီးရည်းစားတွေဖြစ်ပြီး အတူတူ နေထိုင်ခဲ့ကြခြင်းခ) စွပ်စွဲခံရသူမှ နစ်နာသူနှင့်အတူနေထိုင်ထားသော ညစ်ညမ်းဗီဒီရိုများ ရိုက်ကူးထားပြီး ခြိမ်းခြောက်ဖြန့်ဝေနေခြင်းဆောင်ရွက်မှုများက) နစ်နာသူအား ကူညီပေးရန် ဆက်သွယ်ချိန်တွင် နစ်နာသူမှ တိုင်ကြားထားသောအမှုအား ဆက်လက်မလုပ်ဆောင်ဖြစ်တော့ဟု ပြောဆိုလာသဖြင့်။________________________________________အမှုနံပါတ် - Case-0032 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုစုံစမ်းစစ်ဆေးမှုအဆင့် - ဆောင်ရွက်နေဆဲဆောင်ရွက်မှုများတိုင်ကြားထားသူနှင့် အမှုကိစ္စအားမေးမြန်းကူညီပေးနိုင်ရန်ဆောင်ရွက်နေဆဲ________________________________________အမှုနံပါတ် - Case-0033 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုစုံစမ်းစစ်ဆေးမှုအဆင့် - ဆောင်ရွက်နေဆဲဆောင်ရွက်မှုများတိုင်ကြားထားသူနှင့် အမှုကိစ္စအားမေးမြန်းကူညီပေးနိုင်ရန်ဆောင်ရွက်နေဆဲ________________________________________အမှုနံပါတ် - Case-0034 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းစစ်ဆေးမှုအဆင့် - ဆောင်ရွက်နေဆဲဆောင်ရွက်မှုများတိုင်ကြားထားသူနှင့် အမှုကိစ္စအားမေးမြန်းကူညီပေးနိုင်ရန်ဆောင်ရွက်နေဆဲ________________________________________အမှုခေါင်းစဉ် - Case-0035 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှုအဆင့် - ပြီးဆုံးတွေ့ရှိချက်များက) အတူနေထိုင်သောချစ်သူအမျိုးသားမှ နစ်နာသူအား အကြမ်းဖက်မှုပြုလုပ်၍ နစ်နာသူ၏ ဖုန်းကိုပါ ထိန်းချုပ်ကိုင်ဆောင်ထားခြင်းဆောင်ရွက်မှုများက) နစ်နာသူ၏ မိတ်ဆွေအိမ်တွင် နစ်နာသူနှင့် ရှိ/ Shield အမျိုးသမီးအဖွဲ့မှ ကိုယ်တိုင်သွားရောက်တွေ့ဆုံခ) ကျူးလွန်သူဘက်မှ နောက်ထက်မလုပ်ဆောင်တော့ပါဘူးဆိုသည့် ခံဝန်စကားနှင့် နစ်နာသူမှ လက်ခံကျေအေးခဲ့ပြီး နောက်နောင် အခုလိုဆက်လက်ဖြစ်ပေါ်ပါက ကာကွယ်ကူညီရန် အသင့်ရှိနေပါသည်။၃။ ထူးခြားတွေ့ရှိချက်များက) အမျိုးသမီးတစ်ဦးအား အရှက်သိက္ခာ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် ခြိမ်းခြောက်ခြင်း။ခ) အမျိုးသမီးများအား အွန်းလိုင်းပေါ်မှ တဆင့် ညစ်ညမ်းပုံ/ ဗီဒီရိုများဖြန့်ဝေကာ ခြိမ်းခြောက်ခြင်း။ဂ) အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကျူးလွန်ရန် အကြိမ်ကြိမ်ကြိုးစားခြင်း။ဃ) အိမ်တွင်းအကြမ်းဖက်မှုများအား အကြိမ်ကြိမ်ကျူးလွန်ခြင်း________________________________________၄။ လိုက်နာဆောင်ရွက်ရန် အချက်များက) အမျိုးသမီးများအပေါ် ညစ်ညမ်းသော ဗီဒီရို/ ရုပ်ပုံများဖြင့် ခြိမ်းခြောက်မှုများအား ရှောင်ကြဉ်ရန်။ခ) အိမ်တွင်းအကြမ်းဖက်မှုများအား ရှောင်ကြဉ်ရန်။ဂ) အမျိုးသမီးများအား အွန်လိုင်းပေါ်မှတစ်ဆင့် ဂုဏ်သိက္ခာကျဆင်းစေသည့် ခြိမ်းခြောက်မှုများအား ရှောင်ကြဉ်ရန်။ဃ) အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ မပြုလုပ်ရန်။________________________________________၅။ နိဂုံးချုပ်အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/ Shield အမျိုးသမီးအဖွဲ့ ဇွန်လအတွင်း လက်ခံဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များ နှင့်သက်သေအထောက်အထားများအား လုံခြုံစွာ ထိန်းသိမ်းလျက် နစ်နာသူများ သာတူညီမျှနှင့် တန်းတူညီမျှအခွင့်အရေးများ ပြန်လည်ရရှိရန် အဘက်ဘက်မှ ကြိုးစားလျက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ ထိုအမှုများဖြေရှင်းဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့+66 6 269 323 37info@shieldwomen.orgကျေးဇူးတင်လျှက်(Case and Documentation Team )ရှိ/ Shield အမျိုးသမီးအဖွဲ့
မှတ်ချက် မရှိသေးပါ။