ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ ဖေဖော်ဝါရီလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း

SHIELD Apr 10, 2026 1 views 20 min read
Share:
ယခင်သတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ ဇန်နဝါရီလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ ဖေဖော်ဝါရီလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း၁။ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ အတွက် အနှစ်ချုပ်အသစ်တိုင်ကြားသောအမှု - ၄ မှု (78, 79, 80, 81))ဆောင်ရွက်ပြီးစီးသောအမှု - ၂ မှု ( 75, 78)လက်ရှိဆောင်ရွက်နေဆဲအမှု - ၁၄ မှု (21,34,39,49,55,63, 67, 69,71,74, 77,79, 80, 81)အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - မရှိမှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု-မရှိ တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိအဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - ၁ မှု (75)တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - မရှိရပ်နားထားသောအမှု - မရှိ________၂။ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှစ၍ အနှစ်ချုပ်စုစုပေါင်း တိုင်ကြားလာသောအမှု - ၈၁ မှုဆောင်ရွက်ပြီးစီးသောအမှု - ၂၅ မှု+ ၁= ၂၆ မှု (1.5.6.9.15.16.20.22,26.29.31.32.33.35.38.40. 44.48.52.57.60,62,64, 70, 76., 78)လက်ရှိဆောင်ရွက်နေဆဲအမှု - ၁၆ မှု (7.14.21.34.39.49.55.63,67,69,71.74, 77, 79, 80, 81)အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - ၄ မှု (10.12.53.56)မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု - ၁၄+၃ = ၁၇ မှု (17.19.24.28.36,41.42.43.45.46.47.50.51.58.65, 68, 73) အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - ၇ +၁ = ၈ မှု (2.3.18.27.30.61, 72,75)တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - ၉+ ၁= ၁၀ မှု (4.8.11.13.23.25.37.54.59. 66)တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိရပ်နားထားသောအမှု - မရှိ________၃။ အမှုများကို ခွဲခြမ်းစိတ်ဖြာခြင်းShield Women Organization အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ အမှုစုစုပေါင်း ၈၁ ခု ကို လက်ခံကိုင်တွယ် ကူညီဖြေရှင်းပေးခဲ့ရာတွင် အောက်ပါအတိုင်း သတ်မှတ်ခွဲခြား ထုတ်ဖော်နိုင်ခဲ့ပါသည်။အိမ်တွင်းအကြမ်းဖက်မှု ( Domestic Violence ) - ၂၁ + ၂ = ၂၃မှု (78, 80)အိမ်တွင်းအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင်ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၁၉ + ၂ = ၂၁ မှု (78, 80)စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - မရှိလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Sexual Violence) - ၃၀ မှုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင်ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၁၆ + ၁ = ၁၇ မှု (75)စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၁၀+ ၁ = ၁၁ မှု(74)ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (Gender-based Violence) - ၁၈ +၂ = ၂၀ မှု(79, 81)ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင်ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၄ + ၁ = ၅မှု (79)စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၅+ ၁ = ၆ မှု (81)အွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၆+ ၂ = ၈ မှု လူမှုရေးဖောက်ပြန်မှု (Social deviance) - ၁ +၁ = ၂ မှုအဖွဲ့၏ မူဝါဒများနှင့် မကိုက်ညီသဖြင့် လက်ခံဆောင်ရွက်ခြင်း မပြုသော အမှု - ၅+၁ = ၆ မှု________၄။ဖေဖော်ဝါရီလတစ်လတာအတွင်း ဆောင်ရွက်ပြီးစီးသောအမှုအကျဉ်းချုပ် - ၂ မှု*(၁) အမှုနံပါတ် - Case-0075အမှုခေါင်းစဉ် - ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအမှုအမျိုးအစား - အွန်လိုင်းနည်းပညာဆိုင်ရာအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း- Case & Documentation Teamတွေ့ရှိချက်များ(က) ၁၀.၁.၂၀၂၆ ရက်နေ့တွင် ပြည်တွင်းရှိ အမျိုးသားတစ်ဦးမှ သူ၏အမျိုးသမီးဖြစ်သူနှင့်ပတ်သတ်၍ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရ​သည်ဟူသော ယူဆချက်အရ သက်ဆိုင်ရာ တာဝန်ရှိသော အစုအဖွဲ့များထံ ဆက်သွယ်၍ မေးမြန်းမှုတွင် တာဝန်ရှိသော အစုအဖွဲ့မှ အလေးမထားဘဲ မသိကျိုးကျွံပြုနေသည်အပေါ် တရားမျှတမှု ရရှိရန် ကူညီဖြေရှင်းပေးရန် တရားဝင် တိုင်ကြားမှုပုံစံဖြင့် တိုင်ကြားခဲ့ပါသည်။ဆောင်ရွက်ချက်များ(က)၁၂.၁.၂၀၂၆ ရက်နေ့တွင် တိုင်ကြားလာသူနှင့် Shield Women Organization အဖွဲ့မှ Case&Documentation Team တို့ Zoom Meeting ဖြင့် ချိတ်ဆက်တွေ့ဆုံပြီး တိုင်ကြားမှုနှင့်ပတ်သတ်သည့် သက်သေခံအချက်အလက်များကောက်ယူခြင်း၊စနစ်တကျ မှတ်တမ်းတင်ခြင်းများဆောင်ရွက်ခဲ့ပါသည်။(ခ)Shield Women Organization အနေဖြင့် တိုင်ကြားလာသော ဖြစ်စဥ်အပေါ် လိုအပ်သော အတည်ပြုစစ်ဆေး သုံးသပ်နေစဥ်ကာလအတွင်း ၁၅.၁.၂၀၂၆ ရက်နေ့တွင် တိုင်ကြားသူဘက်မှ စွပ်စွဲတိုင်ကြားထားသည့် အဖွဲ့အစည်းသည် တိုင်ကြားသူအား Public Platform မှ တရားဝင် စာပို့ပြီး မျက်နှာစုံညီဖြေရှင်းရန် တောင်းဆိုလာသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။(ဂ)Shield Women Organization ၏ သုံးသပ်ဆွေးနွေးမှုများအရ တိုင်ကြားသူ မှ အကူအညီတောင်းခံခဲ့သည့် တာဝန်ရှိသူ အဖွဲ့အစည်းမှ အကြောင်းမပြန်ဘဲ မသိကျိုးကျွံပြုနေသည် ဟူသော အခြေအနေသည် ပြောင်းလဲသွားပြီး တိုင်ကြားသူနှင့် တိုင်ကြားခံရသူ အဖွဲ့အစည်း၏ တာဝန်ရှိသူများအကြား တိုက်ရိုက်ချိတ်ဆက်မှု ရှိလာသည့်အပေါ် လိုအပ်သော သက်ဆိုင်ရာ တရားမျှတမှု ယန္တရားနှင့် စည်းမျဥ်းများအတိုင်းသာ ဆက်လက်ဆောင်ရွက်သင့်ကြောင်း အကြံပြုအကြောင်းကြားစာ ပေးပို့၍ အမှုအား ပိတ်သိမ်းခဲ့ပါသည်။*(၂) အမှုနံပါတ် - Case-0078အမှုခေါင်းစဉ် - အိမ်တွင်းအကြမ်းဖက်မှုအမှုအမျိုးအစား - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း- EMT Team + Case and Documentation Teamတွေ့ရှိချက်များ(က)၁၀.