ရှိ/ Shield အမျိုးသမီးအဖွဲ့ ငွေစာရင်းရှင်းတမ်း
SHIELD
Apr 10, 2026
1 views
5 min read
ရှိ/ Shield အမျိုးသမီးအဖွဲ့ငွေစာရင်းရှင်းတမ်းရက်စွဲ : ၀၅ ဖေဖော်ဝါရီ ၂၀၂၅။ရှိ/ အမျိုးသမီးအဖွဲ့ ၏ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီတစ်လတာ ဘဏ္ဍာရေးရှင်းတမ်းနှင့် ပံ့ပိုးသူများစာရင်းတို့အား ဖော်ပြအပ်ပါသည်။၁။ ရည်ရွယ်ချက်ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပံ့ပိုးကူညီသူများ၊ အဖွဲ့ဝင်များနှင့် အများပြည်သူတို့အား ငွေကြေးအသုံးစရိတ်များကို ရှင်းလင်းစွာ သိရှိနိုင်စေရန် ဤငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်လိုက်ပါသည်။၂။ ငွေစာရင်းအကျဉ်း• စုစုပေါင်းဝင်ငွေ : 2,609,353 MMK- 1,820,000 MMK- 3,500 THB (3500 x 131.18 = 459,130 MMK)- 100 SGD (100 x 3302.23 = 330,223 MMK)(ငွေလဲနှုန်းများမှာ ဖေဖော်ဝါရီလကုန်ရက်၏ လဲနှုန်းများဖြစ်သောကြောင့် အပြောင်းအလဲရှိနိုင်ပါသည်)• စုစုပေါင်းအသုံးစရိတ် : 28,000 MMK• လက်ရှိငွေလက်ကျန် : 2,581,353 MMK၃။ ဝင်ငွေအသေးစိတ် • အလှူငွေများ : 1,820,000 MMk, 3,500 THB, 100 SGD၄။ အသုံးစရိတ်အသေးစိတ်• အသုံးစရိတ်များ : 28,000 MMK (အဖွဲ့အတွင်း လိုအပ်သော Technical support အသုံးစရိတ်ဖြစ်ပါသည်)၅။ မှတ်ချက်များ(က) လစဉ် (၅)ရက်နေ့တိုင်းတွင် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ တစ်လတာ ငွေကြေးရှင်းတမ်းနှင့် ပံ့ပိုးသူများစာရင်းကို ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။(ခ) လက်ရှိတွင် ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်ရန် အသုံးစရိတ်များကို ကူညီအားဖြည့်ပေးသော တစ်သီးပုဂ္ဂလ ပြည်သူနှင့် အဖွဲ့ဝင်များထံမှရရှိသော ငွေကြေးများအား အဖွဲအစည်း၏ ဆောင်ရွက်နေမှုများဖြစ်သော- နစ်နာသူများကို အရေးပေါ်အခြေနေတွင် သွားရောက်ခေါ်ဆောင်ပေးခြင်း၊ ခိုလှုံနိုင်ရန် ဘေးကင်းလုံခြုံရာ နေရာများစီစဉ်ပေးခြင်း- သက်ဆိုင်ရာ နယ်မြေအာဏာပိုင်များထံသို့ သွားရောက်တွေ့ဆုံ တိုင်ကြားနိုင်ရန် ကူညီပေးခြင်း တိုင်တန်းမှု၊ တရားစွဲဆိုမှုများလိုအပ်လာပါက ဥပဒေရေးရာ အကြံပြုပံ့ပိုးပေးခြင်း- စိတ်ပိုင်းဆိုင်ရာ ထိရှနာကျင်မှုများ ပြန်လည်သက်သာလာနိုင်စေရန် ကူညီပေးခြင်း- ကိုယ်တိုင်ပြန်လည်ရပ်တည် လာနိုင်စေရန် ပံ့ပိုးမှုများ လမ်းညွှန်မှုများပေးခြင်း စသည့်ဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် သုံးစွဲပါသည်။(ဂ) Shield အမျိုးသမီးအဖွဲ့ Members များအနေဖြင့်လည်း အဖွဲ့အစည်း၏ ဘဏ္ဍာရေးမှတ်တမ်းများကို Finance Team ထံသို့ အချိန်မရွေး တောင်းယူကြည့်ရှုနိုင်ပါသည်။ • ရှိ/Shield အမျိုးသမီးအဖွဲ့သည် အကျိုးအမြတ်မယူသော သီးခြားရပ်တည်သည့် အဖွဲ့ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုများအတွက် အဖွဲ့ဝင်များနှင့် သီးခြားလွတ်လပ်သော ပြည်သူများ၏ ပံ့ပိုးမှုဖြင့်သာ ရပ်တည်နေသော အဖွဲ့ဖြစ်ပါသည်။ဆက်သွယ်ရန်ရှိ/Shield အမျိုးသမီးအဖွဲ
+666-2693-2337
shield.org28@gmail.com ကျေးဇူးတင်လျှက်(Finance Team )ရှိ/Shield အမျိုးသမီးအဖွဲ့
မှတ်ချက် မရှိသေးပါ။