ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ မေလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုများအား အစီရင်ခံတင်ပြခြင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာ
၁။ ၂၀၂၆ ခုနှစ် မေလ အတွက် အနှစ်ချုပ်
အသစ်တိုင်ကြားသောအမှု - 4 မှု
ဆောင်ရွက်ပြီးစီးသောအမှု - 2 မှု
လက်ရှိဆောင်ရွက်နေဆဲအမှု - 21 မှု
အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - 1 မှု
မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု- မရှိ
တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - 2 မှု
အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - မရှိ
တိုင်ကြားသူ/ တိုင်ကြားခံရသူ နှင့် ဆယ်သွယ်၍ မရသောအမှု - မရှိ
ရပ်နားထားသောအမှု - မရှိ
______
၂။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ အနှစ်ချုပ်
စုစုပေါင်းတိုင်ကြားလာသောအမှု - 92 မှု
ဆောင်ရွက်ပြီးစီးသောအမှု - 29 မှု လက်ရှိဆောင်ရွက်နေဆဲအမှု - 21 မှု
အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - 5 မှု
မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုပ်သိမ်းသွားသည့်အမှု - 17 မှု
အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - 9 မှု
တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - 10 မှု
တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - 1 မှု
ရပ်နားထားသောအမှု - မရှိ
၃။ အမှုများကို ခွဲခြမ်းစိတ်ဖြာခြင်း
Shield Women Organization အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ အမှုစုစုပေါင်း 92 ခု ကို လက်ခံကိုင်တွယ် ကူညီဖြေရှင်းပေးခဲ့ရာတွင် အောက်ပါအတိုင်း သတ်မှတ်ခွဲခြား ထုတ်ဖော်နိုင်ခဲ့ပါသည်။
အိမ်တွင်းအကြမ်းဖက်မှု ( Domestic Violence ) – 26 မှု
အိမ်တွင်းအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင်
ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - 23မှု
စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - 3 မှု
အွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - မရှိ
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Sexual Violence) – 32 မှု
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင်
ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - 18 မှု
စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - 2 မှု
အွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - 12 မှု
ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (Gender-based Violence) - 23 မှု
ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင်
ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - 8 မှု
စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - 7 မှု
အွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - 8 မှု
လူမှုရေးစံနှုန်းဖောက်ဖျက်မှု (Social deviance) – 5 မှု
အဖွဲ့၏ မူဝါဒများနှင့် မကိုက်ညီသဖြင့် လက်ခံဆောင်ရွက်ခြင်း မပြုသောအမှု - 6 မှု
______
၄။ မေလ တစ်လတာအတွင်း ဆောင်ရွက်ပြီးစီးသောအမှုအကျဉ်းချုပ် - 2 မှု
*(၁) အမှုနံပါတ် - Case-0088
အမှုခေါင်းစဉ် - လူမှုရေးစံနှုန်းဖောက်ဖျက်မှု
အမှုအမျိုးအစား - ဖောက်ပြန်မှု
စုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံး
အဓိကတာဝန်ယူကိုင်တွယ်ခြင်း- Executive Management Team and Case & Documentation Management Team
*( ၂) အမှုနံပါတ် - Case 0092
အမှုခေါင်းစဉ် - ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု
