ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Team ၏ ဇူလိုင်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း

SHIELD Apr 10, 2026 1 views 21 min read
Share:
ယခင်သတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Team ၏ ဇွန်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း
နောက်ထပ်သတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ သြဂုတ်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Team ၏ ဇူလိုင်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း၁။ အခြေခံ အချက်အလက်များအရင်လများ လက်ကျန်အမှု - ၆ မှုဇူလိုင်လအတွင်း အသစ်တိုင်ကြားသောအမှု - ၁၃ မှုစုစုပေါင်းစုံစမ်းစစ်ဆေးသော အမှု - ၁၉ မှု ဆောင်ရွက်ပြီးစီးသည့်အမှု - ၃ မှုရပ်နားထားသည့်အမှု - ၁ မှုဆက်လက်လုပ်ဆောင်ရန် ကျန်ရှိသောအမှုများ - ၇ မှု________________________________________၂။ အမှုအကျဉ်းချုပ်အမှုနံပါတ် - Case-0007 (ဧပြီလ လက်ကျန်အမှု )အမှုအမည် - လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစုံစမ်းမှုအဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်က) အသက်မပြည့်သေးသည့် ကလေးငယ်အား လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ခဲ့ခြင်း။ခ) နှစ်ပေါင်းများစွာ တိမ်းရှောင်နေပြီး ယခုအချိန်ထိ အရေးယူမှု မရှိသေးခြင်း။ဆောင်ရွက်မှုက) အမှန်တရားရရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိခြင်း။ခ) သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်လုပ်ကိုင်ခြင်း။ဂ) ဥပဒေအရ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကူညီဆောင်ရွက်ပေးခြင်း။________________________________________အမှုနံပါတ် - Case-0020 (ဧပြီလ လက်ကျန်အမှု )အမှုအမည် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) နစ်နာသူမိသားစုအား လာရောက်ဖမ်းဆီးစဉ်တွင် အကြောင်းမဲ့ဖမ်းဆီးသွားခြင်း။ခ) နစ်နာသူမိသားစု၏ ပိုင်ဆိုင်မှုများအား သိမ်းယူသွားခြင်း။ဂ) နစ်နာသူ မိသားစုတွင် ရဲဘော် အမျိုးသား သုံးဦးအား ပြန်လွှတ်ပေးခဲ့သော်လည်း၊ ရဲဘော်နှစ်ဦး၏ ဇနီးအား ၉ရက်တိုင် ဖမ်းဆီးထားခြင်း။ဃ) အမျိုးသမီးငယ်အား ပြန်လည်လွှတ်ပေးသော်လည်း အမျိုးသမီးကြီးအား ဆက်လက်ဖမ်းဆီးထားခြင်း။ဆောင်ရွက်မှုများနှင့် စိန်ခေါ်မှုများက) တရားမျှတမှုရရှိစေရန်၊ မှန်ကန်သောတရားစီရင်ရေးပေါ်ပေါက်စေရန် ကူညီဆောင်ရွက်ပေးခြင်း။ခ) သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာ၀န်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း။________________________________________အမှုနံပါတ် - Case-0021 ( မေလလက်ကျန်အမှု )အမှုအမည် - လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) အလိုမတူဘဲ အဓမ္မပြုကျင့်ခံရခြင်း။ခ) လက်ရှိတွင် စွပ်စွဲခံရသူဟာ ဆက်သွယ်မရဘဲ ထွက်ပြေးနေခြင်း။ဆောင်ရွက်မှုများက) နစ်နာသူအား ဆွေးနွေးအကြံညဏ်‌ေပးခြင်း။ခ) နစ်နာသူအား ကူညီနိုင်ရန် ချိတ်ဆက်မှုများ ဆောင်ရွက်နေခြင်း။ဂ) နစ်နာသူဆီမှ ထူးခြားဖြစ်စဉ်များနားထောင်ပေး၍ In Person သွားရောက်တွေ့ဆုံဆွေးနွေးခြင်း။________________________________________အမှုနံပါတ် - Case-0024 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုစုံစမ်းမှု အဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) နစ်နာသူအား တရားဝင် လက်ထက်ယူပါမယ်ဟု ပြောဆိုကာ သုံးနှစ်တိုင်အတူ နေထိုင်ခဲ့ခြင်း။ခ) ထိုသို့အတူနေထိုင်စဉ်ကာလတွင် နစ်နာသူအား ငါးကြိမ်တိုင် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်း။ဆောင်ရွက်မှုများက) တိုင်ကြားသူစကားသံများအား နားထောင်ပေးခြင်း။ခ) အမှုအခြေအနေအား အဖွဲ့တွင်း တိုင်ပင်ဆွေးနွေးနေခြင်း။ဂ) တိုင်ကြားသူရဲ့ ပြောကြားချက်များအား စဉ်ဆက်မပြတ် နားထောင်ပေးခြင်း။________________________________________အမှုနံပါတ် - Case-0032 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုစုံစမ်းစစ်ဆေးမှုအဆင့် - ရပ်နားတွေ့ရှိချက်များက) ကိုယ်စားတိုင်ကြားသူရဲ့ ချစ်သူအား ခြိမ်းခြောက်၍သော်လည်းကောင်း တာဝန်ယူပါမည်ဟုပြောကာ ကာမရအောင်ကြိုးစားခြင်း။ခ) တိုင်ကြားသူအား တိုင်ကြားခံရသူမှ သူ့တွင်သက်ဆိုင်သူရှိကြောင်းပြော၍ မပတ်သတ်လိုကြောင်းပြောခြင်းဆောင်ရွက်မှုများက) ကိုယ်စားတိုင်ကြားထားသူနှင့် တွေ့ဆုံ၍ အမှုနှင့် ပတ်သတ်သည့်အကြောင်းအရာများ မေးမြန်းဆွေးနွေးခြင်း။ခ) လက်ရှိတွင် အမျိုးသမီးရဲ့ လုံခြုံရေးအတွက် အမှုအား ခေတ္တရပ်နားထားပြီး ပြန်လည်အကြောင်းကြားလာလျှင် ပြန်လည်ဆောင်ရွက်သွားမည်။________________________________________အမှုခေါင်းစဉ် - Case-0033အမှုအမည် - အစွပ်စွဲခံရသည်ဟု ဆိုကာ သဘောထားမှတ်ချက်တောင်းခံခြင်းစုံစမ်းစစ်ဆေးမှုအဆင့် - ပြီးဆုံးတွေ့ရှိချက်များက) Facebook Page တစ်ခုမှတဆင့် ထိုသူအား မဟုတ်မမှန်စွပ်စွဲချက်များကို အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေပါသည်ဟူ၍ သဘောထားမှတ်ချက်တောင်းခံလာကာ တိုင်ကြားစာအားဖြည့်သွင်းခဲ့သည်။ဆောင်ရွက်မှုများက) ထိုသူမှ သဘောထားတောင်းခံလာမှုအပေါ် နှစ်ကြိမ်တိုင်တိုင် Meeting ချိန်းဆိုကာ တွေ့ရှိခဲ့ခြင်း။ခ) In Person Meeting တွေ့ဆုံရန်ချိန်းဆိုသော်လည်း ထိုသူတို့ဘက်မှ လာရောက်တွေ့ဆုံခြင်းမရှိခဲ့ပါ။ဂ) နောက်နေ့တွင် ထိုသူမှ Confidential ထားရမည့် Meeting တွင် ဆွေးနွေးထားသည်များကို Public တွင် ခွင့်ပြုချက်မရှိ ချပြခဲ့သောကြောင့် ရှိ/Shield အမျိုးသမီးအဖွဲ့မှ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်း။///////////////////////////////////////////////////////////////////////အမှုနံပါတ် - Case-0034 (ဇွန်လအတွင်းလက်ခံရရှိသည့်အမှု)အမှုအမည် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းစစ်ဆေးမှုအဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) တိုင်ကြားသူအား စခန်းသို့တာဝန်သူပို့ဆောင်ပေးသူမှ ၉ရက်တာအတွင်း ခွင့်ပြုချက်မရှိဘဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ပြုလုပ်ခြင်း။ခ) ထိုကိစ္စနဲ့ပတ်သတ်၍ အမျိူးသမီးတစ်ဉီးမှ တိုင်ကြားသူအား Victim blaming လုပ်ဆောင်ခြင်းဂ) ထို အမှုနှင့် ပတ်သတ်၍ တဖက်အမျိုးသားမှလဲ တိုင်ကြားထားခြင်း။ဆောင်ရွက်မှုများက) တိုင်ကြားသူနှင့် တွေ့ဆုံမေးမြန်းခြင်း။ခ) နှစ်ဖက်အသံနားထောင်ခြင်း။ လိုအပ်သည်များ မေးမြန်းဆောင်ရွက်ခြင်း။________________________________________အမှုခေါင်းစဉ် - Case-0036 (ဇူလိုင်လ အသစ်တိုင်ကြားလာသောအမှု)အမှုအမည် - လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းစစ်ဆေးမှုအဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) တိုင်ကြားသူနှင့် ရည်းစားဖြစ်ကာ အတူနေထိုင်ချိန်မှာပင် တိုင်ကြားခံရသူမှ နှစ်ကြိမ် အဓ္ဓမပြုကျင့်ဖို့ကြိုးစားချိန် ပထမကြိမ်မှာ မခုခံနိုင်ဘဲ ဒုတိယအကြိမ်တွင် ခုခံနိုင်ခဲ့သည်။ခ) တိုင်ကြားခံရသူသည် တိုင်ကြားသူနှင့် ချစ်ကြိုက်နေချိန်မှာ အခြားအမျိုးသမီးများနှင့် ချိတ်ဆက်နေခြင်း။ဂ) တိုင်ကြားခံရသူသည် အသက်မပြည့်သေးသည့် အမျိုးသမီးငယ်များနှင့်လည်း ချစ်သူရည်းစားဆက်ဆံရေးများရှိနေခြင်း။ဆောင်ရွက်မှုများက) တိုင်ကြားသူနှင့် တွေ့ဆုံမေးမြန်းခြင်း။ခ) တိုင်ကြားသူအား In Person တွေ့ဆုံ၍ ဆွေးနွေးတွေ့ဆုံခြင်း။—-------------------------------------------အမှုခေါင်းစဉ် - Case-0037 (ဇူလိုင်လ အသစ်တိုင်ကြားလာသောအမှု)အမှုအမည် - စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းစစ်ဆေးမှုအဆင့် - ပြီးဆုံးဆောင်ရွက်မှုများကိုယ်စားတိုင်ကြားသူအား ချိတ်ဆက်၍ မေးမြန်းရာတွင် အမှန်တကယ် နစ်နာသူအား တိုင်ကြားနိုင်ဖို့ တွန်အားပေးလိုက်မည်ဆိုကာ ပြန်လည်မဆက်သွယ်လာခြင်း။—-----------------------------------------------အမှုခေါင်းစဉ် - Case-0039အမှုအမည် - စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (ဇူလိုင်လ အသစ်တိုင်ကြားလာသောအမှု)စုံစမ်းစစ်ဆေးမှုအဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) တဖက်တိုင်ကြားခံရသူမှ တိုင်ကြားသူအား မဟုတ်မမှန်သော ဖြစ်ရပ်များနှင့် စွပ်စွဲထားသည်ဟုပြောကြားခြင်း။ဆောင်ရွက်မှုများက) တိုင်ကြားသူနှင့် တွေ့ဆုံ၍ လိုအပ်သည်အချက်များ မေးမြန်းခြင်း။ခ) ထို အမှုနှင့် ပတ်သတ်၍ တဖက်အမျိုးသားမှလဲ တိုင်ကြားထားခြင်း။—--------------------------------------------------အမှုခေါင်းစဉ် - Case-0040အမှုအမည် - အိမ်တွင်းအကြမ်းဖက်မှု (ဇူလိုင်လ အသစ်တိုင်ကြားလာသောအမှု)စုံစမ်းစစ်ဆေးမှုအဆင့် - ပြီးဆုံးတွေ့ရှိချက်များက) တိုင်ကြားသူရဲ့ ဖခင်မှ မိခင်အား မကြာခဏဆိုသလို အိမ်တွင်းအကြမ်းဖက်မှုများပြုလုပ်ခြင်း။ဆောင်ရွက်မှုများက) အရေးပေါ်အကူညီတောင်းလာသောကြောင့် ၂၉.၇.၂၀၂၅ ရက်နေ့တွင် ညနေ ၆နာရီတွင် သွားရောက်တွေ့ဆုံပြီး ကျူးလွန်သူဘက်မှ ထပ်ပြီးမကျူးလွန်တော့ဘူးဟုပြောသောကြောင့် သက်သေမှတ်တမ်းယူခြင်း။ခ) သို့သော် ကျူးလွန်သူမှ ထပ်မံရိုက်နှက်နေသောကြောင့် ထိုနေ့ ည ၁၁ နာရီ ၃၀ မိနစ်တွင် သွားရောက်ခေါ်ယူခဲ့ကာ ရုံးခန်းတွင် နစ်နာသူအားထားရှိခြင်း။—----------------------------------------------အမှုခေါင်းစဉ် - Case-0041အမှုအမည် - လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (ဇူလိုင်လ အသစ်တိုင်ကြားလာသောအမှု)စုံစမ်းစစ်ဆေးမှုအဆင့် - ဆောင်ရွက်နေဆဲတွေ့ရှိချက်များက) တိုင်ကြားသူအား တိုင်ကြားခံရသူမှ အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ကျူးလွန်ခဲ့ကာ တိုင်ကြားခံရသူရဲ့ အမျိုးသမီးမှလည်း တိုင်ကြားသူအား ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ခြင်း။ခ) တိုင်ကြားခံရသူရဲ့ အမျိုးသမီးမှ တိုင်ကြားသူအား တပ်ရင်းတွင် တိုင်စာပို့ထားခြင်း။ဆောင်ရွက်မှုများက) တိုင်ကြားသူနှင့် တွေ့ဆုံကာ အမှုအကြောင်း မေးမြန်းဆွေးနွေးခြင်း။ခ) ထိုအမှုနှင့် ပတ်သတ်၍ လိုအပ်သည့်အဖွဲ့အစည်းများနှင့် ချိတ်ဆက်မေးမြန်းခြင်း။ဂ) တိုင်ကြားသူအား Therapy Session ဆောင်ရွက်ပေးခဲ့ခြင်း၊///////////////////////////////////////////////အမှုခေါင်းစဉ် - Case-0048အမှုအမည် - စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (ဇွန်လ အသစ်တိုင်ကြားလာသောအမှု)စုံစမ်းစစ်ဆေးမှုအဆင့် - ပြီးဆုံးတွေ့ရှိချက်များက) ဇွန် လဆန်းတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အသက် မပြည့်သေးသည့် ကျောင်းသူ တစ်ဦးကို အသက်ပြည့်ပြီး အမျိုးသား (၁) ဦးက မြ၀တီကနေ လုံခြုံရေးအန္တရာယ် အရေးပေါ်အ‌ခြေအနေဆိုပြီး ဆက်သွယ်ခဲ့ကာ ခေါ်ထုတ်ပေးဖို့ အကူအညီတောင်းခံခဲ့တာကြောင့် ဆွေးနွေးတိုင်ပင်အကြံပေးခဲ့သည်။ခ) ထို့နောက် ဆက်သွယ်မှု မရှိတော့ဘဲ ဇူလိုင် ၁၃ရက် ၂၀၂၅ တွင် ကျောင်းသုကိုခေါ်ထုတ်ခိုင်းသည့် အမျိုးသား အပါအ၀င် အမျိုးသား (၂) ဦးနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲ့ ဟိုတယ်တစ်ခုတွင် လာရောက်တည်းခို‌တာကို သိရှိခဲ့ရသည်။ ဂ) ရှိ/Shield အမျိုးသမီးအဖွဲ့က စုံစမ်း‌ မေးမြန်းမှုတွေ ပြုလုပ်ခဲ့တဲ့အခါ ကျောင်းသူရဲ့ မိဘများ သေဆုံးပြီး အမွေပြဿနာများ ဖြစ်ကာ အသက်အန္တရာယ်ရှိနေတယ်ဆိုတဲ့ ဖြစ်စဉ်မှာ မဟုတ်မှန်ကြောင်း သိရပြီး ကောင်မလေးရဲ့ မိခင်ဖြစ်သူဟာ သက်ရှိထင်ရှား မြ၀တီမြို့တွင် ရှိနေပြီး ကောင်မလေးအား စိုးရိမ်တကြီး လိုက်လံရှာဖွေနေတယ်လို့ သတင်းရရှိသည်။ဆောင်ရွက်မှုများက) ဖြစ်စဉ်မှာ မှားယွင်းမှုတွေ၊ မရိုးသားမှုတွေနဲ့ လိမ်ညာမှု‌ တွေ တွေ့ရှိခဲ့တာကြောင့် ရှိ/Shield အမျိုးသမီးအဖွဲ့မှာ တစ်ညတာ နားခိုခွင့်ပေးခဲ့ပြီး ကောင်မလေးရဲ့ မိခင်ဖြစ်သူကို ပြန်လည် ဆက်သွယ်အပ်နှံပေးခဲ့သည်။ခ) အမျိုးသား (၂) ဦးကိုတော့ ထိုင်းနိုင်ငံ မဲဆောက်မြို့ ရဲစခန်းမှာ အသက်မပြည့်သေးတဲ့ ကျောင်းသူကို ဖြားယောင်းသွေးဆောင်မှု၊ လိမ်လည်မှုများ တိုင်ကြားခဲ့ပြီး စစ်ဆေးရန် အပ်နှံပေးခဲ့သည်။၃။ ထူးခြားတွေ့ရှိချက်များက) အမျိုးသမီးငယ်အား လိမ်လည်လှည့်ဖြားကာ ခေါ်ယူနေထိုင်ခြင်း။ခ) အမျိုးသမီးများအား အလိုမတူ အဓ္ဓပြုကျင့်ရန် ကြံစည်ခြင်း။ဂ) အမျိုးသမီးအပေါ် တာဝန်ယူပါမည်ဟု လှည့်ဖြားကာ လိင်ပိုင်ဆိုင်ရာ အမြတ်ထုတ်ခြင်း၊ဃ) အိမ်တွင်းအကြမ်းဖက်မှုများအား အကြိမ်ကြိမ်ကျူးလွန်ခြင်း။________________________________________၄။ လိုက်နာဆောင်ရွက်ရန် အချက်များက) အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုများအား ရှောင်ကြဉ်ရန်။ခ) အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ/ အကြမ်းဖက်မှုများမပြုလုပ်ရန်။ဂ) အသက်ပြည့်သည်ဖြစ်စေ မပြည့်သည်ဖြစ်စေ အမျိုးသမီးများအား လိမ်လည်ဖြားယောင်းခေါ်ဆိုခြင်းများ ရှောင်ကြဉ်ရန်။________________________________________၅။ နိဂုံးချုပ်အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/ Shield အမျိုးသမီးအဖွဲ့ ဇူလိုင်လအတွင်း လက်ခံဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များ နှင့်သက်သေအထောက်အထားများအား လုံခြုံစွာ ထိန်းသိမ်းလျက် နစ်နာသူများ သာတူညီမျှနှင့် တန်းတူညီမျှအခွင့်အရေးများ ပြန်လည်ရရှိရန် အဘက်ဘက်မှ ကြိုးစားလျက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ထိုအမှုများဖြေရှင်းဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့+66 6 269 323 37info@shieldwomen.orgကျေးဇူးတင်လျှက်(Case and Documentation Team)ရှိ/ Shield အမျိုးသမီးအဖွဲ့

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။