လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု/ အကြမ်းဖက်မှုများအပေါ် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ ထုတ်ပြန်ကြေငြာချက်

SHIELD Apr 10, 2026 6 views 10 min read
Share:
ယခင်သတင်း
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု/ အကြမ်းဖက်မှုများအပေါ် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ ထုတ်ပြန်ကြေငြာချက်
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု/ အကြမ်းဖက်မှုများအပေါ် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ ထုတ်ပြန်ကြေငြာချက်နေ့စွဲ ။ ။ ၂၀ ဩဂုတ်လ၊ ၂၀၂၅။ရှိ/ Shield အမျိုးသမီးအဖွဲ့သည် ဇွန်လ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်တွင် အသက်မပြည့်သေးသော မိန်းကလေးတစ်ဦးထံမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခြိမ်းခြောက်ခံနေရကြောင်း တိုင်ကြားစာတစ်စောင် လက်ခံရရှိခဲ့ပါသည်။ တိုင်ကြားစာကို လက်ခံရရှိပြီး ရှိ/Shield အမျိုးသမီးအဖွဲ့အနေဖြင့် ဇူလိုင်လ ၂၀ရက်၊ ၂၀၂၅ ခုနှစ်တွင် နစ်နာသူ (Survivor) နှင့် အွန်လိုင်းမီတင် တွေ့ဆုံပြီး ဖြစ်စဉ်အသေးစိတ်အား မေးမြန်း၍ တရားမျှတမှုရရှိရေး အဖြေရှာရန် လုပ်ငန်းစဉ်များ လုပ်ဆောင်ကာ ဖြစ်စဉ်အား ဘက်ပေါင်းစုံမှ အသေးစိတ်စောင့်ကြည့်လေ့လာခြင်းများ၊ အဖွဲ့ဝင်များဖြင့် ဆွေးနွေးအဖြေရှာခြင်းများ ပြုလုပ်ခဲ့ပြီးသည့်နောက် အောက်ပါအတိုင်း တွေ့ရှိခဲ့သည်။တွေ့ရှိချက်နစ်နာသူ၏ ပြောကြားချက်အရ “ အသက် (၁၈) နှစ်မပြည့်သေးသော နစ်နာသူသည် ကျူးလွန်သူ ဗညားမင်းယု အမည်ရှိ အမျိုးသားနှင့် မေလ ၂၀၂၄ ခုနှစ်တွင် ချစ်ကြိုက်ခဲ့ကြပြီး ချစ်သူသက်တမ်း (၁) နှစ်၀န်းကျင်တွင် ပြင်ပ၌တွေ့ဆုံခဲ့ကြသည်။ ထို့နောက် ကျူးလွန်သူသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ကျောင်းတက်ရန် ထွက်ခွာသွားပြီးနောက် နစ်နာသူသည်လည်း ပညာသင်ကြားရန် မေလ ၂ရက်၊ ၂၀၂၅ ခုနှစ် တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဗညားမင်းယုနှင့် ပြန်လည်ဆုံတွေ့ခဲ့ကြသည်။သူမသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ကျောင်းတက်ရန် မပြောင်းရွှေ့မီ ကျူးလွန်သူနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် (၁) လ ခန့် အတူတူနေထိုင်ခဲ့သည်ဟု သိရှိရသည်။(၁) လတာ အတူနေထိုင်ကြစဉ်ကာလအတွင်း ကျူးလွန်သူမှ ကိုယ်ထိလက်ရောက် ရိုက်နှက်ခြင်း၊ လက်သည်းများကျိုးသည်အထိ လက်ချောင်းများအား ခြေထောက်ဖြင့် နင်းခြင်း၊ စိတ်ဆိုးဒေါသထွက်သည်ဟုဆိုကာ မိန်းကလေးအား ဘောင်းဘီ/ စကတ်စသည်များ မဝတ်ရဘဲ အတွင်းခံဖြင့်သာ အပြင်ထွက်ရန် အနိုင်ကျင့်ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုအပြင် အတူလိင်ဆက်ဆံရန် အကြိမ်များစွာတောင်းဆိုသောကြောင့် နစ်နာသူမှ လိုက်လျောသည့်အချိန်တွင် ကျူးလွန်သူမှ နစ်နာသူအား အရက် (Cocktail) တိုက်ကာ ဆက်ဆံစေခဲ့သည်ကို ဗီဒီယို ရိုက်ယူထားခဲ့သည်။ နစ်နာသူမှ ဖျက်ပေးရန် တောင်းဆိုသောအခါ ဖျက်ပြီးကြောင်း လိမ်ညာပြောဆိုခဲ့ပါသည်။နစ်နာသူမှ ကိုယ်၀န်ရှိနေနိုင်သည့် မသေချာသေးသည့်အခြေအနေတွင်ပင် ကျူးလွန်သူကို ကြိုဆက်သွယ်၍ ကိုယ်ဝန်ရှိနေနိုင်ကြောင်းပြောကြားရာ ကျူးလွန်သူမှ လုံးဝတာ၀န်မယူနိုင်ဟုဆိုကာ ဖျက်ချခိုင်းခဲ့သည်။ နစ်နာသူ ကျန်းမာရေးအခြေအနေကြောင့်အဆက်အသွယ်မပြုလုပ်နိုင်သည့်အခါတွင် တခြားအမျိုးသားများဖြင့် ဖောက်ပြန်သည်ဟု စွပ်စွဲကာ သူမ၏ Tik Tok Account အား