အမှုအမျိုးအစား - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
စုံစမ်းဆောင်ရွက်မှုအဆင့် - အခြားမိတ်ဘက်အဖွဲ့ထံသို့လွှဲပြောင်းပေးခဲ့သည်။
တွေ့ရှိချက်များ
မိန်းမနှင့်သမီးအားထားခဲ့ပြီး တာဝန်ထမ်းဆောင်ရာမြေပြင်တွင် နောက်မိန်းမထပ်ယူထားသည်ကို တွေ့ရှိခဲ့ရ သည်။
ဆောင်ရွက်ချက်များ
(က) တိုင်ကြားလာသူနှင့် Shield Women Organization အဖွဲ့မှ Case & Documentation Management Team တို့ ချိတ်ဆက်တွေ့ဆုံပြီး တိုင်ကြားမှု နှင့်ပတ်သက်သည့် သက်သေခံအချက်အလက်များ ကောက်ယူခြင်း၊ စနစ်တကျ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
(ခ) Shield Women Organization အနေဖြင့် တိုင်ကြားလာသော ဖြစ်စဥ်အပေါ် လိုအပ်သော အတည်ပြုစစ်ဆေးမှု များပြုလုပ်ခဲ့ပါသည်။
(ဂ) အခြားမိတ်ဘက်အဖွဲ့ထံသို့ လွှဲပြောင်းရန်လိုအပ်သော အမှုကို လွှဲပြောင်းပေးခဲ့ပါသည်။
၅။ ထူးခြားတွေ့ရှိချက်များ
က) ယခုကာလအတွင်း အမှန်တကယ်နစ်နာသူများ၏ လျှို့ဝှက်မှု၊ တရားမျှတမှုနှင့် အခြေခံလိုအပ်ချက်များသည် အထူး အရေးကြီးသကဲ့သို့ အလားတူစွာ ကျွန်ုပ်တို့ အဖွဲ့အစည်းနှင့် လုပ်ကိုင်နေသော စေတနာ့အလှူရှင်များ၊ စေတနာ့ဝန် ထမ်းများ၏ ဒေတာအချက်အလက်လျှို့ဝှက်မှု၊ လုံခြုံမှုနှင့် အန္တရာယ်များသည်လည်း အရေးကြီး၍ အကြီးမားဆုံးစိန် ခေါ်မှုတစ်ရပ်ဖြစ်လာခြင်း။
ခ) မိမိသဘော ဆန္ဒအရ တရားမျှမှု ရှာဖွေရန် ဆောင်ရွက်မှုများအား ရပ်တန့်ပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားရန် အမှုများ များပြားလာခြင်း။
ဂ) အမှုမှန်ပေါ်ပေါက်ရန် ပူးပေါင်းလုပ်ဆောင်ခြင်းများတွင် စိန်ခေါ်မှုများပိုမိုများပြားလာခြင်း၊ တိုင်ကြားသူများ၊ အမှန်တကယ်နစ်နာသူများ၏ လုံခြုံရေးအန္တရာယ်မြင့်တက်လာခြင်း။
ဃ) ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ၊ဂျဲန်ဒါအခြေပြုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှုန်းများ မြင့်တက်လျက်ရှိခြင်း။
င) အကြမ်းဖက်မှုဟူသည် မည့်သည့် ဂျဲန်ဒါမှမဆို၊ မည်သည့် အစုအဖွဲ့အစည်းမှမဆို ကျူးလွန်ပါက အကြမ်းဖက်မှုမြောက်ခြင်း။
စ) မည်သည့် အကြမ်းဖက်မှုမဆို ကျူးလွန်ခံရသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကိုပါ အလိုအလျောက် ခံစားရခြင်း။
ဆ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ခိုင်လုံသောသက်သေစု ဆောင်းခြင်းဖြစ်စဉ်သည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ခြင်း။
ဇ) တိုင်ကြားသူများ၏ အမှုဖြေရှင်းရာတွင် မိသားစု၏ပံ့ပိုးမှု မရရှိခြင်းနှင့် လုံခြုံရေးအန္တရာယ်မြင့် တက်ခြင်းတို့ကြောင့် ကျူးလွန်သူများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ပိုမိုများပြားလာခြင်း။
ဈ) တရားမျှတမှုရရှိစေရန် လုပ်ဆောင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ချိတ်ဆက်ဆောင် ရွက်မှုများ၊ ပူးပေါင်းပါဝင်မှုများ အားကောင်းလာခြင်း။
ည) ချိုးဖောက်ကျူးလွန်မှု မဟုတ်သော လူမှုရေးဆိုင်ရာ အမှုကိစ္စများပါ တိုင်ကြားအကူအညီ တောင်းခံမှုများ ပါဝင်လာခြင်း။
ဋ) ရှိ/ Shield အမျိုးသမီးအဖွဲ့အစည်းတွင် နစ်နာသူများကိုယ်တိုင် Volunteer အဖြစ် အသစ်ပူးပေါင်း ပါဝင် အားဖြည့်လာခြင်း။
ဌ ) အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်များတွင် ကာယကံရှင်မိဘများကြား ပြုမူဆက်ဆံပုံများသည် အတူနေသား သမီးများအပေါ် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်စေခြင်း။
ဍ) ယခုကာလတွင်တိုင်ကြားသူတချို့သည် ပုဂ္ဂိုလ်ရေး မလိုမုန်းတီးမှုများကိုရှေ့ရှု၍ မဟုတ်မမှန်သော အမှုများတည် ဆောက်၍တိုင်ကြားလာခြင်း ။
______
၆။ အတူတကွဆောင်ရွက်ရန် အချက်များ
က) ယခုကာလအတွင်း အမှန်တကယ်နစ်နာသူများ၏ လျှို့ဝှက်မှု၊ တရားမျှတမှုနှင့် အခြေခံလိုအပ်ချက်များသည် အထူးအရေးကြီးသကဲ့သို့ သေချာစွာ ထိန်းသိမ်းဆောင်ရွက်ကြမည်ဖြစ်ပြီး အလားတူစွာ ကျွန်ုပ်တို့သည် အဖွဲ့အစည်းနှင့် လုပ်ကိုင်နေသော စေတနာ့အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများ၏ ဒေတာအချက်အလက်လျှို့ဝှက်မှု၊ လုံခြုံမှုနှင့် အန္တရာယ်များကိုလည်း သေချာစွာထိန်းသိမ်းဆောင်ရွက်ကြရန်။
ခ) မည့်သည့် ဂျဲန်ဒါ၊ မည်သည့်အစုအဖွဲ့အစည်းမဆို အကြမ်းဖက်မှု ကျူးလွန်ခြင်းများအား ရှောင်ကြဉ်ရန်။
ဂ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ပေးကြရန်။
ဃ) တရားမျှတမှု ရှာဖွေလိုသော ချိုးဖောက်ခံရသူများ အနေဖြင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်း၊ ရုပ် ပိုင်းဆိုင်ရာ အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်ပြီး အဆုံးထိ ရပ်တည်ရင်ဆိုင်ကြရန်။
င ) ရှိ/ Shield အမျိုးသမီးအဖွဲ့ထံသို့ လာရောက်ဆက်သွယ်အကူညီတောင်းခံကြသော တိုင်ကြားသူနှင့် တိုင်ကြားခံ ရသူများသည် အဖွဲ့မှချမှတ်ထားသော သဘောတူညီချက်ပုံစံ (Consent Form) အားအလေးထားဖတ်ရှုပြီး ပူးပေါင်း လိုက်နာပေးရန်။
စ) တော်လှန်ရေးကာလအတွင်း ဖွဲ့စည်းထားရှိသည့်အစိုးရအဖွဲ့နှင့် လက်အောက်ခံအဖွဲ့အစည်းများမှ အမှန်တရားရှာဖွေ
ခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင်ပူးပေါင်းပါဝင်ပေးကြရန်။
ဆ) တော်လှန်ရေးကာလအတွင်း ကျူးလွန်သည့် မည်သည့်အချင်းကိစ္စရပ်များကိုမဆို ဘက်လိုက်မှုမရှိဘဲ နစ်နာသူဘက် မှ ရပ်တည်ပါဝင်ပေးကြရန်။
_________
၇။ မေလတစ်လတာအတွင်း အသစ်တိုင်ကြားသောအမှု - 4 မှု
* (၁) အမှုနံပါတ် - Case-0089
အမှုတိုင်ကြားလာသည့် ရက်စွဲ - 5. 5. 2026
အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
စုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားသူနှင့် တိုက်ရိုက်ချိတ်ဆက်မှတ်တမ်းတင်နေဆဲ
* (၂) အမှုနံပတ် - Case – 0090
အမှုတိုင်ကြားလာသည့် ရက်စွဲ- 7. 5. 2026
အမှုတိုင်ကြားလာသည့် ခေါင်းစဥ်- အိမ်တွင်းအကြမ်းဖက်မှု
စုံစမ်းဆောင်ရွက်မှု အဆင့်- တိုင်ကြားသူနှင့် အဆက်သွယ်ရရန်ချိတ်ဆက်နေဆဲ
* (၃) အမှုနံပတ် - Case- 0091
အမှုတိုင်ကြားလာသည့် ရက်စွဲ- 15. 5. 2026
အမှုတိုင်ကြားလာသည့် ခေါင်းစဥ်- အိမ်တွင်းအကြမ်းဖက်မှု
စုံစမ်းဆောင်ရွက်မှု အဆင့်- တိုင်ကြားခံရသူနှင့် အဆက်သွယ်ရရန်ချိတ်ဆက်နေဆဲ
*(၄) အမှုနံပါတ် - Case – 0092
အမှုတိုင်ကြားလာသည့်ရက်စွဲ - 21. 5. 2026
အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု
စုံစမ်းဆောင်ရွက်မှုအဆင့် - အခြားအဖွဲ့သို့လွှဲပြောင်းပေးခဲ့သည်။
________
၈။ နိဂုံးချုပ်
အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ ဇန်နဝါရီလအတွင်းလက်ခံ ဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များနှင့် သက်သေအထောက်အထားများအား လုံခြုံစွာထိန်းသိမ်းလျက် အမှန်တကယ် နစ်နာသူများအား ပြန်လည်ကုစားခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သာတူညီမျှသော တန်းတူညီမျှသော အခွင့်အရေးများ ပြန်လည်ရရှိရန် အဘက်ဘက်မှ ကြိုးစားလျက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။
ထိုအမှုများဖြေရှင်းဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း ဆီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။
ဆက်သွယ်ရန်
ရှိ/ Shield အမျိုးသမီးအဖွဲ့ (Shield Women Organization)
+66 6 269 323 37
info@shieldwomen.org
ကျေးဇူးတင်လျှက်
(Case and Documentation Management Team)
See less
မှတ်ချက် မရှိသေးပါ။