ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်
SHIELD
Apr 10, 2026
1 views
3 min read
ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်၊ မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာကိုဗဟိုပြုလျက် ရစ်ချက်တာစကေး ၇.၇ ပြင်းအားအဆင့်ရှိသော အင်အားပြင်းငလျင်တစ်ခု ဖြစ်ပွါးခဲ့ပါသည်။ ဤသဘာဝဘေးအန္တရာယ်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ ကျောက်ဆည်နှင့် တောင်ငူမြို့များ အပါအဝင် အခြားသော မြို့များတွင်လည်း လူအများအပြား ထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်ဆုံးရှုံးမှုများနှင့် အိုးအိမ်၊ တိုက်တာ အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။၎င်းဖြစ်ရပ်ဆိုးနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် ထိုနစ်နာဆုံးရှုံးမှု့များအတွက် နက်ရှိုင်းစွာ ဝမ်းနည်းကြောင်း ထုတ်ပြန်အပ်ပါသည်။ ဘေးသင့်ပြည်သူများ၏ နာကျင်မှုများကို မျှဝေခံစားလျှက် လိုအပ်နေသော ရှေးဦးအကူအညီများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရန် အသင့်ရှိကြောင်းကိုလည်း အသိပေးအပ်ပါသည်။ကျွန်ုပ်တို့ ရှိ/ Sheild အဖွဲ့မှ မြန်မာငွေကျပ် ဆယ်သိန်း (၁,၀၀၀,၀၀၀ ကျပ်) တိတိကို 33 Society အဖွဲ့မှ ဆောင်ရွက်နေသည့် ငလျင်ဘေးဒဏ်ခံစားရသူများ၊ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုများအတွက် စာနာစိတ်ဖြင့် ဝိုင်းဝန်းကူညီရန် (၂၀၂၅ ခုနှစ်၊ မတ်လ (၂၉) ရက်) နေ့တွင် လှူဒါန်းပေးအပ်ခဲ့ပါသည်။ဤကဲ့သို့ သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရာတွင် “သဘာဝ ဘေးဒဏ်သည် လူမျိုးဘာသာမရွေး၊ ရင်ဆိုင်ကြုံတွေ့ရသည့် မထင်မှတ်ထားသာ ဖြစ်ရပ်ဆိုးဖြစ်သည့်အတွက် လူသားချင်းစာနာမှုဖြင့် အတူရပ်တည် ကူညီကြရန်လည်းလှုံ့ဆော်တိုက်တွန်းအပ်ပါသည်။ ရှိ/Shield အမျိုးသမီးအဖွဲ့
မှတ်ချက် မရှိသေးပါ။