" မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့် ပြည်သူများအား သောက်သုံးရေ ပံ့ပိုးကူညီမှု " Day - 3

SHIELD Apr 10, 2026 1 views 2 min read
Share:
+2
ယခင်သတင်း
" မင်းကွန်းဒေသ ငလျင်ဒဏ်သင့် ပြည်သူများအား ပံ့ပိုးကူညီမှု "
နောက်ထပ်သတင်း
" အင်းလေးဒေသမှ ငလျင်ဒဏ်သင့် ပြည်သူများအား ပံ့ပိုးကူညီမှု "
" မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့် ပြည်သူများအား သောက်သုံးရေ ပံ့ပိုးကူညီမှု " Day - 3ရှိ/ Shield Women Organization နှင့် Nakatsu မိသားစုတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီဖေးမမည့် အစီအစဉ် မှ အမရပူရမြို့ ပွဲတော်ကျန်တန်းရပ်နှင့် တိုးချဲ ၃ ပုလွေတန်းများမှ ငလျင်ဒဏ်ခံစားခဲ့ရသော မိဘပြည်သူများထံသို့ ယနေ့ ဧပြီလ ၆ ရက်၊ ၂၀၂၅ တွင် တတိယနေ့အနေဖြင့် မြန်မာငွေကျပ် သိန်း (၂၀) အသုံးပြုကာ သောက်သုံးရေအလှူအဖြစ် ဝေမျှကူညီပေးခဲ့ပါသည်။ရှိ/ Shield Women Organization နှင့် Nakatsu မိသားစုမှတဆင့် လှူဒါန်းကူညီပေးခဲ့သော အလှူရှင်များနှင့် အဖွဲ့ကိုယ်စား မြေပြင်တွင် သွားရောက်ကူညီလှူဒါန်းပေးပါသော ဦးမျိုးညွှန့် + ဒေါ်အားညီ (JT ပိုးထည်နှင့် တိုက်ပုံ) တို့အားလည်း မိဘပြည်သူများကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်း ယခု Post မှ မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါရစေ။

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။