"ရှိ/Shield အမျိုးသမီးအဖွဲ့သို့ နစ်နာမှုတိုင်တန်းခြင်းနှင့် မှတ်တမ်းထားရှိခြင်း

SHIELD Apr 10, 2026 2 views 7 min read
Share:
နောက်ထပ်သတင်း
“အရေးပေါ်ကူညီမှု ထုတ်ပြန်ကြေညာချက်”
"ရှိ/Shield အမျိုးသမီးအဖွဲ့သို့ နစ်နာမှုတိုင်တန်းခြင်းနှင့် မှတ်တမ်းထားရှိခြင်းအလေးအနက်ထားစွာဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများအား နစ်နာစေသော အမျိုးမျိုးသော အကြမ်းဖက်မှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် မတရားမှုများကို ရင်ဆိုင်နေရပါသည်။ ထိုသို့သော အခြေအနေများတွင် ရှိ/ Shield အမျိုးသမီးအဖွဲ့သည် အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်ပေးရန်၊ နစ်နာမှုများကို တိုင်တန်းနိုင်ရန်နှင့် တရားမျှတမှုရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ရှိ/Shield အမျိုးသမီးအဖွဲ့သည် နစ်နာမှုတိုင်တန်းလိုသူများအတွက် လုံခြုံစိတ်ချရသော ဝန်ဆောင်မှုများကို ပေးစွမ်းလျက်ရှိပြီး၊ တိုင်တန်းသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လျှို့ဝှက်ထားရှိပါသည်။ ထို့အပြင် ဥပဒေရေးရာအကူအညီ၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများနှင့် လိုအပ်သော အရင်းအမြစ်များကို ရယူနိုင်ရန် ကူညီပေးပါသည်။အကယ်၍ သင်သည် သို့မဟုတ် သင့်ပတ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးသည် နစ်နာမှုတစ်စုံတစ်ရာကို ကြုံတွေ့နေရပါက၊ ရှိ/ Shield အမျိုးသမီးအဖွဲ့သို့ ဆက်သွယ်ပြီး တိုင်တန်းနိုင်ပါသည်။ ကျွန်ုပ်တို့သည် သင့်အား လိုအပ်သော အကူအညီနှင့် ပံ့ပိုးမှုများကို ပေးစွမ်းရန် အသင့်ရှိနေပါသည်။ လူကြီးမင်းတို့၏ တိုင်တန်းမှုသည် နစ်နာသူ အခြေပြုဦးစားပေးဖြစ်သည့်အတွက် နစ်နာသူ၏ ဆုံးဖြတ်ချက်အတိုင်း တိုင်တန်းကဏ္ဍ တွင် ...၁။ အဖြေရှာပေးရန် ၂။ သိမ်းဆည်းပေးရန် စသည့် လုပ်ငန်းစဉ် ၂ ခုကို ရွေးချယ်ပေးနိုင်ပါသည်။ ရှိ/Shield အမျိုးသမီးအဖွဲ့သည် အမျိုးသမီးများ၏ အခွင့်အရေးနှင့် လုံခြုံရေးအတွက် ရပ်တည်လျက်ရှိပြီး၊ နစ်နာမှုများကို ဖြေရှင်းရာတွင် သင်တစ်ဦးတည်း မဟုတ်ကြောင်း သိစေလိုပါသည်။ ကျွန်ုပ်တို့နှင့် အတူ ပူးပေါင်းပါဝင်ပြီး တရားမျှတမှုအတွက် လမ်းပြပေးပါ။အောက်ပါ Google Link အား ဖြည့်စွက်တိုင်တန်းနိုင်ပါပြီ။Google Link
ကျေးဇူးတင်စွာဖြင့်ရှိ/Shield အမျိုးသမီးအဖွဲ့ဆက်သွယ်ရန်:ဖုန်း: +66 8 2401 8255 အီးမေးလ်: shield.org28@gmail.comဝက်ဘ်ဆိုဒ်: https://www.facebook.com/share/1BNbFcGP5a/?mibextid=wwXIfrလိပ်စာ: ထိုင်းနိုင်ငံ၊ မဲဆောက်မြို့။IN ENGLISHTo the Shield Women Organization on reporting and documenting abuse:In contemporary culture, women are confronting numerous sorts of abuse, discrimination, and injustice. In such cases, the Shield Women Organization is actively fighting to protect women's rights, denounce violations, and guarantee that justice is served.The Shield Women Organization provides safe and dependable services to those who wish to report abuse, and we maintain confidentiality regarding the personal information of those reporting. We also help people find legal help, psychiatric support, and the resources they need.If you or any woman in your community is being abused, please contact the Shield Women Organization to report it. We are ready to provide the required support and help.Your report will be handled with the victim's decisions as a priority. The reporting process provides two options:To offer a solutionTo secure the evidence.The Shield Women Organization remains committed to preserving women's rights and safety, and we want you to know that you are not alone in addressing these issues. Join our battle for justice.Thank you very much.Shield Women OrganizationContact Information:Phone: +666-2693-2337Email address: shield.org28@gmail.com.Website address: https://www.facebook.com/share/1BNbFcGP5a/?mibextid=wwXIfrAddress: Mae Sot, Thailand.

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။