ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ မတ်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း

SHIELD Apr 10, 2026 4 views 18 min read
Share:
ယခင်သတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ ငွေစာရင်းရှင်းတမ်း ရက်စွဲ : ၀၈ မတ်လ ၂၀၂၆။
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ မတ်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း၁။ ၂၀၂၆ ခုနှစ် မတ်လ အတွက် အနှစ်ချုပ်အသစ်တိုင်ကြားသောအမှု - ၄ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၁ မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၁၇ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - မရှိမှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု-မရှိ တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - ၂ မှု အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - ၁ မှု တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - မရှိရပ်နားထားသောအမှု - မရှိ________၂။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ အနှစ်ချုပ်စုစုပေါင်းတိုင်ကြားလာသောအမှု - ၈၅ မှုဆောင်ရွက်ပြီးစီးသောအမှု - ၂၆ မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၁၆ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - ၄ မှု မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုပ်သိမ်းသွားသည့်အမှု - ၁၇ မှု အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - ၉ မှု တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - ၁၀ မှု တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိရပ်နားထားသောအမှု - မရှိ၃။ အမှုများကို ခွဲခြမ်းစိတ်ဖြာခြင်းShield Women Organization အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ အမှုစုစုပေါင်း ၈၅ ခု ကို လက်ခံကိုင်တွယ် ကူညီဖြေရှင်းပေးခဲ့ရာတွင် အောက်ပါအတိုင်း သတ်မှတ်ခွဲခြား ထုတ်ဖော်နိုင်ခဲ့ပါသည်။အိမ်တွင်းအကြမ်းဖက်မှု ( Domestic Violence ) - ၂၄ မှု အိမ်တွင်းအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင်ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂၂ မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - မရှိလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Sexual Violence) – ၃၂ မှု လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင်ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၁၈ မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၁၂ မှုဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (Gender-based Violence) - ၂၁ မှုဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင်ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၆ မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၆ မှု အွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၈ မှု လူမှုရေးဖောက်ပြန်မှု (Social Deviance) - ၂ မှုအဖွဲ့၏ မူဝါဒများနှင့် မကိုက်ညီသဖြင့် လက်ခံဆောင်ရွက်ခြင်း မပြုသောအမှု - ၆ မှု________၄။ မတ်လ တစ်လတာအတွင်း ဆောင်ရွက်ပြီးစီးသောအမှုအကျဉ်းချုပ် - ၁ မှု*(၁) အမှုနံပါတ် - Case-0081အမှုခေါင်းစဉ် - ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအမှုအမျိုးအစား - အွန်လိုင်းနည်းပညာဆိုင်ရာအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း- Executive Management Teamတွေ့ရှိချက်များ(က) တိုင်ကြားခံရသူသည် တိုင်ကြားသူအား ကျားဖြန့်ဟူသောခေါင်းစဉ်ဖြင့် online