၂.၂၀၂၆ ရက်နေ့ ည တွင် မဲဆောက်မြို့ရှိ အမျိုးသမီး တစ်ဦးမှ Shield Women Organization ၏ EMT member တစ်ဦးထံ တိုက်ရိုက်ချိတ်ဆက်၍ သူမ၏ အမျိုးသားဖြစ်သူမှ အိမ်တွင်းအကြမ်းဖက်မှုလုပ်ဆောင်နေကြောင်းနှင့် အရေးအပေါ်အကူအညီလိုအပ်နေကြောင်း video သက်သေများနှင့်တကွ အကူအညီတောင်းခံ တိုင်ကြားခဲ့ပါသည်။ဆောင်ရွက်ချက်များ (က)Shield Women Organization အနေဖြင့်အ ရေးပေါ်တိုင်ကြားမှုအပေါ် မူဝါအတိုင်း အဖွဲ့အတွင်းအရေးပေါ် ဆွေးနွေးညှိနှိုင်းချိတ်ဆက်မှုများဆောင်ရွက်ခဲ့ပြီး Emergency Team နှင့် Case&Documentation အဖွဲ့ဝင်များသည် ဖြစ်စဥ်ဖြစ်ပွားရာနေရာသို့ ညတွင်းချင်းသွားရောက်၍ တိုင်ကြားလာသူအမျိုးသမီးအား ခေါ်ထုတ်ခဲ့ပြီး ခေတ္တလုံခြုံရာ စီစဥ်ပေးခဲ့ပါသည်။(ခ)၁၁.၂.၂၀၂၆ ရက်နေ့တွင် တိုင်ကြားသူအမျိုးသမီးနှင့် Shield Women Organization အဖွဲ့၏ Case&Documentation Team အဖွဲ့ဝင်များ တွေ့ဆုံခဲ့ကြပြီး တရားဝင်တိုင်ကြားမှု ပုံစံဖြည့်သွင်းခြင်း နှင့် စနစ်တကျမှတ်တမ်းတင်ခြင်း ဆောင်ရွက်ခဲ့ပါသည်။(ဂ)မှတ်တမ်းပါ အချက်အလက်များအား အတည်ပြုစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် တိုင်ကြားသူ အမျိုးသမီးသည် တရားမျှတမှုရှာဖွေရန် အခြေအနေတွင် ယခုဖြစ်စဥ်အား မှတ်တမ်းတင် သိမ်းဆည်းပေးရန်နှင့် နောင်တွင် အလားတူဖြစ်စဥ်မျိုး ထပ်မံဖြစ်ပွားလာပါက ကျူးလွန်သူအမျိုးသားအား ထိရောက်စွာအရေးယူပေးပါရန် အတည်ပြု အကူအညီတောင်းခံ၍ အမှုအား ကာယကံရှင် တိုင်ကြားခဲ့သူ၏သဘောထားဆန္ဒအရ မှတ်တမ်းတင်ပိတ်သိမ်းခဲ့ပါသည်။၅။ ထူးခြားတွေ့ရှိချက်များက) မိမိသဘော ဆန္ဒအရ တရားမျှမှု ရှာဖွေရန် ဆောင်ရွက်မှုများအား ရပ်တန့်ပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားရန် အမှုများ များပြားလာခြင်း။ခ) အမှုမှန်ပေါ်ပေါက်ရန် ပူးပေါင်းလုပ်ဆောင်ခြင်းများတွင် စိန်ခေါ်မှုများပိုမိုများပြားလာခြင်း၊ တိုင်ကြားသူများ၊ အမှန်တကယ်နစ်နာသူများ၏ လုံခြုံရေးအန္တရာယ်မြင့်တက်လာခြင်း။ဂ) ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ၊ဂျဲန်ဒါအခြေပြုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှုန်းများ မြင့်တက်လျက်ရှိခြင်း။ဃ) အကြမ်းဖက်မှုဟူသည် မည့်သည့် ဂျဲန်ဒါမှမဆို၊ မည်သည့် အစုအဖွဲ့အစည်းမှမဆို ကျူးလွန်ပါက အကြမ်းဖက်မှုမြောက်ခြင်း။င) မည်သည့် အကြမ်းဖက်မှုမဆို ကျူးလွန်ခံရသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုပါ အလိုအလျောက် ခံစားရခြင်း။စ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ခိုင်လုံသော သက်သေစုဆောင်းခြင်းဖြစ်စဉ်သည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ခြင်း။ဆ) တိုင်ကြားသူများ၏ အမှုဖြေရှင်းရာတွင် မိသားစု၏ပံ့ပိုးမှု