တောင်းယူကြည့်ရှူရန်ကြိုးစားသောကြောင့် ပြတ်စဲခဲ့သည်။သိုသော် ကျူးလွန်သူသည် အတူနေခဲ့စဉ် ရိုက်ကူးထားသော ဗီဒီယိုများအား နစ်နာသူ၏ လူမှုအသိုင်းအဝိုင်းတွင် ဖြန့်ဝေခြင်း၊ စစ်ကောင်စီနှင့် ပတ်သက်နေသည့် ကျူးလွန်သူသည် နစ်နာသူနှင့် သူမ၏ မိသားစု လုံခြုံရေးနှင့် အသက်အန္တရာယ်အား ခြိမ်းခြောက်ခြင်းတို့ကို ပြုလုပ်ခဲ့သဖြင့် ကျူးလွန်သူ၏ မိဘများအား တိုင်ကြားခဲ့ရာတွင်လည်း ထိရောက်သော အရေးယူဆောင်ရွက်ပေးမှု မရရှိခဲ့ကြောင်း “ ပြောပြပါသည်။ကျူးလွန်သူ ဗညားမင်းယုသည် Telegram တွင် အမျိုးသမီးများ၏ လိင်အသားပေးဓာတ်ပုံများနှင့် ဗီဒီယိုများအား ငွေကြေးဖြင့် ရောင်းချနေသူတစ်ဦးလည်း ဖြစ်သည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် ကျူးလွန်သူ ဗညားမင်းယုအား ဆက်သွယ်မေးမြန်းရာတွင် “ နစ်နာသူနှင့် ပတ်သက်သော ဓာတ်ပုံနှင့် ဗီဒီယိုများသည် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းသာဖြစ်ပြီး လက်တွေ့ပို့ဆောင်ခဲ့ခြင်း မရှိသေးကြောင်း ငြင်းဆိုသော်လည်း ညစ်ညမ်းဓာတ်ပုံနှင့် ဗီဒီယိုများ ရောင်းချလျှက်ရှိခြင်းအား ငြင်းဆိုခဲ့ခြင်းမရှိပါ။ ကိုယ်တိုင်ရိုက်ယူထားသည်များ မဟုတ်ဘဲ သူများရိုက်ယူဖြန့်ဝေထားပြီး ဒေတာများအား တဆင့် ရောင်းချခြင်းဖြစ်တယ်လို ၀န်ခံခဲ့ပါသည်။ “အနှစ်ချုပ် အထက်ပါ တွေ့ရှိချက်များတွင် ကျူးလွန်သူ ဗညားမင်းယုသည် အသက်မပြည့်သေးသော အမျိုးသမီးငယ်အား ခေါ်ယူပေါင်းသင်းခဲ့ပြီး အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ဒစ်ဂျစ်တယ်အကြမ်းဖက်မှု ကျူးလွန်ရန် အားထုတ်ခြင်း၊ နစ်နာသူနှင့် မိသားစု၏ အသက်အန္တရာယ်အား ခြိမ်းခြောက်ခြင်းတို ပြုလုပ်ခဲ့သည်မှာ ထင်ရှားသည့်အပြင် အမျိုးသမီးများ၏ အရှက်သိက္ခာ ထိပါးစေသော လိင်အသားပေး ဓာတ်ပုံများနှင့် လိင်မှုရေးရာ ဗီဒီယိုများအား အခကြေးငွေယူကာ ဖြန့်ဝေရောင်းစားခြင်းများပြုလုပ်နေကြောင်းတွေ့ရှိရပါသည်။ ကျူးလွန်သူသည် ထိုင်းနိုင်ငံရှိ Dusit Thani Collage တွင် Guest service professional ကို ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလက စတင်တက်ရောက်ခဲ့ပြီး ကျောင်းမပြီးခင် ဇွန်လ ၅ရက် ၂၀၂၅ခုနှစ်မှာပင် မန္တလေးသို့GED တက်ရောက်ရန် ပြန်သွားခဲ့သူဖြစ်ကြောင်း သိရသည်။ဗညားမင်းယု၏ ဆိုးရွားလှသော လုပ်ရပ်များသည်လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်နှင့် ဥပဒေကို စော်ကားရာရောက်ပြီး၊ အမျိုးသမီးများ၏ လုံခြုံရေး၊ ဂုဏ်သိက္ခာနှင့် အခွင့်အရေးများကို ကြီးမားစွာ ထိပါးစေခဲ့သည်။ သူသည် လူ့ကျင့်ဝတ်နှင့် ဥပဒေကို စော်ကားခြင်းသာမက၊ လူသားချင်းစာနာထောက်ထားမှုကိုပါ ပျက်စီးစေသည်။ ထို့ကြောင့် လူမှုအသိုင်းအဝိုင်းအနေဖြင့် ဗညားမင်းယုအား အပြည့်အဝ ပယ်ချကာ လူမှုရေးပြစ်ဒဏ်ပေးအပ်ရန်၊ ဗညားမင်းယု၏ ပုံရိပ်၊ အမည်၊ လုပ်ရပ်များကို သတိပေးစာရင်းတွင် ထည့်သွင်းကာ အများပြည်သူက သတိထား ရှောင်ကြဉ်နိုင်စေရန် ပြုလုပ်ရပါမည်။ရှိ/ Shield အမျိုးသမီးအဖွဲ့သည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အမြတ်ထုတ်မှုနှင့် ခွဲခြားခံရမှုများမှ ကင်းလွတ်သော လူမှုပတ်၀န်းကျင်ကောင်းတစ်ခုအား တည်ဆောက်ရာတွင် အထောက်အကူဖြစ်စေရန် ရပ်တည်လျက်ရှိသည့်အတွက် ယခုဖြစ်စဉ်တွင် နစ်နာသူအမျိုးသမီးနှင့် အတူ ရပ်တည်သွားပြီး နစ်နာသူအမျိုးသမီးများဘက်မှ တရားမျှတမှုရရှိရေးအတွက် ပံ့ပိုးကူညီပေးသွားမည် ဖြစ်သည်။

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။