ပေါ်တွင် postတင်ရေးသားခဲ့ကာ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် တိုက်ခိုက်နေကြသည်။ ထိုတွင် သိန်း ၃၀၀ လိမ်လည်ခဲ့သည်ဟူသောစွပ်စွဲချက်လည်း ပါဝင်သည်။ တိုင်ကြားသူသည် သိန်း ၃၀၀ လိမ်လည်ခဲ့ခြင်းမဟုတ်သည်ကို သက်သေပြနိုင်သော်လည်း အခြားသောငွေကြေးဆိုင်ရာအရှုပ်အရှင်းများစွာ ထိုကိစ္စထဲတွင်ပါဝင်နေလေသည်။ဆောင်ရွက်ချက်များ(က) တိုင်ကြားလာသူနှင့် Shield Women Organization အဖွဲ့မှ Case & Documentation Management Team တို့ Zoom Meeting ဖြင့် ချိတ်ဆက်တွေ့ဆုံပြီး တိုင်ကြားမှု နှင့်ပတ်သတ်သည့် သက်သေခံအချက်အလက်များ ကောက်ယူခြင်း၊ စနစ်တကျ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။(ခ) Shield Women Organization အနေဖြင့် တိုင်ကြားလာသော ဖြစ်စဥ်အပေါ် လိုအပ်သော အတည်ပြုစစ်ဆေး သုံးသပ်နေစဥ်ကာလအတွင်း တိုင်ကြားသူဘက်မှ အဖွဲ့အစည်း၏ မူဝါဒအရ တင်းကြပ်ချမှတ်ထားသော စည်းကမ်းများအား ချိုးဖောက်မှုတစ်ခုကို တွေ့ရှိခဲ့ရပါသည်။(ဂ) Shield Women Organization မှ Executive Management Team ၏ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း စီစစ်သတ်မှတ်ဆုံးဖြတ်ချက်အရ ဆက်လက်ကိုင်တွယ် ဆောင်ရွက်ခြင်းမပြုတော့ဘဲ သက်ဆိုင်ရာလုပ်ငန်းစဉ်များအားလုံးကို တရားဝင်အပြီးသတ် ရပ်ဆိုင်း လိုက်ကြောင်း တိုင်ကြားသူအပါအဝင် ထိုအမှုနှင့်ပတ်သက်ဆက်နွယ်သူ/ သက်ဆိုင်သူ အားလုံးထံ အကြောင်းကြား၍အမှုအား ပိတ်သိမ်းခဲ့ပါသည်။________၅။ ထူးခြားတွေ့ရှိချက်များ၁) ယခုကာလအတွင်း အမှန်တကယ်နစ်နာသူများ၏ လျှို့ဝှက်မှု၊ တရားမျှတမှုနှင့် အခြေခံလိုအပ်ချက်များသည် အထူးအရေးကြီးသကဲ့သို့ အလားတူစွာ ကျွန်ုပ်တို့ အဖွဲ့အစည်းနှင့် လုပ်ကိုင်နေသော စေတနာ့အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများ၏ ဒေတာအချက်အလက်လျှို့ဝှက်မှု၊ လုံခြုံမှုနှင့် အန္တရာယ်များသည်လည်း အရေးကြီး၍ အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်လာခြင်း။၂) မိမိသဘော ဆန္ဒအရ တရားမျှတမှု ရှာဖွေရန် ဆောင်ရွက်မှုများအား ရပ်တန့်ပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားရန် အမှုများ များပြားလာခြင်း။၃) အမှုမှန်ပေါ်ပေါက်ရန် ပူးပေါင်းလုပ်ဆောင်ခြင်းများတွင် စိန်ခေါ်မှုများပိုမိုများပြားလာခြင်း၊ တိုင်ကြားသူများ၊ အမှန်တကယ်နစ်နာသူများ၏ လုံခြုံရေးအန္တရာယ်မြင့်တက်လာခြင်း။၄) ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ၊ဂျဲန်ဒါအခြေပြုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှုန်းများ မြင့်တက်လျက်ရှိခြင်း။၅) အကြမ်းဖက်မှုဟူသည် မည့်သည့် ဂျဲန်ဒါမှမဆို၊ မည်သည့် အစုအဖွဲ့အစည်းမှမဆို ကျူးလွန်ပါက အကြမ်းဖက်မှုမြောက်ခြင်း။၆) မည်သည့် အကြမ်းဖက်မှုမဆို ကျူးလွန်ခံရသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုပါ အလိုအလျောက် ခံစားရခြင်း။၇) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ခိုင်လုံသော သက်သေစုဆောင်းခြင်းဖြစ်စဉ်သည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ခြင်း။၈) တိုင်ကြားသူများ၏ အမှုဖြေရှင်းရာတွင် မိသားစု၏ပံ့ပိုးမှု မရရှိခြင်းနှင့် လုံခြုံရေးအန္တရာယ်မြင့် တက်ခြင်းတို့ကြောင့် ကျူးလွန်သူများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ပိုမိုများပြားလာခြင်း။၉) တရားမျှတမှုရရှိစေရန် လုပ်ဆောင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ချိတ်ဆက်ဆောင် ရွက်မှုများ၊ ပူးပေါင်းပါဝင်မှုများ အားကောင်းလာခြင်း။၁၀) ချိုးဖောက်ကျူးလွန်မှု မဟုတ်သော လူမှုရေးဆိုင်ရာ အမှုကိစ္စများပါ တိုင်ကြားအကူအညီ တောင်းခံမှုများ ပါဝင်လာခြင်း။၁၁) ရှိ/ Shield