"ရှိ/ Shield အမျိုးသမီးအဖွဲ့သို့ နစ်နာမှုများအား တိုင်တန်းခြင်းနှင့် မှတ်တမ်းထားရှိခြင်း"
SHIELD
Apr 10, 2026
2 views
5 min read
"ရှိ/ Shield အမျိုးသမီးအဖွဲ့သို့ နစ်နာမှုများအား တိုင်တန်းခြင်းနှင့် မှတ်တမ်းထားရှိခြင်း"ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းတွင် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် မိမိကိုယ်ကို အမျိုးသမီးကဲ့သို့ ခံယူထားသောသူများအား နစ်နာစေသော အမျိုးမျိုးသော အကြမ်းဖက်မှုများ၊ ခွဲခြားဆက်ဆံမှုများနှင့် မတရားမှုများကို ရင်ဆိုင်နေရပါသည်။ ထိုသို့သော အခြေအနေများတွင် ရှိ/ Shield အမျိုးသမီးအဖွဲ့သည် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် မိမိကိုယ်ကို အမျိုးသမီးကဲ့သို့ ခံယူထားသောသူများ၏ အခွင့်အရေးကို ကာကွယ်ပေးရန်၊ နစ်နာမှုများကို တိုင်တန်းနိုင်ရန်နှင့် တရားမျှတမှုရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ရှိ/ Shield အမျိုးသမီးအဖွဲ့သည် နစ်နာမှုတိုင်တန်းလိုသူများအတွက် လုံခြုံစိတ်ချရသော ဝန်ဆောင်မှုများကို ပေးစွမ်းလျက်ရှိပြီး၊ တိုင်တန်းသူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လျှို့ဝှက်စွာထားရှိပါသည်။ ထို့အပြင် ဥပဒေရေးရာအကူအညီ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများနှင့် လိုအပ်သော အရင်းအမြစ်များကို ရယူနိုင်ရန် ကူညီပေးပါသည်။အကယ်၍ သင်သည် သို့မဟုတ် သင့်ပတ်ဝန်းကျင်ရှိ အမျိုးသမီး၊ မိန်းကလေးငယ် နှင့် မိမိကိုယ်ကို အမျိုးသမီးကဲ့သို့ ခံယူထားသောသူသည် နစ်နာမှုတစ်စုံတစ်ရာကို ကြုံတွေ့ခံစားနေရပါက ရှိ/ Shield အမျိုးသမီးအဖွဲ့သို့ ဆက်သွယ်ပြီး တိုင်တန်းနိုင်ပါသည်။ ကျွန်ုပ်တို့သည် သင့်အား လိုအပ်သော အကူအညီနှင့် ပံ့ပိုးမှုများကို ပေးစွမ်းရန် အသင့်ရှိနေပါသည်။ လူကြီးမင်းတို့၏ တိုင်တန်းမှုသည် နစ်နာသူ အခြေပြုဦးစားပေးဖြစ်သည့်အတွက် နစ်နာသူ၏ ဆုံးဖြတ်ချက်အတိုင်း တိုင်တန်းကဏ္ဍ တွင် ........၁။ အဖြေရှာပေးရန် ၂။ သိမ်းဆည်းပေးရန် စသည့် လုပ်ငန်းစဉ် ၂ ခုကို ရွေးချယ်ပေးနိုင်ပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် မိမိကိုယ်ကို အမျိုးသမီးကဲ့သို့ ခံယူထားသောသူများ၏ အခွင့်အရေးနှင့် လုံခြုံရေးအတွက် ရပ်တည်လျက်ရှိပြီး နစ်နာမှုများကို ဖြေရှင်းရာတွင် သင်တစ်ဦးတည်း မဟုတ်ကြောင်း သိစေလိုပါသည်။ ကျွန်ုပ်တို့နှင့် အတူ ပူးပေါင်းပါဝင်ပြီး တရားမျှတမှုအတွက် လမ်းပြပေးပါ။{မှတ်ချက်}လူကြီးမင်းတို့၏ တိုင်တန်းမှုသည် နစ်နာသူ အခြေပြုဦးစားပေးဖြစ်ပြီး တရားမျှတမှုအတွက် မည့်သည့် Gender မှမဆို တိုင်ကြားနိုင်ပါသည်။အောက်ပါ Google Link အား ဖြည့်စွက်တိုင်တန်းနိုင်ပါပြီ။တိုင်ကြားရန် လင့်ကျေးဇူးတင်စွာဖြင့်ရှိ/ Shield အမျိုးသမီးအဖွဲ့ဆက်သွယ်ရန် ဖုန်း: +66 62 693 2337အီးမေးလ်: contact@shieldwomen.orgဝက်ဘ်ဆိုဒ်: www.shieldwomen.org
မှတ်ချက် မရှိသေးပါ။