"Nakatsu မိသားစုနှင့် Shield Women Organization တို့၏ ငလျင်ဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့မှုဆိုင်ရာ ရှင်းလင်းချက်"
SHIELD
Apr 10, 2026
1 views
9 min read
"Nakatsu မိသားစုနှင့် Shield Women Organization တို့၏ ငလျင်ဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့မှုဆိုင်ရာ ရှင်းလင်းချက်" • ဧပြီလ ၄ရက်၊ ၂၀၂၅ မှ ဧပြီလ ၁၁ရက်၊ ၂၀၂၅အထိ အလှုငွေစာရင်း ရှင်းတမ်းမြန်မာပြည်သူများ ကြုံတွေ့ခံစားခဲ့ရသည့် ငလျင်ဘေးဒဏ်အတွက် ဂျပန်နိုင်ငံမှ Nakatsu မိသားစုနှင့် Shield Women Organization တို့၏ ဖေးမကူညီသည့်အစီအစဥ်အဖြစ် ငလျင်ဘေး အရေးပေါ်ကူညီကယ်ဆယ်ရေး အစီအစဉ်ကို ၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ပါသည်။Shield Women Organization သည် ဂျပန်နိုင်ငံ Nakatsu မိသားစုထံမှ မြန်မာငွေကျပ် ၁၆,၈၂၂,၀၀၀ ကျပ် (တစ်ရာ ခြောက်ဆယ့် ရှစ်သိန်း နှစ်သောင်း နှစ်ထောင် ကျပ်တိတိ) နှင့်ညီမျှသည့် JPY 588,589 (ငါးသိန်း ရှစ်သောင်း ရှစ်ထောင့် ငါးရာ ရှစ်ဆယ့်ကိုး ယန်းတိတိ) နှင့်အတူ မြန်မာငွေ ၂,၇၀၀,၀၀၀ ကျပ် (နှစ်ဆယ့်ခုနှစ်သိန်း ကျပ်တိတိ)၊ စုစုပေါင်း ၁၉,၅၂၂,၀၀၀ ကျပ် (တစ်ရာ ကိုးဆယ့် ငါးသိန်း နှစ်သောင်း နှစ်ထောင် ကျပ်တိတိ) ကိုလက်ခံရရှိခဲ့ပြီး Shield Women Organization ထံသို့ အလှူရှင်များလာရောက်လှူဒါန်ငွေမှာ မြန်မာငွေ ၁,၉၇၀,၀၀၀ ကျပ် (ဆယ်ကိုးသိန်း ခုနစ်သောင်း ကျပ်တိတိ) နှင့်ညီမျှသည့် 15,000 THB နှင့် မြန်မာငွေ ၁,၀၀၀,၀၀၀ ကျပ် (ဆယ်သိန်း ကျပ်တိတိ) တို့ကိုလက်ခံရရှိခဲ့ပါသည်။ ထိုကြောင့် Nakatsu မိသားစုနှင့် Shield Women Organization တို့၏ ငလျင်ဘေးအရေးပေါ်ကူညီကယ်ဆယ်ရေးအစီအစဉ်မှ စုစုပေါင်းအလှူငွေ ၂၂,၄၉၂,၀၀၀ ကျပ် (နှစ်ရာ နှစ်ဆယ့် လေးသိန်း ကိုးသောင်း နှစ်ထောင် ကျပ်တိတိ) ကိုရရှိခဲ့ပါသည်။ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၄ ရက်မှ ၁၁ ရက်အထိ ငလျင်ဘေးသင့် ပြည်သူများအား Nakatsu မိသားစုနှင့် Shield Women Organization တို့မှ ပံ့ပိုးကူညီခဲ့သည့် အလှူငွေနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်း။၁။ အလှူငွေစုစုပေါင်းNakatsu မိသားစုနှင့် Shield Women Organization တို့မှ စုပေါင်းလှူဒါန်းခဲ့သည့် ငွေကြေးပမာဏမှာ ကျပ် ၂၂,၄၉၂,၀၀၀ (နှစ်ရာနှစ်ဆယ့်လေးသိန်း ကိုးသောင်းနှစ်ထောင်ကျပ်တိတိ) ဖြစ်ပြီး၊ ၎င်းအနက် ကျပ် ၂၂,၄၇၀,၀၀၀ (နှစ်ရာနှစ်ဆယ့်လေးသိန်း ခုနှစ်သောင်း ကျပ်တိတိ) ကို ငလျင်ဘေးသင့် ဒေသများသို့ ပံ့ပိုးပေးခဲ့ကာ၊ ကျပ် ၂၂,၀၀၀ (နှစ်သောင်းနှစ်ထောင်ကျပ်တိတိ) ကျန်ရှိပါသည်။၂။ ကူညီထောက်ပံ့မှုအသေးစိတ်ဧပြီလ ၄ ရက်မှ ၁၁ ရက်အတွင်း အောက်ပါဒေသများသို့ အရေးပေါ်လိုအပ်ချက်များကို ပံ့ပိုးခဲ့ပါသည်။ - (၄.၄.