အမျိုးသမီးအဖွဲ့စည်းတွင် နစ်နာသူများကိုယ်တိုင် Volunteer အဖြစ် အသစ်ပူးပေါင်းပါဝင် အားဖြည့်လာခြင်း။၁၂) အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ကာယကံရှင်မိဘများကြား ပြုမူဆက်ဆံပုံများသည် အတူနေသား သမီးများအပေါ် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်စေခြင်း။________၆။ အတူတကွဆောင်ရွက်ရန် အချက်များ၁) ယခုကာလအတွင်း အမှန်တကယ်နစ်နာသူများ၏ လျှို့ဝှက်မှု၊ တရားမျှတမှုနှင့် အခြေခံလိုအပ်ချက်များသည် အထူးအရေးကြီးသကဲ့သို့ သေချာစွာ ထိန်းသိမ်းဆောင်ရွက်ကြမည်ဖြစ်ပြီး အလားတူစွာ ကျွန်ုပ်တို့သည် အဖွဲ့အစည်းနှင့် လုပ်ကိုင်နေသော စေတနာ့အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများ၏ ဒေတာအချက်အလက်လျှို့ဝှက်မှု၊ လုံခြုံမှုနှင့် အန္တရာယ်များကိုလည်း သေချာစွာထိန်းသိမ်းဆောင်ရွက်ကြရန်။၂) မည့်သည့် ဂျဲန်ဒါ၊ မည်သည့်အစုအဖွဲ့အစည်းမဆို အကြမ်းဖက်မှု ကျူးလွန်ခြင်းများအား ရှောင်ကြဉ်ရန်။၃) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ပေးကြရန်။၄) တရားမျှတမှု ရှာဖွေလိုသော ချိုးဖောက်ခံရသူများ အနေဖြင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်း၊ ရုပ် ပိုင်းဆိုင်ရာ အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်ပြီး အဆုံးထိ ရပ်တည်ရင်ဆိုင်ကြရန်။၅) ရှိ/ Shield အမျိုးသမီးအဖွဲ့ထံသို့ လာရောက်ဆက်သွယ်အကူညီတောင်းခံကြသော တိုင်ကြားသူနှင့် တိုင်ကြားခံရသူများသည် အဖွဲ့မှချမှတ်ထားသော မူဝါဒများနှင့် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား အထူးအလေးထား၍ ပူးပေါင်းလိုက်နာပေးရန်။___________၇။ မတ်လတစ်လတာအတွင်း အသစ်တိုင်ကြားသောအမှု - ၄ မှု***(၁) အမှုနံပါတ် - Case - 0082အမှုတိုင်ကြားလာသည့် ရက်စွဲ - ၁. ၃. ၂၀၂၆အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - အိမ်တွင်းအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူအားတိုက်ရိုက်ချိတ်ဆက်ခဲ့ပြီး လိုအပ်သော မှတ်တမ်းတင်ခြင်းနှင့် အတည်ပြုခြင်း ဆက်လက်ဆောင်ရွက်နေဆဲ ***(၂) အမှုနံပါတ် - Case – 0083အမှုတိုင်ကြားလာသည့် ရက်စွဲ - ၅. ၃. ၂၀၂၆အမှုတိုင်ကြားလာသည့် ခေါင်းစဥ်- လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှု အဆင့်- တိုင်ကြားသူနှင့် တိုက်ရိုက်ချိတ်ဆက်မှတ်တမ်းတင်နေဆဲ***(၃) အမှုနံပါတ် - Case - 0084အမှုတိုင်ကြားလာသည့် ရက်စွဲ- ၆. ၃. ၂၀၂၆အမှုတိုင်ကြားလာသည့် ခေါင်းစဥ်- လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှု အဆင့်- တိုင်ကြားသူနှင့် ချိတ်ဆက်နေဆဲ***(၄) အမှုနံပါတ် - Case-0085အမှုတိုင်ကြားလာသည့် ရက်စွဲ- ၂၇. ၃. ၂၀၂၆အမှုတိုင်ကြားလာသည့် ခေါင်းစဥ်- ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှု အဆင့်- တိုင်ကြားသူနှင့် ချိတ်ဆက်ပြီး၊ဆက်လက်ဆောင်ရွက်နေဆဲ__________၈။ နိဂုံးချုပ်အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ ဇန်နဝါရီလအတွင်း လက်ခံဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များနှင့် သက်သေအထောက်အထားများအား လုံခြုံစွာထိန်းသိမ်းလျက် အမှန်တကယ် နစ်နာသူများအား ပြန်လည်ကုစားခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သာတူညီမျှသော တန်းတူညီမျှသော အခွင့်အရေးများ ပြန်လည်ရရှိရန် အဘက်ဘက်မှ ကြိုးစားလျက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ ထိုအမှုများ ဖြေရှင်းဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့ (Shield Women Organization)+66 6 269 323 37contact@shieldwomen.orgကျေးဇူးတင်လျှက်(Case and Documentation Management Team)

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။