မရရှိခြင်းနှင့် လုံခြုံရေးအန္တရာယ်မြင့်တက်ခြင်းတို့ကြောင့် ကျူးလွန်သူများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ပိုမိုများပြားလာခြင်း။ဇ) တရားမျှတမှုရရှိစေရန် လုပ်ဆောင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ချိတ်ဆက်ဆောင်ရွက်မှုများ၊ ပူးပေါင်းပါဝင်မှုများ အားကောင်းလာခြင်း။ဈ) ချိုးဖောက်ကျူးလွန်မှု မဟုတ်သော လူမှုရေးဆိုင်ရာ အမှုကိစ္စများပါ တိုင်ကြားအကူအညီတောင်းခံမှုများ ပါဝင်လာခြင်း။ည) ရှိ/ Shield အမျိုးသမီးအဖွဲ့စည်းတွင် နစ်နာသူများကိုယ်တိုင် Volunteer အဖြစ် အသစ်ပူးပေါင်းပါဝင် အားဖြည့်လာခြင်း။________၆။ အတူတကွဆောင်ရွက်ရန် အချက်များက) မည့်သည့် ဂျဲန်ဒါ၊ မည်သည့်အစုအဖွဲ့အစည်းမဆို အကြမ်းဖက်မှု ကျူးလွန်ခြင်းများအား ရှောင်ကြဉ်ရန်။ခ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ပေးကြရန်။ဂ) တရားမျှတမှု ရှာဖွေလိုသော ချိုးဖောက်ခံရသူများ အနေဖြင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်ပြီး အဆုံးထိ ရပ်တည်ရင်ဆိုင်ကြရန်။___________၇။ ဖေဖော်ဝါရီလတစ်လတာအတွင်း အသစ်တိုင်ကြားသောအမှု - ၄ မှု***(၁) အမှုနံပါတ် - Case-0078အမှုတိုင်ကြားလာသည့် ရက်စွဲ - 11.2.2026အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - အိမ်တွင်းအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံး***(၂)အမှုနံပတ် - Case – 0079အမှုတိုင်ကြားလာသည့် ရက်စွဲ- 16.2.2026အမှုတိုင်ကြားလာသည့် ခေါင်းစဥ်- ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှု အဆင့်- တိုင်ကြားသူနှင့် တိုက်ရိုက်ချိတ်ဆက်နေဆဲ***(၃)အမှုနံပတ် - Case-0080အမှုတိုင်ကြားလာသည့် ရက်စွဲ- 20.2.2026အမှုတိုင်ကြားလာသည့် ခေါင်းစဥ်- အိမ်တွင်းအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှု အဆင့်- တိုင်ကြားသူနှင့် ချိတ်ဆက်ပြီး၊ဆက်လက်ဆောင်ရွက်နေဆဲ***(၄)အမှုနံပတ် - Case-0081အမှုတိုင်ကြားလာသည့် ရက်စွဲ- 26.2.2026အမှုတိုင်ကြားလာသည့် ခေါင်းစဥ်- ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှု အဆင့်- တိုင်ကြားသူနှင့် ချိတ်ဆက်ပြီး၊ဆက်လက်ဆောင်ရွက်နေဆဲ__________၈။ နိဂုံးချုပ်အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ ဇန်နဝါရီလအတွင်း လက်ခံဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များနှင့် သက်သေအထောက်အထားများအား လုံခြုံစွာထိန်းသိမ်းလျက် အမှန်တကယ် နစ်နာသူများအား ပြန်လည်ကုစားခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သာတူညီမျှသော တန်းတူညီမျှသော အခွင့်အရေးများ ပြန်လည်ရရှိရန် အဘက်ဘက်မှ ကြိုးစားလျက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ထိုအမှုများဖြေရှင်းဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့ (Shield Women Organization)+66 6 269 323 37info@shieldwomen.orgကျေးဇူးတင်လျှက်(Case and Documentation Management Team)

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။