၂၀၂၅)ရက်တွင် စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့နှင့် မင်းကွန်းမြို့နယ်၊ ရေကားရွာတို့ထံသို့ ရေ၊ဆေးဝါး၊အမျိုးသမီးလစဥ်သုံးနှင့် ခြင်ဆေး (၂၂) သိန်းကျပ်၊- (၅.၄.၂၀၂၅) ရက်တွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများသို့ အမိုးအကာအလှူ (၂၂) သိန်းကျပ်၊- (၇.၄.၂၀၂၅) ရက်တွင် ရှမ်းပြည်နယ်၊ အင်းလေးဒေသ၊ ဟဲယားရွာမရှိ အိမ်ခြေတစ်ထောင်ကျော်နှင့် အနီးပတ်ဝန်းကျင်ဒေသအတွက် အရေးပေါ်သောက်သုံးရေရရှိစေရေး ရေသန့်စက်၊ရေတင်စက်လည်ပတ်နိုင်ရန် ဒီဇယ်၊ အမျိုးသမီးလစဥ်သုံး၊ ဆေးဝါးနှင့် ဓာတ်ဆား ငွေကျပ် (၂၂) သိန်းကျပ်၊- (၈.၄.၂၀၂၅) ရက်တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများသို့ ဆန်နှင့် အခြေခံလိုအပ်ချက်များအတွက်အလှူ (၂၅) သိန်းကျပ်၊- (၈.၄.၂၀၂၅) ရက်တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်/ချမ်းတောင်(တောင်ရွာသစ်ရပ်ကွက်) ရှိ ငလျင်ဘေးသင့်ပြည်သူ ဦး(၂၀)စာ အခြေခံစားသောက်ကုန် သိန်း(၂၀) ကျပ်၊- (၉.၄.၂၀၂၅) ရက်တွင် မန္တလေးတိုင်း၊ သံဝန်းရပ်ရှိ ငလျင်ဘေးသင့်အိမ်ထောင်စု (၄၀) စာအတွက် အောက်ခံ အခင်းအလှူ သိန်း (၂၀) ကျပ်၊- (၉.၄.၂၀၂၅) ရက်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရွာ(၇)မှ အိမ်ထောင်စု (၅၅) စုစာအတွက် မိုးကာနှင့်ဆေးဝါးအလှူအဖြစ် (၂၂) သိန်းကျပ်၊ - (၁၀.၄.၂၀၂၅) ရက်တွင် ရှမ်းပြည်နယ်၊ အင်းလေးဒေသ၊ ဟဲယားရွာမ (၁၃)ရွာအတွက် ရေပိုက် (၁၀) သိန်းကျပ်၊- (၁၁.၄.၂၀၂၅) ရက်တွင် စစ်ကိုင်းတိုင်း၊ တင်းတိပ်ရွာရှိ အိမ်ထောင်စု (၃၃၀) အတွက် ငလျင်ဘေးသင့်ပြည်သူများထံသို့ ဆန်နှင့် အခြေခံစားသောက်ကုန် (၄၁.၇) သိန်းကျပ်တို့ကိုလည်းကောင်း အသီးသီးပံ့ပိုးကူညီပေးခဲ့ပါသည်။(လှူဒါန်းမှုအသေးစိတ် မှတ်တမ်းများအား ကျွန်ုပ်တို့၏ ရှိ/Shield Facebook Page တွင် ဖော်ပြထားပါသည်။)Nakatsu မိသားစု၊ Shield Women Organization နှင့် ပူးပေါင်းကူညီခဲ့သည့် အလှူရှင်များ၊ ဒေသခံအဖွဲ့အစည်းများအား ကျေးဇူးတင်ရှိကြောင်း အထူးဖော်ပြအပ်ပါသည်။ ဆက်လက်၍ ဘေးအန္တရာယ်ကူညီရေးလုပ်ငန်းများတွင် ပါဝင်လိုသူများအား ဖိတ်ခေါ်အပ်ပါသည်။မှတ်ချက် • ငွေကြေးအသုံးပြုမှုနှင့် လုပ်ငန်းဆောင်ရွက်ပုံများကို ပွင့်လင်းမြင်သာစွာ စိစစ်နိုင်ပါသည်။ • အချက်အလက်များ သိရှိလိုပါက ကျွန်ုပ်တို့၏ Facebook Page ကိုဖြစ်စေ Website: https://shieldwomen.org သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။ကျေးဇူးတင်စွာဖြင့်Nakatsu မိသားစုနှင့် Shield Women Organizationဆက်သွယ်ရန်Shield Women OrganizationEmail: Info@shieldwomen.org၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်(ဤထုတ်ပြန်ချက်ကို Nakatsu မိသားစုနှင့် Shield Women Organization တို့က ပြည်သူများအား ပွင့်လင်းမြင်သာစွာ တင်ပြခြင်းဖြစ်ပါသည်။)
မှတ်ချက် မရှိသေးပါ။